September 14, 2023

ခရီးသွားရာသီမှာ ထိုင်းနိုင်ငံကိုလာရောက်မယ့် တရုတ်ခရီးသည်တွေအတွက် ဗီဇာကင်းလွတ် ခွင့်ပြုမယ်

ဘန်ကောက်၊ စက်တင်ဘာ(၁၅) တရုတ်နဲ့ ကာဇက်စတန် နိုင်ငံတို့မှ ခရီးသွားတွေအနေဖြင့် အခုနှစ်အားလပ်ရက်ရာသီမှာ ထိုင်းနိုင်ငံသို့ ဗီဇာကန့်သတ်ချက်မရှိပဲ ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေး ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ ကာဇက်စတန်ခရီးသွားတွေအနေနဲ့ အခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ အထိ ဗီဇာကင်းလွင့်ခွင့်ဖြင့်ထိုင်းနိုင်ငံကို…

မြန်မာစစ်ကောင်စီကို အရေးယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကုလလူ့အခွင့်အရေးကျွမ်းကျင်သူ တောင်းဆို

ဝါရှင်တန် – စက်တင်ဘာ(၁၅) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်က စစ်အာဏာရှင်တွေရဲ့ အဓိကဝင်ငွေဖြစ်တဲ့ နိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် တွမ်အင်ဒရူးစ်ကမြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပ မှာပါ စစ်ကောင်စီရဲ့ ဖိနှိပ်ခံနေရသူတွေအတွက် အနည်းဆုံးလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုထားရှိဖို့ဟာ အမေရိကန်အတွက် အရေးကြီးတယ်လို့ ဆိုခဲ့တာပါ။ အမေရိကန် ကွန်ဂရက်အမတ်ဟောင်းလည်းဖြစ်တဲ့…

ဖိလစ်ပိုင်မှာ လေဆိပ်နဲ့ ရေတပ်စခန်းတွေအဆင့်မြင့်ဖို့ အမေရိကန်ရဲ့အကူအညီရယူမယ်

မနီလာ – စက်တင်ဘာ(၁၅) တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့ ဖိလစ်ပိုင်ဟာ ထိုင်ဝမ်အနီးမှာရှိတဲ့ လေဆိပ်နဲ့ ရေတပ် စခန်းတွေကို အဆင့်မြှင့်တင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူဖို့ ရှိနေပါတယ်။ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ဟာ မြောက်ပိုင်း ကာဂါယန်ခရိုင်ဒေသန္တရမှာရှိတဲ့ ခါမီလို အိုဆိုင်းရပ်စ် ရေတပ်အခြေစိုက်စခန်းမှာရှိတဲ့ ဆိပ်ခံတံတားတည်ဆောက်ဖို့နဲ့ လေယာဉ် ကွင်းပြုပြင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူလိုနေတာဖြစ်ပြီး အဲဒီစခန်းဟာ အမေရိကန် စစ်တပ်…

ပေါင်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ

ပေါင်၊ စက်တင်ဘာ(၁၄) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ရင်းငြိမ်ကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၆၀ ကျော်အရွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း ဦးကျာကြီးဟာ ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်ပိုင်းနေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာစဉ် အမည်မသိသေနတ်နဲ့သမား ၂ ဦးက အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့…

စစ်အာဏာသိမ်း (၉၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၁၄) AAPP ရဲ့ စက်တင်ဘာ(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၉၅၅)ရက်အတွင်း ပြည်သူ (၄၀၇၅)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၆၅) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၃၁၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ကုန်သွယ်ရေးလိုငွေပြဿနာကြောင့် မြန်မာ့စီးပွားရေး အဆိုးဘက်ကိုပိုမိုဦးတည်လာ

မော်လမြိုင်၊ စက်တင်ဘာ(၁၄) စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကုန်သွယ်ရေးကဏ္ဍမှာ လိုငွေဆက်တိုက်မြင့်တက်နေတာကြောင့် မြန်မာ့စီးပွားရေးဟာ အဆိုးဘက်ကို ပိုမိုဦးတည်လာတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်ကဏ္ဍကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၆၀၀ ကျော် ရရှိခဲ့ပေမယ့် သွင်းကုန်ကဏ္ဍမှာတော့ ကန်ဒေါ်လာသန်းပေါင်း ၁၇၃၀၀ ကျော်အထိ ရှိခဲ့တာကြောင့် ကုန်သွယ်ရေးလိုငွေ သန်းပေါင်း ၇၀၀…

မြန်မာစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု မကြုံဖူးလောက်အောင် များပြားလာတယ်လို့ စုံစမ်းရေးအဖွဲ့ပြော

စစ်ကိုင်း၊ စက်တင်ဘာ(၁၄) မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေဟာ မကြုံဖူးလောက်အောင် များပြားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲက အစီရင်ခံစာတင်ပြစဉ် ပြောဆိုခဲ့တာပါ။…

ရေးမှာလက်နက်ကြီးကျလို့ အရပ်သား ၅ ဦး ဒဏ်ရာရ

ရေး၊ စက်တင်ဘာ(၁၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် (၅၉၁) ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့…