အေသင်၊ ဇူလိုင်(၂၅)
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က ဂရိနိုင်ငံရိုစ်ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် ခရီးသွားဧည့်သည်တွေ ကြောက်လန့်တကြားအိမ်ပြန်ဖို့ ပြေးလွှားခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။
တနင်္ဂနွေနေ့နှောင်းပိုင်းက ရေကြောင်းကနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုပြုလုပ်လျက်ရှိနေတဲ့ နောက်ထပ် နာမည်ကြီး ဂရိကျွန်းဖြစ်တဲ့ ကော်ဖူးမှာလည်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။
ရို့စ်ဒ်ကျွန်းရဲ့ ခရီးသွားရာသီမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေကို မီးသတ်သမားတွေက ကိုင်တွယ်ဖြေရှင်း ခဲ့ပြီး ခရီးသည်တွေကိုလည်း နိုင်ငံရဲ့အကြီးဆုံးတောမီးဘေးမှ လွတ်ကင်းရာနေရာတွေကို ရွှေ့ပြောင်းစေခဲ့ ပါတယ်။
လေယာဉ်ခရီးစဉ်တွေနဲ့ အားလပ်ရက်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ရာနဲ့ချီတဲ့ အားလပ်ရက် ခရီးသွားဧည့်သည်တွေဟာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိတ်ကြိတ်တိုးနေကြပြီး အချို့ကတော့ ကျွန်းပေါ်မှ လေယာဉ်ပျံသန်းမှုကို စောင့်ဆိုင်းနေစဉ် ကမ်းခြေပေါ်မှာဘဲ အိပ်စက်ဖို့ ကြိုးစားခဲ့ ကြပါတယ်။
UK မှ အားလပ်ရက် သယ်ယူပို့ဆောင်ရေး စီမံအုပ်ချုပ်သူ ကယ်ရီက ရေကူးကန်ဘေးမှ မီးတွေကို မြင်တွေ့ ခဲ့ရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း AFP သို့ ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ ခြောက်နာရီကျော်လောက် နေပူထဲမှာ လမ်းလျှောက်ထွက်ခဲ့ရတယ်” လို့ သူမက ဆိုပါတယ်။
ရို့စ်ဒ်ကျွန်းဟာ အထူးသဖြင့် ဗြိတိန်၊ ဂျာမန် နဲ့ ပြင်သစ် ခရီးသွားတွေလာရောက်ကြလေ့ရှိတဲ့ ဂရိနိုင်ငံရဲ့ အကျော်ကြားဆုံး အားလပ်ရက် ခရီးစဉ်တွေထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။
“သူ့မှာ ဘာမှဝတ်စရာမရှိလို့ ကျွန်တော့်မိန်းမရဲ့အဝတ်အစားတချို့ကို အမျိုးသမီးတစ်ယောက်ကို ငှားခဲ့ရတယ်” လို့ အင်္ဂလန်မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူက AFP သို့ ပြောပါ တယ်။
“ဒါဟာ ဂရိနိုင်ငံမှာ အကြီးမားဆုံး မီးဘေးရွှေ့ပြောင်းမှုပဲ၊ လူ၃သောင်းလောက် ဧရိယာပြင်ပကိုကျွန်တော် တို့ကယ်ထုတ်ခဲ့ရတယ်” ဟု ဂရိရဲပြောရေးဆိုခွင့်ရှိသူ က AFP သို့ ပြောကြားခဲ့တာပါ။
အာဏာပိုင်တွေဟာ လူပေါင်း (၁၆၀၀၀) ကို ကုန်းတွင်းပိုင်းသို့ ပို့ဆောင်ခဲ့ပြီး လူ (၃၀၀၀) ကို ပင်လယ်ပြင်မှ ရွှေ့ပြောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အခြားလူတွေကလည်း ကုန်းလမ်းမှထွက်ပြေးဖို့နဲ့ ဒါမှမဟုတ်သူတို့ရဲ့ ကိုယ်ပိုင်သယ်ယူ ပို့ဆောင်ရေးယာဉ်ကို အသုံးပြုပြီး အဲဒီဒေသမှ အမြန်ထွက်ခွာဖို့ အမိန့် ပေးခဲ့ရတာပါ။
လူဦးရေ ၁ သိန်းကျော်ရှိတဲ့ရိုစ်ဟာ ယခင်နှစ်က ခရီးသွား ၂.၅ သန်းခန့်ကို ကြိုဆိုခဲ့ပြီး လက်ရှိအချိန်မှာ တော့ ကမ်းရိုးတန်းသို့ရောက်ရှိသွားတဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်အများအပြား ပျက်စီးခဲ့ပြီး အိမ်တွေနဲ့ ဘုရားကျောင်းတို့လည်း မီးလောင်မှုထဲပါသွားခဲ့ပါတယ်။
Ref : CNA