ပြုံယမ်း – ဩဂုတ်(၃) 

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အသစ်ဖြစ်တဲ့ မစ္စဂျူလီတမ်နာကို တခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ပြီး သွားပုပ်လေလွင့် ပြောဆိုကာ ကောက်ကျစ်စဉ်းလဲသူဖြစ်တယ်လို့ ပြုံယမ်းအစိုးရက ဝေဖန်လိုက်ပါတယ်။ 

ဒီမိုကရေစီ၊လူ့အခွင့်အရေးနဒ့ အလုပ်သမားဗျူရို အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြား ရေးဌာနရုံး ညွှန်ကြားရေးမှူးဟောင်း တမ်နာကို သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီလက အဲဒီရာထူး အတွက် အဆိုတင်သွင်းပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အထက်လွှတ်တော်က အတည်ပြုခဲ့ တာပါ။

တမ်နာဟာ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သွားပုပ်လေလွင့်ပြောဆိုကာ နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် နှောင့်ယှက်မှုကြောင့် နာမည်ဆိုး ရခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာ ရေးအဖွဲ့လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြတဲ့ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိ သူက ဆိုပါတယ်။ 

“သူမရဲ့ အဓိပ္ပါယ်မဲ့ မှတ်ချက်တွေဟာ လူ့အခွင့်အရေးသဘောတရားကိုတောင် မသိနားမလည် ဘဲ ဒါမှမဟုတ် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို မကျွမ်းကျင်ဘဲ ဝင်ရောက်ကိုင်တွယ်နေတဲ့ အမေရိကန်မှ ဆိုးရွားတဲ့အလေ့အကျင့်ကို ကျင့်သုံးနေတဲ့ လူ့အခွင့် အရေး ချိုးဖောက်သူရဲ့ လုပ်ကြံပြောဆိုမှု သက်သက်ပါပဲ” လို့ သူ့ရဲ့ပြောဆိုချက်ကို KCNA သတင်းဌာက ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် ဒီလိုဆိုးရွားတဲ့ အမျိုးသမီးကို ခန့်အပ်တာဟာ ပြုံယမ်းအပေါ် ဝါရှင်တန်ရဲ့ ရန်လိုသော မူဝါဒကို မီးမောင်းထိုးပြတာဖြစ်ပြီး တရားမျှတမှုကို လက်တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတိပေးခဲ့ပါသေးတယ်။ 

KCNA ကသီးခြားဖော်ပြမှုတစ်ခုမှာတော့ ပြင်သစ်ဟာ တောင်ကိုရီးယားရဲ့ ပူးတွဲလေကြောင်း လေ့ကျင့်မှုပြုလုပ်ဖို့အတွက် တိုက်လေယာဉ်တွေ စေလွှတ်နေတာကြောင့် တင်းမာမှုတွေ မြင့်တက်လာစေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ကိုရီးယားစစ်ပွဲပြီးဆုံးတဲ့ အပစ်အခတ်ရပ်စဲရေးနှစ်(၇၀) ပြည့် အထိမ်းအမှတ်အဖြစ် တောင်ကိုရီးယားနဲ့ ပြင်သစ်လေတပ်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ရဲ့ ပထမဆုံး နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“ဒါဟာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေကို ဖြစ်ပေါ်စေတဲ့ တာဝန်မဲ့လုပ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့အပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒကို အခွင့်ကောင်းယူကာ ကျွန်ုပ်တို့ရဲ့လုံခြုံရေးအကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့ တင်းမာတဲ့ စစ်ရေးလှုံ့ဆော်မှုတစ်ခုပါ” လို့ သုတေသိလို့ ဖော်ပြထားတဲ့ ယူဂျောင်ချိုရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KCNA မှာဖော်ပြ ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.