September 7, 2023

တရုတ်ဒုဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို သွားရောက်မယ်

တရုတ်နိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လီဂူဈောင် ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ထူထောင်ခြင်းနေ့ အခမ်းအနားကို တက်ရောက်ဖို့ အခုသီတင်းပ တ်နှောင်းပိုင်းမှာ သွားရောက်မယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာဖြစ်တဲ့ KCNA မှာ ဖော်ပြခဲ့ပါတယ်။ ဒီအလည်အပတ်ခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ လုပ်သားပါတီနဲ့ မြောက်ကိုရီးယားအစိုးရမှ တိုက်ရိုက် ဖိတ်ကြားမှုကြောင့် ဖြစ်ပေါ်လာတာလို့ သတင်းအစီရင်ခံမှုထဲမှာ ပြောကြားထား တာပါ။ မြောက်ကိုရီးယားရဲ့ အာဏာရလုပ်သားပါတီကို…

ပညာရေးမှာ GenAI အသုံးပြုမှုဆိုင်ရာ ပဏာမလမ်းညွှန်မှု စည်းမျဉ်းတွေကို ယူနက်စကိုရှာဖွေ နေ

ပါရီ – စက်တင်ဘာ(၈) ယူနက်စကိုဟာ ပညာရေးအတွက်(GenAI) အသုံးပြုခြင်းဆိုင်ရာ ပဏာမ လမ်းညွှန်ချက်ကို စက်တင်ဘာလ(၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ကာကွယ် ဖို့နဲ့ အသုံးပြုသူတွေအတွက် အသက်ကန့်သတ်ချက်ထားရှိတာအပါအဝင် နည်းပညာအသုံးပြုမှု ကိုထိန်းချုပ်ဖို့ အစိုးရအေဂျင်စီတွေကို တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက မိုက်ခရိုဆော့ကကျောထောက်နောက်ခံပြုထားတဲ့ OpenAI ကစတင်ခဲ့တဲ့ AI-chatbot ဖြစ်တဲ့ ChatGPT ဟာ…

မြန်မာ့အရေးပိုမိုဆိုးရွားလာသလို ကမ္ဘာ့ဘဏ္ဍာရေးမှာလည်း အက်ကွဲကြောင်းတွေဖြစ်ပေါ်နေ တယ်လို့ ကုလပြော

ဂျာကာတာ – စက်တင်ဘာ(၈) ကမ္ဘာကြီးရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်တွေမှာ ကြီးမားတဲ့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေ တယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ၊တရုတ်နဲ့အမေရိကန်တို့ရဲ့ထိပ်သီးအစည်း အဝေးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်းမှာ ဘူမိနိုင်ငံရေးတင်းအား၊ ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ရာသီဥတုအပြောင်းအလဲတွေလည်းပါဝင်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ငြိမ်း…

နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်ပြီလို့ NUG ယာယီသမ္မတ ပြော

မော်လမြိုင် – စက်တင်ဘာ(၇) ပြည်သူ့ခုခံတော်လှန်စစ် နှစ်နှစ်အတွင်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခဲ့တဲ့၂ နှစ်ပြည့်မှာ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။ ယာယီသမ္မတ ဒူဝါလရှီးလက ခုခံစစ် နှစ်နှစ်အတွင်း ရန်သူစစ်အုပ်စုအတွက်…

အာဏာရှင် လက်သစ်ခေတ်မှာ အရံဟင်း တစ်ခွက်က ပြည်သူတို့အတွက် အကောင်းဆုံးဟင်းလျာ ဖြစ်လာ

မနက်မိုးလင်းလို့ တစ်နေ့တာ မဖြစ်မနေ စားသောက်ဖို့အတွက် ဈေးထဲကို ဝင်လိုက်တယ်ဆိုတာနဲ့ အရင်ဆုံးကြားရတဲ့ စကားသံတွေကတော့ “အရင်ဈေးနဲ့ မရတော့ဘူး၊ အခုက အကုန်လုံးဈေးတွေ တက်နေပြီး၊ ဈေးလျှော့လို့မရဘူး”ဆိုတဲ့ စကားသံတွေဟာ ဈေးတစ်ခုလုံးမှာ ရှိတဲ့ ဈေးရောင်းသူတွေရဲ့ လက်သုံး စကားလို ဖြစ်နေပါတယ်။ ဈေးထဲမှာတော့ အသားငါး ရောင်းချသူတွေ၊ အသီးအရွက်ရောင်းချသူတွေ၊ ကုန်ခြောက်ကုန်စို ရောင်းချသူတွေနဲ့ စည်ကားနေပေမယ့် ဈေးဝယ်ယူသူတွေကတော့ အရင်လိုများများစားစား…

ဘီးလင်းမှာ စစ်ကောင်စီတပ် တိုက်မိုင်းထိပြီး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ဘီးလင်း၊ စက်တင်ဘာ(၇) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ နေလည် ၁၂ နာရီအချိန်လောက်မှာ စစ်ကောင်စီယာဉ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ တပ်အင်အား ၄၀ နီးပါးပါ စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်ကျေးရွာအနီးမှာ တိုက်မိုင်းထိခဲ့တာပါ။…

ရေးမှာ စစ်တပ်ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀ ဦးကို ငွေတောင်းပြီးပြန်လွှတ်

ရေး၊ စက်တင်ဘာ(၇) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်းကမော့နဲ့ရွာသစ်ကျေးရွာတို့ကနေ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီတပ် ဖမ်းဆီးသွားခဲ့တဲ့ အရပ်သားပြည်သူ ၁၀ ဦးကို ငွေတောင်းပြီး ပြန်လွှတ်ပေးလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ် သံကဒိုက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက်ပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁ ရက်နေ့က ကနင်းကမော့နဲ့ရွာသစ်ကျေးရွာနေ ခြံလုပ်သားတွေနဲ့ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီနောက်…

စစ်အာဏာသိမ်း (၉၄၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၄၇) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၇) AAPP ရဲ့ စက်တင်ဘာ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၇)ရက်အတွင်း ပြည်သူ (၄၀၄၃)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၁၇) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၂၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…