နယူးဒေလီ၊ သြဂုတ်(၂၀) 

အိန္ဒိယအစိုးရအနေနဲ့ ယာဉ်တွေကနေ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ဖြတ်တောက်ဖို့ အများပြည်သူ သုံးသယ်ယူပို့ ဆောင်ရေး စနစ်မှာ ရူပီးငွေ ၅၇၆.၁၃ ဘီလီယမ် ရင်းနှီးမြှုပ်နှံမယ်လို့ အတည်ပြုခဲ့ပါတယ်။

 အဲဒီရင်းနီးမြှုပ်နှံမှုမှာ မြို့တွေအတွင်း အသုံးပြုမယ့်လျှပ်စစ်ကား အစီးရေ ၁၀,၀၀၀ တိတိကို ပြေးဆွဲနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်ရေး ဝန်ကြီးက ပြောကြားခဲ့တာပါ။ 

“အထူးသဖြင့် မြို့ကြီးတွေမှာ ဘတ်စ်ကားတွေလို အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးက ပြတ်လပ်မှု ရှိပါတယ်။ ဒီလုပ်ဆောင်ချက်ကလည်း လျှပ်စစ်ဓါတ်အားအသုံးပြုမှုကို မြှင့်တင်နိုင် ပါလိမ့်မယ်” လို့ သူကဆိုပါတယ်။ 

အိန္ဒိယ ဖက်ဒရယ်အစိုးရအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပါဝင်လာနိုင်ဖို့ ရူပီး ၂၀၀ ဘီလီယမ်ကို ကနဦး ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး လူဦးရေ ၃သိန်းမှ ၄ မီလီယမ်အထိရှိတဲ့ မြို့ကြီးတွေအတွက် အထောက်အကူ ဖြစ်စေနိုင်မယ်လို့ သိရပါတယ်။

 အိန္ဒိယအစိုးရရဲ့ အခုအတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် ရာသီဥတုဆိုင်ရာ သံအမတ်နဲ့ အိန္ဒိယ ရဲ့အကြီးစားစက်မှုလုပ်ငန်းများ ဝန်ကြီးတို့တွေ့ဆုံပြီး အိန္ဒိယနိုင်ငံအတွင်း လျှပ်စစ်ဘတ်စ်ကား အစီးရေ ၁၀,၀၀၀ ချထားနိုင်ရေးအတွက် အမေရိကန်မှ ပံ့ပိုးပေးမယ့်ဆွေးနွေးမှုပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ကားရောင်းအားဟာ၁.၄ မီလီယမ်ထက် နှစ်ဆ မြင့်တက်ခဲ့ပြီး နှစ်စဉ်ရောင်းအားအနေနဲ့ အခုနှစ်ကုန်လျှင် ၁၀ မီလီယမ်အထိရောက်ရှိနိုင် ဖို့မျှော်မှန်းထားတယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်က G20 အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

 လျှပ်စစ်ကားတွေဟာ အကျိုးပိုမိုရှိနိုင်တဲ့အတွက် အိန္ဒိယ အစိုးရအနေနဲ့ လုပ်ငန်းဆောင်ရွက် အားကောင်းစေဖို့ အတွက် ထောက်ပံ့မှုတွေပေးအပ်သွားမယ်လို့လည်း သိရပါတယ်။ 

၂၀၁၉ ခုနှစ်အတွင်း ဘတ်စ်ကားစီးရေ ၁.၉ သန်းရှိတဲ့ အိန္ဒိယနိုင်ငံဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ နောက်ထပ် ကားသုံးသန်းခန့် ထပ်တိုးဖို့ လိုအပ်ကြောင်းလည်း လေ့လာမှုတစ်ခု ကထောက်ပြခဲ့တာပါ။

 Ref,BLOOMBERG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.