ဘန်ကောက် – ဩဂုတ်(၁၀)
ထိုင်းနိုင်ငံရဲ့ ဘုရင် မဟာဗီဂျာလောင်ကွန်းရဲ့ ဒုတိယမြောက်သားဖြစ်သူဟာ (၂၇) နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။
အသက်(၄၂) နှစ်အရွယ် မစ္စတာ Vacharaesorn Vivacharawongse ရဲ့ခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက ထိုင်းတော်ဝင်မိသားစုဝင် ဘုရင်ကြီးရဲ့ သမီးတော် အကြီးဆုံး နာမကျန်း ဖြစ်နေခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာပါ။
နယူးယောက်မြို့မှာ ဥပဒေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ မစ္စတာ Vacharaesorn ဟာ တော်ဝင်မိသားစုဝင်တွေ ထောက်ပံ့ထားတဲ့ ဆင်းရဲနွမ်းပါးရပ်ကွက်အတွင်းမှာရှိတဲ့ ကလေးသူ ငယ်ဖောင်ဒေးရှင်းကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
“၂၇ နှစ်ကျော်ကြာ အဝေးရောက်နေပြီးမှ ကျွန်ုပ်အခုလို ပြန်ရောက်လာတာ ဝမ်းသာပါတယ်။ ပြန်လာရဖို့ဆိုတဲ့ အိပ်မက်က တကယ်ဖြစ်လာရတဲ့ ပုံစံမျိုးပါ” လို့ မစ္စတာ Vacharaesorn က ပြောခဲ့ပါတယ်။
ဘုရင့်ဒုတိယအကြီးဆုံးသားရဲ့ အလည်အပတ်ခရီးစဉ်အတွက် နန်းတော်က မှတ်ချက်မပေးခဲ့ သလို တော်ဝင်အိမ်တော်ဗျူရိုကလည်း ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်တောင်းခံမှုကို တုံ့ပြန် ဖြေကြားခဲ့တာတော့ မရှိခဲ့ပါဘူး။
လက်ရှိမှာတော့ မစ္စတာ Vacharaesorn ပြန်လည်ရောက်ရှိလာတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသား တွေ အံ့ဩသင့်နေကြတယ်လို့ သိရပါတယ်။
မစ္စတာ Vacharaesorn ဟာ ဘုရင်ဗီဂျရာလောင်ကွန်း အိမ်ရှေ့မင်းသားဘဝမှာ သရဖူဆောင်း မင်းသမီးဖြစ်လာခဲ့တဲ့ ဒုတိယဇနီး ဆူဂျာရီနီ မွေးဖွားတဲ့ သား(၄) ဦးထဲက ဒုတိယသားဖြစ်ပြီး သူတို့ဟာ ၁၉၉၆ ခုနှစ်မှာ ကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
သူငယ်စဉ်အချိန်က ဘုရင်တစ်ပါးရဲ့ မြေးတော်အဆင့်အတန်းကို နည်းလမ်းအရ အပ်နှင်းခံရ ပေမယ့် တရားဝင်တော်ဝင်ဘဲ့တော့ မရခဲ့ဘူးလို့ သိရပါတယ်။
၁၉၉၆ ခုနှစ်မှာ ကွာရှင်းပြတ်စဲပြီးနောက် သူရဲ့မိခင်ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသိရှင် ကြား စွပ်စွဲခံခဲ့ရကာ နိုင်ငံခြားကို ပြောင်းရွှေ့နေထိုင်ခဲ့ရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ မစ္စတာ Vacharaesorn ရဲ့ ညီမဖြစ်သူကို တော်ဝင်မိသားစုက ပြန်လည်လက်ခံခဲ့ ပြီး တော်ဝင်ဘွဲ့တော် Princess Sirivannavari Nariratana ကိုပေးအပ်ခဲ့ကာ သူမဟာ ဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်သလို ၂၀၁၄ အာရှအားကစားပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ မြင်းစီးသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
သုံးကြိမ်အထိ အိမ်ထောင်ရေးကွာရှင်းထားတဲ့ ဘုရင်ဗီဂျရာလောင်ကွန်းမှာ သားသမီး(၇) ဦးအထိရှိပြီး သူဟာ မိဖုရားကြီး Suthida နဲ့လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် နန်းတက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ သူ့ရဲ့ ကိုယ်ရံတော် အကြီးအကဲဟောင်းနဲ့ လက်ထပ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိအသက်(၇၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ထိုင်းဘုရင်ဟာ ထီးနန်းဆက်ခံမယ့်သူကို တရားဝင်ထုတ်ဖော်ပြောဆိုထားတာတော့ မရှိသေးပါဘူး။
Ref:Reuters