ပေကျင်း၊ ဇူလိုင်(၃)
မကြာသေးမီရက်များအတွင်း ပေကျင်းမြို့ကို ဆက်တိုက်ထိုးနှက်နေတဲ့ မိုးရွာသွန်းမှုဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း (၁၄၀) ကတည်းက စတင်ခဲ့တဲ့စံချိန်တင်မိုးရွာသွန်းပြီးနောက် အပြင်းထန်ဆုံးဖြစ် တယ်လို့ မြို့တော်ရဲ့ မိုးလေဝသဌာနက သြဂုတ် (၂) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
“ဒီမုန်တိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးမိုးရေချိန်မှာ ချမ်ပင်းရှိ ဝမ်ဂျာယွမ်ရေ လှောင်ကန်နားမှာ မိုးရေချိန် (၇၄၄.၈) မီလီမီတာထိ ရှိခဲ့တယ်” လို့ ပေကျင်းမိုးလေဝသဌာနက ဆိုခဲ့ပြီး ဒီမိုးရေချိန်ဟာနှစ် (၁၄၀) အတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စူပါတိုင်ဖွန်း ဒေါ့ဆူရီမုန်တိုင်းဟာ ဖိလစ်ပိုင်တောင်ပိုင်း ဖူဂျီအန်ပြည်နယ်ကို ဝင်ရောက်တိုက် ခတ်ပြီးတဲ့နောက် လွန်ခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပါ တယ်။
မြို့တော်နဲ့အနီးတစ်ဝိုက်နေရာတွေမှာစနေနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇူလိုင်လတစ်လ လုံးအတွက် ပျမ်းမျှမိုးရေချိန်နီးပါးအထိ ပေကျင်းမှာနာရီ ၄၀ အတွင်း ရွာသွန်းသွားခဲ့တာဖြစ် ပါတယ်။
နိုင်ငံပိုင်ရုပ်သံ CCTV က အင်္ဂါနေ့က ဖော်ပြချက်မှာတော့ မိုးရွာသွန်းမှုကြောင့် ပေကျင်းတွင် လူ (၁၁) ဦး ထက်မနည်းသေဆုံးခဲ့ပြီး သူတို့ထဲကနှစ်ဦးဟာ ကယ်ဆယ်ရေးလုပ်သားတွေဖြစ် ကြောင်းသိရပါတယ်။
လူ ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သော်လည်း နောက်ထပ် ၁၄ ဦးကို ဘေးကင်းစွာ ပြန်လည်တွေ့ရှိ ထား ပြီဖြစ်ကြောင်း သိရပါတယ်။
လူပေါင်း ၈ သိန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတဲ့ အိမ်နီးချင်း ဟာဘီပြည်နယ်မှာ လူကိုးဦးသေဆုံးပြီး (၆) ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
သီတင်းပတ်ကုန်က အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုမှာလည်း နောက်ထပ် အသေအပျောက် နှစ်ဦးကို သတင်းရခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ပျောက်ဆုံးနေသော သို့မဟုတ် ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းကြဖို့ သမ္မတ ရှီကျင်းဖျင်က တိုက်တွန်းခဲ့တာပါ။
တရုတ်နိုင်ငံဟာ အခုနွေရာသီမှာ ရာသီဥတုဖောက်ပြန်မှုနှင့် စံချိန်တင်အပူချိန်တွေ တိုးမြင့်လာနေပြီး ရာသီဥတု ပိုမိုဆိုးရွားလာနေကြောင်း သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ အခုနှစ်ရဲ့ဆဋ္ဌမမြောက် မုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းခါနမ်ဟာ အခုအခါ နိုင်ငံတွင်းသို့ ဝင်ရောက်မှာဖြစ်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
Ref: CNA