July 2023

ယူကရိန်းအတွက် အမေရိကန်ရဲ့စစ်ရေးအကူအညီမှာ ပထမဆုံးကြိမ်အဖြစ် Black Hornet ထောက်လှမ်း ရေးဒရုန်းတွေ ပါဝင်လာ

ဝါရှင်တန်၊ ဇူလိုင်(၂၇) ယူကရိန်းကရုရှားကို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ သံချပ်ကာ ယာဉ်တွေနဲ့ ဒရုန်းငယ်တွေအပါအဝင် ယူကရိန်းအတွက် နောက်ထပ်လုံခြုံရေးအကူအညီ ဒေါ်လာသန်း (၄၀၀) ကို အမေရိကန်ကာကွယ်ရေးဌာနက ပေးမယ်လို့ ဇူလိုင်လ (၂၆) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှု ပက်ကေ့ခ်ျမှာ တယ်လီဒိုင်းမ် Teledyne (TDY.N) ရဲ့ Teledyne FLIR Defence…

တာလီဘန်တွေရဲ့တရားဝင်မဟုတ်တဲ့ ခရီးစဉ်တစ်ခုအနေနဲ့ အင်ဒိုနီးရှားကိုလာရောက်

ဂျကာတာ – ဇူလိုင်(၂၇) တာလီဘန်ကိုယ်စားလှယ်တွေရဲ့ တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့ ခရီးစဉ်တစ်ခုအဖြစ် ဇူလိုင် လအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိခဲ့ကြပြီး မွတ်ဆလင်အများစုနေထိုင်တဲ့ ကမ္ဘာ့ အကျော်ကြားဆုံးနိုင်ငံက နိုင်ငံရေးသမားတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက အာဏာပြန်လည်ရယူခဲ့တဲ့ တာလီဘန်တွေဟာ သူတို့ကို အသိအမှတ်ပြုဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပြီး အင်ဒိုနီးရှားအစိုးရကတော့ လက်ရှိအချိန်ထိ တာလီဘန်တွေကို တရားဝင်အသိအမှတ်မပြုသေးပါဘူး။ “ကျွန်ုပ်နားလည်တာက အာဖကန်နစ္စတန်ရဲ့…

ရုရှားစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တရုတ်နဲ့ပူးပေါင်းဖို့ မြောက်ကိုရီးယားကိုရောက်နေ

ပြုံယမ်း – ဇူလိုင်(၂၇) ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှီဂူဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့ မြောက်ကိုရီးယားကို ရောက်ရှိနေပါတယ်။ မြို့တော်ပြုံယမ်းမှာ လာမယ့်ရက်ပိုင်းအတွင်းပြုလုပ်မယ့် နှစ်(၇၀)ပြည့် ကိုရီးယားစစ်ပွဲ အဆုံး သတ်အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် လီဟောင်ဇောင် ဦးဆောင်တဲ့ အဖွဲ့တို့ တက်ရောက်လာကြတာပါ။ မြောက်ကိုရီးယားဘက်က ဖိတ်ကြားထားတဲ့ အောင်ပွဲနေ့အခမ်းအနားတွေက်ိုလည်း တက်ရောက် သွားမှာဖြစ်တယ်လို့…

အမှတ်(၁)စစ်ဒေသမှာ တစ်လအတွင်း စစ်တပ်ဘက်က (၄၀၀) ကျော်သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဇူလိုင်(၂၆) ဇွန်လတစ်လတာအတွင်း အမှတ်(၁) စစ်ဒေသမှာ စစ်ကောင်စီဘက်က (၄၀၀) ကျော်ကို ရှင်းလင်း နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အမှတ်(၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှာ ဇွန်လအတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့မှု (၃၇၄) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။ တိုက်ပွဲတွေအတွင်း…

စစ်ရေးအရအရေးပါတဲ့ လက်ခတ်တောင်စခန်းကိုပြန်သိမ်းဖို့ စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်နေ

မြဝတီ၊ ဇူလိုင်(၂၆) ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီဘက်က တပ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေပိုမိုပြင်းထန်ဖို့ ရှိနေကြောင်း KNLA ကော်ဘရာစစ်ဆင်ရေးမှူးက ပြောတယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ KNU ဒူးပလာယာခရိုင်၊ မြဝတီမြို့အနီး မေတ္တာလင်းမြိုင်ကျေးရွာနဲ့ လက်ခတ်တောင်အကြားရှိ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိဖို့အတွက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား…

တိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့တဲ့ စစ်သည်တွေကို စစ်ကောင်စီအပန်းဖြေခရီးပို့

နေပြည်တော်၊ ဇူလိုင်(၂၆) အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်ကုသပြီးနောက် ပြန်လည်ကောင်းမွန်လာတဲ့ စစ်သား၊ အရာရှိစစ်သည်တွေကို အနားယူအပန်းဖြေခရီးစဉ်အဖြစ် စစ်ကောင်စီက ဒုတိယအကြိမ်ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ ဝေါဟာရနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သည်တွေကို ဇူလိုင် ၂၄ ရက်နေ့မှာ ဧရာဝတီတိုင်းက ချောင်းသာကမ်းခြေနဲ့ ရခိုင်ပြည်နယ်က ငပလီကမ်းခြေတို့ကို အပန်းဖြေခရီး ပို့ဆောင်ပေးခဲ့တာပါ။ ခရီးစဉ်ကိုတော့ နေပြည်တော်ကောင်စီနယ်မြေနဲ့…

စစ်အာဏာသိမ်း (၉၀၅)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၄၅ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၆) AAPP ရဲ့ ဇူလိုင်(၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၀၅)ရက်အတွင်း ပြည်သူ (၃၈၄၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၀၀၅ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

ကျပ် ၂၀,၀၀၀ တန်ဂယက်ကြောင့် မြန်မာငွေတန်ဖိုး ဆက်တိုက်ထိုးကျလာ

ရန်ကုန်၊ ဇူလိုင်(၂၆) ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေတော့မယ်လို့ စစ်ကောင်စီကြေညာပြီးနောက် မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး ဒေါ်လာနဲ့ရွှေဈေးကွက်ပျက်တဲ့ အခြေအနေအထိ ဖြစ်ပေါ်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေသွားမယ်လို့ ဇူလိုင်…