မော်စကို – ဩဂုတ်(၂၀) 

ရုရှားရဲ့ နျူကလီးယားလက်နက်ဟာ နိုင်ငံကို လုံခြုံရေးခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့က ဩဂုတ်လ(၁၉) ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

“နျူကလီးယားလက်နက်တွေ လက်ဝယ်ပိုင်ဆိုင်ခြင်းဟာ ယနေ့ကျွန်ုပ်တို့နိုင်ငံလုံခြုံရေး၏ သိသာထင်ရှားသော ပြင်ပခြိမ်းခြောက်မှုအချို့အတွက် ဖြစ်သင့်တဲ့တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်ပါတယ်” လို့ နိုင်ငံပိုင်မဂ္ဂဇင်း The International Affairs နဲ့ အင်တာဗျူးမှာ နိုင်ငံခြား ရေးဝန်ကြီးက ပြောခဲ့တာပါ။

ဒါ့အပြင် သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကလည်း ယူကရိိန်းတပ်တွေရဲ့ ရုရှားကိုတန်ပြန် ထိုးစစ်အောင်မြင်ရင် နျူလက်နက်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ဆိုထားပါ တယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရုရှားရဲ့ အိမ်နီးချင်းယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ပိုင်း တဖက်သက်သိမ်းယူခံထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းကို အနောက်မဟာမိတ်အုပ်စုက လက်နက်ခဲယမ်းတွေထောက်ပံ့ပေးနေတာဖြစ်ပါ တယ်။

အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဟာ နျူကလီးယားအင်အားကြီးနိုင်ငံအချင်းချင်း ထိပ်တိုက် တွေ့ဆုံတဲ့ အခြေအနေမှ အဆုံးသတ်နိုင်ခြေရှိတယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါ တယ်။ 

“ဒီလိုအခြေအနေမျိုး တိုးတက်မှုကို တားဆီးသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် စစ်ရေးနဲ့ နိုင်ငံရေးအရ စွန့်စားရမှုတွေရှိနေတာကို သတိပေးကာ ပြိုင်ဘက်တွေကို အလေးအနက်ဆင်ခြင်သင့်တဲ့ အချက်ပြမှုတွေ ပေးပို့ရမှာပါ” လို့ သူကပြောခဲ့ပါတယ်။ 

နေတိုးအကြီးအကဲ ဂျန်စတော့တန်ဘာ့တ်ကတော့ ဒီသီတင်းပတ်မှာ စစ်ရေးမဟာမိတ်အဖွဲ့က ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့တါေအတွက် ပြောင်းလဲမှုတစုံတရာ မတွေ့ခဲ့ရဘူးလို့ ဆိုနေပေ မယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားရဲ့ ဗျူဟာမြောက် နျူကလီးယား လက်နက် အသုံးပြုနေတဲ့ ခြိမ်းခြောက်မှုဟာ အစစ်အမှန်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.