မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို NUG က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်ဆိုပြီး စစ်ကောင်စီအကောင်တုတွေမှာ ဖြန့်ဝေနေတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုပြီး ထုတ်ပြန်ချက်အတုကို ဩဂုတ်လ ၂၈ ရက်နေ့က စတင်ကာ Han nyein oo၊ Saw Ba Maung၊ တပ်ကြပ်ကြီးဖိုးစီ၊ မှိုင်းဝေစတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

အဲဒီထုတ်ပြန်ချက် အတုမှာ NUGမှထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိတာကြောင့် ဗိုလ်နဂါးဉီးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော် MRDAတပ်ကို NUGလက်အောက်ခံအဖွဲ့အစည်းအဖြစ် ထုတ်ပယ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လက်မှတ်ထိုး ထုတ်ပြန်ထားတယ်ဆိုပြီး သတင်းအမှားဖြန့်ဝေနေတာဖြစ်ပါတယ်။

သံလွင်တိုင်းမ်ရဲ့စိစစ်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာလည်း အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ထားခြင်းမရှိသလို ဖော်ပြထားခြင်းမရှိတာကို စိစစ်တွေ့ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ဖေ့ဘုတ်စာမျက်နှာလင့်

https://shorturl.at/psCHX

Public Voice Television PVTV အမျိုးသားညီညွတ်ရေးအစိုးရ၏ ရုပ်သံ သတင်းဌာနက ထုတ်ပြန်ထားတဲ့ သတင်းလင့်

https://shorturl.at/uFHPS

Myanmar pressphoto Agency သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/jCGJS

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို NUG က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်ဆိုပြီး စစ်ကောင်စီအ ကောင်တုတွေမှာ ဖြန့်ဝေနေတဲ့ ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက် ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.