July 2023

အာဇာနည်နေ့ အခမ်းအနားကို S.O.F ရှေ့တန်းစစ်ကြောင်းတွေနဲ့ တပ်ခွဲတွေမှာ တပြိုင်တည်း ကျင်းပ

မော်လမြိုင် – ဇူလိုင်(၁၉) ၇၆ နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ရှေ့တန်း စစ်ကြောင်းတွေနဲ့ တပ်ခွဲတွေမှာ တပြိုင်တည်း ကျင်းပခဲ့ကြတယ်လို့ S.O.F က သတင်းထုတ်ပြန်ထားပါတယ်။ အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုတာ၊ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ကျဆုံးခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေကို အလေးပြုတာနဲ့…

ဟွန်းတီး ဥဩဆွဲပြီး အာဇာနည်တွေကို ဟန်ဆောင်ချစ်ပြနေတဲ့ စစ်ကောင်စီ

ပြီးခဲ့တဲ့ စစ်အစိုးရများလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံတွေ အစိုးရရုံးခန်းတွေမှာ ချိတ်ဆွဲခွင့်မပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ရုံးခန်းတွေက ဖြုတ်ချခိုင်းတာတွေဟာ စစ်အုပ်စုရဲ့ အာဇာနည်ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ သဘောထားကို ပေါ်လွင်ပြီးဖြစ်ပါတယ်။ သံလွင်တိုင်းမ်/ထက်ထက်အောင် ဒီနှစ် ဇူလိုင်လ ၁၉ ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ကြရတဲ့ ဝမ်းနည်းဖွယ်အထိမ်းအမှတ်ဖြစ်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မတရားသဖြင့်…

“စစ်ကောင်စီက ပြည်တွင်းထဲက စစ်ရှောင်ဆိုလည်း နေ့စဉ်နဲ့အမျှဗုံးကြဲတာ။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ထုတဲ့ဟာမျိုးတွေရှိတဲ့အခါ ကျွန်တော်တို့က အန္တရာယ်ရှိတယ်”

ကယားပြည်နယ်(ကရင်နီ)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ နယ်စပ်ဒေသတွေ ကနေတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပါ ကျုးလွန်ထားပါတယ်။ ဒါ ကြောင့် လတ်တလော နှစ်ဖက်တိုက်ပွဲ အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့…

“ဒေါ်အောင်ဆန်းစု ကြည်ကို ကလိမ်ကကျစ်နဲ့ အသုံးချတယ်ဆိုတာ လူတိုင်းလည်းသိတယ်။ မြန်မာပြည်သူအ ကုန်လုံးလည်း သိတယ်။ ဒီကိစ္စကသူတို့ လုပ်ရပ်က လုံးဝမအောင်မြင်ဘူး။ လူရယ်စရာကြီးဖြစ်နေတယ်။ သူတို့ ရဲ့မရှိတော့တဲ့ သိက္ခာထပ်ပြီးကျသွားတဲ့ အနေအထားပဲရှိတယ်”

ထောင်ဒဏ်အနှစ် ၃၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း သူတို့နှစ်ဦးတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဘာတွေဆွေးနွေးကြလဲဆိုတာ အသေးစိတ်မသိရဘူးလို့ ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုထားပါတယ်။…

မော်လမြိုင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူတွေကို အရေးပေါ် ပြောင်းရွှေ့နေရ

မော်လမြိုင်၊ ဇူလိုင် ၁၉ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကတည်းက မိုးသည်းထန်စွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်က ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်း‌ခဲ့တဲ့အတွက် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်မှာ အဆောက်အဦး အုတ်တံတိုင်းပြိုကျခဲ့လို့ လူ ၂…

စစ်အာဏာသိမ်း (၈၉၈)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၀၅ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁၉) AAPP ရဲ့ ဇူလိုင်(၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၈)ရက်အတွင်း ပြည်သူ (၃၈၀၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၉၁၉ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

စစ်ကောင်စီကြောင့် ထိုင်း-မြန်မာကုန်သွယ်မှု ရပ်ဆိုင်းလုနီးပါးဖြစ်လာ၊ တံခါးပိတ်စီးပွားရေးစနစ်ကို စစ်ကောင်စီကျင့်သုံးလာတယ်လို့ ကုန်သည်တွေပြော

မော်လမြိုင်၊ ဇူလိုင်(၁၉) အာဏာသိမ်း စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာပြီး သွင်းကုန်ရောပို့ကုန်ပါ မရှိသလောက်နည်းပါးသွားပြီလို့ နယ်စပ်ကုန် သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစပြီး ထိုင်း-မြန်မာ ကုန်သွယ်မှုမှာ ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေကို ရုတ်သိမ်းတာ၊ မဖြစ်မနေတင်သွင်းခွင့်ပေးထားတဲ့ ကုန်စည်တွေအတွက် လိုင်စင်အသစ် ပြန်လျှောက်ခိုင်းတာအပြင် သွင်းကုန်ကဏ္ဍအပေါ် တင်းကျပ်တဲ့စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့…

ဘီးလင်းမှာ PDF ဆိုပြီး စစ်တပ်ဖမ်းဆီးထားသူ ၃ ဦးဟာ အဟောင်းပစ္စည်းလိုက်ဝယ်သူတွေဖြစ်နေ

ဘီးလင်း၊ ဇူလိုင်(၁၉) မွန်ပြည်နယ် ဘီးလင်းမြို့နယ်အဝင် ရွှေသံလွင်တိုးဂိတ်ဟောင်းအနီးမှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဆိုပြီး ဖမ်းဆီးသွားတဲ့ လူငယ် ၃ ဦးဟာ PDF တွေမဟုတ်ဘဲ အဟောင်းပစ္စည်းရောင်းဝယ် လုပ်ကိုင်သူတွေသာဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ဆိုင်ကယ်တစ်စီးနဲ့လာတဲ့…