ရန်ကုန် – ဩဂုတ်(၂၆)

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံအခြေစိုက် တီမော သံဝန်ထမ်းတွေကို လာမယ့် စက်တင်ဘာလ(၁) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံထဲက ထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက အသိပေးထားပါတယ်။

အခုလို နိုင်ငံထဲက ထွက်ခွာဖို့ အမိန့်ပေးခဲ့တာနဲ့ ပတ်သက်ပြီး တီမောသမ္မတကြီးက သူတို့ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့ တုံ့ပြန်ထားပြီး ဒါဟာမြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တီမောနိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တီမောနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ချက်ကို အထူးလေးစားတယ်လို့လည်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုထားပါတယ်။

အခုလို တီမောနိုင်ငံရဲ့ သံတမန်ဝန်ထမ်းတွေကို မြန်မာနိုင်ငံထဲက ထွက်ခွာခိုင်းတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တီမောနိုင်ငံက ထောက်ခံထားသလို တာဝန်ရှိသူတွေအချင်းချင်းကြား မကြာခဏ တွေ့ဆုံတာ တွေလည်း ရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တီမော သမ္မတနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးတွေ့ဆုံစဉ် Aung Myo Min(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.