September 2023

စစ်အာဏာသိမ်း (၉၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၅၆) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၉) AAPP ရဲ့ စက်တင်ဘာ(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၉၅၀)ရက်အတွင်း ပြည်သူ (၄၀၅၆)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၄၀) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၂၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ဒေါ်လာ၊ရွှေနဲ့ဘတ်ဈေးတွေ ပြန်ကျလာပေမယ့် ကုန်ဈေးနှုန်းမကျသေး

မော်လမြိုင်၊ စက်တင်ဘာ(၉) စက်တင်ဘာပထမအပတ်ကစပြီး ပြည်တွင်း ဒေါ်လာ၊ရွှေနဲ့ဘတ်ဈေးတွေ ဆက်တိုက်ကျဆင်းလာပေမယ့် ဈေးနှုန်းအဆမတန် မြင့်တက်နေတဲ့ အခြေခံစားသောက် ကုန်ဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းခြင်း မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုကြောင့် အမေရိကန်တစ်ဒေါ်လာကို ပြင်ပဈေးကွက်မှာ ကျပ် ၃၈၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့ပြီး အခုအခါမှာတော့ ကျပ် ၃၄၀၀ ဝန်းကျင်အထိ…

ဒရုန်းစစ်ဆင်ရေးတွေကြောင့် စစ်အုပ်စုအကြပ်ရိုက်လာ

လွိုင်ကော်၊ စက်တင်ဘာ(၉) မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဌာနချုပ်တပ်ရင်း၊တပ်စခန်းတွေအထိ တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဟင်ဒရုန်းစစ်ဆင်ရေးတွေကြောင့် အထိနာနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေဟာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြိုင် နာမည် ကြီးလာပြီး စစ်အုပ်စုကို အခက်တွေ့စေခဲ့တာပါ။ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းက…

စစ်တပ်ထောက်ခံသူတွေ ဖမ်းဆီးခိုင်းလို့ သထုံမြို့ခံလင်မယား ၂ ဦး ဖမ်းဆီးခံရ

သထုံ၊ စက်တင်ဘာ(၉) မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်နေ ဒေသခံလင်မယား ၂ ဦးကို တယ်လီဂရမ်ချန်နယ်တွေမှာ စစ်တပ်ထောက်ခံသူတွေ ဖမ်းဆီးခိုင်းခဲ့တဲ့အတွက် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က သိမ်ကုန်းရပ်ကွက်နေ အ သက် ၃၁ နှစ်အရွယ် ကိုမင်းဇေယျာချိုနဲ့ အသက် ၃၄…

ထားဝယ်ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ထားဝယ်၊ စက်တင်ဘာ(၉) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဥသြစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့်အတူ တိုက်ပွဲဝင်ဖို့ လူငယ်တွေကို လူကုန်ကူးခဲ့သူ ၁၇ ဦးကို ကျူးဘား ဖမ်းဆီး

ကိဗ်၊ စက်တင်ဘာ(၉) ယူကရိန်းပဋိပက္ခအတွင်း ကျူးဘားလူငယ်တွေကို ရုရှားစစ်တပ်မှာ တာဝန်ထမ်းဖို့ ဆွဲဆောင်ခဲ့တဲ့ လူကုန်ကူးသူ (၁၇) ဦးကို ဖမ်းဆီးထားတယ်လို့ ကျူးဘားအာဏာပိုင်တွေက ပြောပါတယ်။ ကျူးဘားဟာ သူ့ရဲ့မြေပေါ်မှာသာမက ရုရှားနိုင်ငံမှာပါ လုပ်ဆောင်နေတဲ့ ကွန်ရက်ကို ပျက်ပြယ်အောင် ဖြို ဖျက်ဖို့ လုပ်ဆောင်နေကြောင်း အခုသီတင်းပတ်အစောပိုင်းမှာ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်အနေနဲ့ အခုအချိန်အထိ ကျူးလွန်သူ (၁၇)…

ဖိလစ်ပိုင်မှာ စားနပ်ရိက္ခာဖူလှုံဖို့ ဗီယက်နမ်နဲ့ (၅) နှစ်ကြာ ဆန်စပါးတင်သွင်းရေး သဘောတူ

မနီလာ – စက်တင်ဘာ(၉) ဆန်စျေးနှုန်းမြင့်တက်လာချိန်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံခြုံရေးကို သေချာနိုင်စေဖို့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အစိုးရတို့ဟာ (၅)နှစ်စာ ဆန်စပါး ကုန်သွယ်ရေး သဘောတူညီမှုကို ရေးဆွဲနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကြေညာချက်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင် သမ္မတတို့ရဲ့ အာဆီယံထိပ်သီးအစည်းအဝေးပြင်ပတွေ့ဆုံမှုနောက်ဆက်တွဲအဖြစ် ထွက်ပေါ် လာတာပါ။ “ကျွန်ုပ်တို့ ၂ နိုင်ငံအနေဖြင့် ဖိလစ်နိုင်ငံအတွင်းမှာ စားနပ်ရိက္ခာလုံခြုံ‌ရေးကို သေချာစေဖို့…

ဒေလီမှာ G-20 ထိပ်သီးအစည်းအဝေးအတွက် ကန့်သတ်ချက်တွေကြောင့် ကျောင်းနဲ့ စျေးတွေ ပိတ်ထားရ

နယူးဒေလီ – စက်တင်ဘာ(၉) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ G-20 ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေး ဝန်ထမ်း ထောင် ပေါင်းများစွာ ချထားတာကြောင့် ကျောင်းနဲ့ စျေးတာတွေအပါအဝင် သွားလာမှု ကန့်သတ်ထား တာကြောင့် မြို့တော်ဟာ စက်တင်ဘာလ(၈) ရက်နေ့မှာ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၇) ရက်နေ့ညသန်းခေါင်ကစပြီး တရားဝင်ကန့်သတ်မှုတွေ အသက်ဝင်ခဲ့တာ ဖြစ်ကာ (၈) ရက်နေ့ မနက်ပိုင်းမှာ…