တိုင်ပေ – ဩဂုတ်(၂၃) 

ဂျပန်နိုင်ငံ၊ ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့ ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ထုတ်မယ့်အစီအစဉ် ကြောင့် ဂျပန်ရဲ့ နေရာ(၁၀)ခုက ရေထွက်ကုန်တင်သွင်းမှုကို ဟောင်ကောင်က တားမြစ်လိုက် တယ်လို့ အစိုးရဝန်ကြီးတစ်ဦးက ပြောပါတယ်။ 

ဖူကူရှီးမားကပ်ဘေးကျရောက်ပြီး(၁၂)နှစ်အကြာမှာ နျူစက်ရုံရဲ့ အိုလံပစ်ရေကူးကန်(၅၀၀) ကျော်အကျယ်ရှိတဲ့ ရေပမာဏကို ပင်လယ်ထဲ တဖြည်းဖြည်းထုတ်လွှတ်မှုဟာ ဘေးကင်း တယ်လို့ ကုလသမဂ္ဂအဏုမြူအေဂျင်စီက ဆိုထားတာပါ။

ဟောင်ကောင်ရဲ့ ဂျပန်ရေထွက်ကုန်တွေကို တားမြစ်မှုဟာ တောင်ကိုရီးယားနဲ့ တရုတ်တို့ပြီးရင် တတိယမြောက်နိုင်ငံအဖြစ်ပါဝင်လာတာဖြစ်ပါတယ်။ 

“ဟောင်ကောင်အစိုးရသည် ဩဂုတ်လ (၂၄) ရက်မှစ၍ ဂျပန်နိုင်ငံ၏ နေရာ (၁၀) ခုမှ ရေထွက် ပစ္စည်းအားလုံး တင်သွင်းခြင်းကို တားမြစ်သွားမည်” လို့ ဟောင်ကောင် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒဆိုင်ရာ အတွင်းရေးမှူး စီချင်ဝမ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင်ထုတ်ကုန်တွေမှာ “သက်ရှိများ၊၊ အေးခဲထားသောနှင့် အအေးခံထားသော၊ သို့မဟုတ် အခြောက် တစ်နည်းအားဖြင့် ထိန်းသိမ်းထားသော ရေထွက်ပစ္စည်းများ၊ ပင်လယ်ဆားနှင့် ကုန်ကြမ်း သို့မဟုတ် ပြုပြင်ထားသော ပင်လယ်ရေမှော်” စတာတွေပါဝင်တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရရဲ့ ကြီးကြပ်မှုစနစ်ဘယ်လောက်ကောင်းမွန်စွာ အလုပ်လုပ်တယ်ဆိုတဲ့ အခြေအနေ အပေါ်မူတည်ပြီး တားမြစ်မှုအချိန်ကို ကန့်သတ်ထားတာမရှိဘူးလို့ ဟောင်ကောင်ဘက်က ပြောပါတယ်။

ဟောင်ကောင်မှာ ဂျပန်အစားစာဟာ အလွန်ရေပန်းစားပြီး တင်သွင်းလာတဲ့ ပင်လယ်စာထုတ်ကုန် တွေကို အထူးပြုလုပ်ထားတဲ့ ကုန်ခြောက်တွေအပြင် အဆင့်မြင့် အိုမာကာစီစားသောက်ဆိုင်တွေ အထိ ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။​

အဲဒီဆုံးဖြတ်ချက်ဟာ ဂျပန်အစိုးရက ရေစတင်ထုတ်လွှတ်တော့မယ်လို့ ကြေညာပြီးနောက် မြို့တော်ခေါင်းဆောင် ဂျါန်လီက တိုကျိုအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို တာဝန်ယူရမယ်လို့ ဆိုခဲ့ ပါတယ်။ 

“အစားအစာဘေးကင်းလုံခြုံရေးနှင့် သမုဒ္ဒရာဂေဟစနစ်အတွက် ပြုပြင်၍မရသော ရေထုညစ် ညမ်းမှုနှင့် ပျက်စီးဆုံးရှုံးမှုအန္တရာယ်များကို ဂရုမစိုက်ဘဲ အခြားသူများထံ တွန်းပို့တာဟာ တာဝန်မဲ့တဲ့နည်းလမ်းဖြစ်သည်” လို့ ဂျွန်လီက ဩဂုတ်လ (၂၂) ရက်နေ့အစောပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးကလည်း ဂျပန်ရဲ့ ဒေသ (၁၀) ခုက စားသောက်ကုန်အားလုံးကို ပိတ်ပင်သွားမှာဖြစ်တယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။ 

ဟောင်ကောင်မှာရှိတဲ့ ဂျပန်သံတမန်ကိုယ်စားလှယ်တွေကတော့ သွင်းကုန်ကန့်သတ်ချက်တွေကို ဆန့်ကျင်ခဲ့ကြပြီး မကြာခင်ရက်သတ္တပတ်အတွင်း လီနဲ့ အစိုးရထိပ်တန်းအရာရှိတွေ တွေ့ဆုံခဲ့ကြ တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.