ကျိုက်ထို – ဩဂုတ်(၁၉)

သိမ်ဇရပ်မြို့အနီးမှာရှိတဲ့ တိုးဂိတ်၊ပုဂံဘုရား၊သထုံစု၊ကျောက်ကလပ်၊ပေရှစ်ဆယ်နဲ့ သိမ်ဇရပ်မြို့ အဝင်တို့ကို နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၈) ရက်နေ့မနက်အစောပိုင်းကစပြီး KNU/KNLA၊KRF၊ABSDF၊ဝံပလွေနက် စစ်ကြောင်းအဖွဲ့နဲ့ ကျိုက်ထို(ပ.က.ဖ) တို့ပူးပေါင်းပြီး စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။

စစ်ဆေးရေးလုပ်ငန်းတွေဆောင်ရွက်ချိန်မှာ တက်ကြွပျော်ရွှင်စွာပူးပေါင်းပါဝင်ပေးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကို အစားအသောက်ပစ္စည်းတွေ ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိတယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို မနေ့က နေ့လည် (၁၁) နာရီမှာ ရုတ်သိမ်းခဲ့တယ်လို့ KRF က အသိပေးထားပါတယ်။

ဓာတ်ပုံ – KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.