အနောက်နိုင်ငံတွေသာကူညီမယ်ဆိုပါက စစ်ပွဲကာလအတွင်းမှာပင် ရွေးကောက်ပွဲကျင်းပ နိုင်ကြောင်း ယူကရိန်းသမ္မတပြော
ကိဗ်ယက်၊ သြဂုတ်(၂၉) ယူကရိန်းရဲ့ မိတ်ဖက်တွေအနေနဲ့ ကုန်ကျစရိတ်ကိုမျှဝေပြီး ပါလီမန်အမတ်တွေက အတည် ပြုကာ လူတိုင်းမဲ ပေးခွင့်ရှိမယ်ဆိုပါက မဲပေးမှုကို စစ်ပွဲအတွင်းမှာပင်လုပ်နိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောကြား လိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက ယူကရိန်းရဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို ကြေညာဖို့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဇယ်လန်းစကီးက ဩဂုတ်လ (၂၈) ရက်နေ့မှာ ပြောဆိုခဲ့တာပါ။…