A handout photo dated February 1, 2023 shows South Korean and U.S. Air Forces conducting a combined air training with South Korean F-35A fighters, US B-1B strategic bombers, and F-22 and F-35B fighters participating in the skies over the West Sea, in South Korea. South Korean Defense Ministry/Handout via REUTERS

ပြုံယမ်း – ဩဂုတ်(၂၀) 

မြောက်ကိုရီးယားရဲ့ အထူးစီးပွားရေးဇုံအတွင်းကို အမေရိကန်ကင်းထောက်လေယာဉ်ရောက်ရှိ လာတဲ့အတွက် စစ်လေယာဉ်တွေ ပျံတက်ခဲ့ရတယ်လို့ မြောက်ကိုရီးယားစစ်ရေးအရာရှိတွေက ဩဂုတ်လ(၁၈) ရက်နေ့မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဟာ စစ်ရေးအရ အန္တရာယ်ရှိတဲ့ ကျူးကျော်မှုဖြစ်ခဲ့သလို မြောက်ကိုရီးယားဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်ရပ်တွေ အတွက်လည်း ဟန့်တားဆောင်ရွက်မယ့် အခြေအနေတွေကို စဉ်စားထားပြီးဖြစ်တယ်လို့  စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုခဲ့တာပါ။

အဲဒီဖြစ်ရပ်ဟာ အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ ကျင်းပမယ့် ထိပ်သီးအစည်း အဝေးမတိုင်ခင် ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေး အေဂျင်စီသတင်းရင်းမြစ်ကို ကိုးကားပြောဆိုရာမှာ မြောက်ကိုရီးယားဟာ(၃) နိုင်ငကြား ကျင်းပမယ့် အစည်းအဝေးကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ဖို့ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်နိုင်ဖို့ ဒါမှမဟုတ် တခြားသော စစ်ရေးလုပ်ဆောင်ချက် တစ်ရပ် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒေသတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာတဲ့ အချိန်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား သဘောတူညီမှုတွေ မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားတဲ့အနေနဲ့ အမေရိကန်သမ္မတ၊တောင်ကိုရီးယားနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လာမယ့် တနင်္လာနေ့ကစပြီး (၁၁) ရက်ကြာမြင့်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.