July 2023

ကရင်ပြည်နယ် ယာဒိုဒေသကို စစ်ကောင်စီ လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲနေ

သံတောင်ကြီး၊ ဇူလိုင်(၂၆) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသကို နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့တဲ့အတွက် ဘာသာရေး အဆောက်အဦးတွေအပါအဝင် နေအိမ် ၂၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU-တောင်ငူခရိုင်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU-တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်…

ဝင်းရေးတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံး

ဝင်းရေး၊ ဇူလိုင်(၂၆) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ၊ ဝင်းရေးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင်၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းမှာ KNU ဝင်ရေးမြို့နယ် ဝဲဝန်းကျေးရွာအနီးကို…

မြိတ်မြို့နယ်က နာရေးကူညီမှုအသင်း ၅ သင်းကို ဒေသ PDF သတိပေး

မြိတ်၊ ဇူလိုင်(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိ နာရေးကူညီမှုအသင်း ၅ သင်းဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတာကြောင့် ထပ်မံပူးပေါင်းတာမလုပ်ဖို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။ မြိတ်မြို့နယ်(ပကဖ)အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချမ်းမြေ့၊ ကရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်၊ ပီတိကုသိုလ်နာရေးကူညီရေးအသင်းတို့ဟာ သူတိုရဲ့နာရေးကူညီမှုယာဉ်တွေကိုအသုံးပြုပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း ထောက်လှမ်းသိရှိရတယ်လို့ ဆိုထားပါတယ်။ သတိပေးခံထားရတဲ့ နာရေးကူညီမှုအသင်းတွေအနေနဲ့…

အိန္ဒိယမြောက်ပိုင်းပြည်နယ်တစ်ခုမှာ ရိုဟင်ဂျာလူမျိုး ၇၄ဦး ဖမ်းဆီးခံရ

နယူးဒေလီ၊ ဇူလိုင်(၂၆) အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ဥထရာပရာဒ့ချ်ပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ ရိုဟင်ဂျာ ၇၄ ဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့မှ ပြောကြားခဲ့ပါတယ်။ မူဆလင်ရိုဟင်ဂျာလူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်တွေဟာ ပြည်နယ်ရှိ မြို့နယ် ၆ ခုမှာ ထိန်းသိမ်းခံ ထားရပြီး ဒုက္ခ သည်တွေထဲက ၁၀ ဦး မှာ အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံအတွင်းမှာ…

ဝဂ်နာအဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ မာလီအရာရှိတွေ ပိတ်ဆို့အရေးယူခံရ

ဘာမာကို – ဇူလိုင်(၂၆) အနောက်အာဖရိကနိုင်ငံတွေမှာ ရုရှားရဲ့ ဝဂ်နာအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ကူညီဆောင်ရွက်ပေး တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကာကွယ်ရေးဝန်ကြီး အပါအဝင် မာလီအရာရှိ(၃) ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဝဂ်နာအဖွဲ့တွေနဲ့ မာလီးယမ်းအသွင်ကူးပြောင်းရေးအစိုးရကြား သဘောတူညီချက်ကို ခိုင်မာစေ ဖို့ မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာက ၂၀၂၁ ခုနှစ်မှာ ရုရှားနိုင်ငံကို အကြိမ်ပေါင်း…

ထိုင်းရွေးကောက်ပွဲကို ဥပမာပေးပြီး အတိုက်အခံတွေကို ဟွန်ဆန် ဖိနှိပ်ပြောဆို

ဖနွမ်းပင် – ဇူလိုင်(၂၆) ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် လိုအပ် တဲ့မဲအရေအတွက် မရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ဖိထာရဲ့အခြေအနေကို ဥပမာ ပေးပြီး သူ့နိုင်ငံအတွင်းက အတိုက်အခံခေါင်းဆောင်တွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်က ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ပေမယ့် Move Forward Party နဲ့ ဖိထာအနေနဲ့ အစိုးရအသစ်တစ်ရပ်ဖွဲ့နိုင်ရင်လည်း အတူလက်တွဲ…

ရန်ကုန်-မန္တလေး ကုန်တင်ရထားတွဲ (၅) တွဲတိမ်းမှောက်

ရန်ကုန် – ဇူလိုင်(၂၅) မန္တလေးတိုင်း မြစ်ငယ်က ရန်ကုန်တိုင်း ရွာသာကြီး ခရီးစဉ်ထွက်ခွာမယ့် ကုန်တင်ရထားတစီးဟာ ပုလိပ်ဘူတာနဲ့ စဉ့်ကိုင်ဘူတာကြားမှာ လမ်းချော်တိမ်းမှောက်သွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၃) ရက်နေ့ညပိုင်းက မြစ်ငယ်ဘူတာကနေ ရွာသာကြီး ဘူတာကို ထွက်ခွာလာတဲ့ အမှတ်(၉၂၄) အစုန်ရထားဟာ မိုင်တိုင် (၃၇၂/၃-၃၇၁/၂၄) မှာ တိမ်းမှောက်ခဲ့တာပါ။ ရထားတိမ်းမှောက်မှုနဲ့…

PDF ကို ငွေလှူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်စိန်ထောင်ညွှန်ကြားရေးမှူး ရာထူးကဖြုတ်ချခံရ

ရန်ကုန် – ဇူလိုင်(၂၅) ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ PDF ရဲဘော်တွေကို ငွေလှူဒါန်းခဲ့တဲ့ အတွက်ဆိုကာ အင်းစိန်ထောင်ညွှန်ကြားရေးမှူး ဦးဇော်မင်း ရာထူးကဖြုတ်ချခံထားရပြီး အရေးယူခံထား ရတယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်က ထောင်ဝန်ထမ်းတွေဆီက ငွေစုပြီး PDF ရဲဘော်တွေကို ငွေကျပ်(၁၁) သိန်းလှူဒါန်းပေးခဲ့တဲ့အတွက် အရေးယူခံထားရတာဖြစ်တယ်လို့သိရပြီး ငွေလှူဒါန်းခဲ့တဲ့ ထောင်ဝန်ထမ်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့…