August 19, 2023

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ်ကားတွေအသုံးပြုနိုင်ဖို့ ရူပီးငွေ ဘီလီယမ် ၅၀၀ ကျော် သုံးမယ်လို့ အိန္ဒိယအစိုးရပြော

နယူးဒေလီ၊ သြဂုတ်(၂၀) အိန္ဒိယအစိုးရအနေနဲ့ ယာဉ်တွေကနေ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ဖြတ်တောက်ဖို့ အများပြည်သူ သုံးသယ်ယူပို့ ဆောင်ရေး စနစ်မှာ ရူပီးငွေ ၅၇၆.၁၃ ဘီလီယမ် ရင်းနှီးမြှုပ်နှံမယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီရင်းနီးမြှုပ်နှံမှုမှာ မြို့တွေအတွင်း အသုံးပြုမယ့်လျှပ်စစ်ကား အစီးရေ ၁၀,၀၀၀ တိတိကို ပြေးဆွဲနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်ရေး ဝန်ကြီးက ပြောကြားခဲ့တာပါ။ “အထူးသဖြင့် မြို့ကြီးတွေမှာ…

နျူလက်နက်ဟာ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက်ဖြစ်တယ်လို့ ရုရှားဆို

မော်စကို – ဩဂုတ်(၂၀) ရုရှားရဲ့ နျူကလီးယားလက်နက်ဟာ နိုင်ငံကို လုံခြုံရေးခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့က ဩဂုတ်လ(၁၉) ရက်နေ့မှာ ပြောခဲ့ပါတယ်။ “နျူကလီးယားလက်နက်တွေ လက်ဝယ်ပိုင်ဆိုင်ခြင်းဟာ ယနေ့ကျွန်ုပ်တို့နိုင်ငံလုံခြုံရေး၏ သိသာထင်ရှားသော ပြင်ပခြိမ်းခြောက်မှုအချို့အတွက် ဖြစ်သင့်တဲ့တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်ပါတယ်” လို့ နိုင်ငံပိုင်မဂ္ဂဇင်း The International Affairs နဲ့ အင်တာဗျူးမှာ နိုင်ငံခြား ရေးဝန်ကြီးက…

အမေရိကန်ကင်းထောက်လေယာဉ် ရောက်လာတဲ့အတွက် မြောက်ကိုရီးယား လေယာဉ်တွေ ပျံတက်

ပြုံယမ်း – ဩဂုတ်(၂၀) မြောက်ကိုရီးယားရဲ့ အထူးစီးပွားရေးဇုံအတွင်းကို အမေရိကန်ကင်းထောက်လေယာဉ်ရောက်ရှိ လာတဲ့အတွက် စစ်လေယာဉ်တွေ ပျံတက်ခဲ့ရတယ်လို့ မြောက်ကိုရီးယားစစ်ရေးအရာရှိတွေက ဩဂုတ်လ(၁၈) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဟာ စစ်ရေးအရ အန္တရာယ်ရှိတဲ့ ကျူးကျော်မှုဖြစ်ခဲ့သလို မြောက်ကိုရီးယားဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်ရပ်တွေ အတွက်လည်း ဟန့်တားဆောင်ရွက်မယ့် အခြေအနေတွေကို စဉ်စားထားပြီးဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာ…

သာသနာညှိုးနွမ်းစေတယ်ဆိုပြီး အသက်(၁၂) နှစ်အရွယ်ကလေးငယ်အပါအဝင် (၁၄) ဦး အမှုဖွင့်ဖမ်းဆီးခံရ

နေပြည်တော် – ဩဂုတ်(၁၉) ဘာမှမျှော်လင့်ပါနဲ့ ဆိုတဲ့ ဇာတ်လမ်းတိုဟာ ဗုဒ္ဓသာသနာတော်ကို ထိခိုက်ညှိိုးနွမ်းစေဖို့ တမင်ဖန်တီးပုံဖော်ထားတဲ့အတွက်ဆိုပြီး အသက်(၁၂) နှစ်အရွယ် ကလေးငယ်အပါအဝင် (၁၄) ဦးကို သာသနာညှိုးနွမ်းစေမှုနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ နိုင်ငံခြားသားဒါရိုက်တာနဲ့ အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် လူ(၁၄)…

ရွှေကျင်ညောင်လေးပင်က နယ်ထိန်းရဲအဖမ်းခံရပြီးနောက် ပြည်သူတွေကို PDF ခြိမ်းခြောက်လို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “NUGရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံ ကိုဒီငြိမ်းလင်းနဲ့အဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်ညောင်လေးပင် လမ်းပိုင်းကပြည်သူတွေကို သတ်ဖြတ်တာ၊ ယာဉ်တွေကို စစ်ဆေးတာတွေ…

ကျိုက်ထိုတော်လှန်ရေး အင်အားစုက နယ်မြေစိုးမိုးရေး စစ်ဆေးရေးလုပ်ငန်းတွေပြုလုပ်

ကျိုက်ထို – ဩဂုတ်(၁၉) သိမ်ဇရပ်မြို့အနီးမှာရှိတဲ့ တိုးဂိတ်၊ပုဂံဘုရား၊သထုံစု၊ကျောက်ကလပ်၊ပေရှစ်ဆယ်နဲ့ သိမ်ဇရပ်မြို့ အဝင်တို့ကို နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၈) ရက်နေ့မနက်အစောပိုင်းကစပြီး KNU/KNLA၊KRF၊ABSDF၊ဝံပလွေနက် စစ်ကြောင်းအဖွဲ့နဲ့ ကျိုက်ထို(ပ.က.ဖ) တို့ပူးပေါင်းပြီး စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။ စစ်ဆေးရေးလုပ်ငန်းတွေဆောင်ရွက်ချိန်မှာ တက်ကြွပျော်ရွှင်စွာပူးပေါင်းပါဝင်ပေးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကို အစားအသောက်ပစ္စည်းတွေ ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ပြည်သူတွေကို…

ခလယ်တံခွန်တိုင်ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ကြာအင်းဆိပ်ကြီး၊ သြဂုတ်(၁၉) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ အထိုင်ချထားတဲ့ ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်က စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေရတဲ့…

စစ်အာဏာသိမ်း (၉၂၉)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၅၉ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၉) AAPP ရဲ့ သြဂုတ်(၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၉)ရက်အတွင်း ပြည်သူ (၃၉၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၅၂ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…