တရုတ်မှာ မတ်လအတွင်း လူငယ်အလုပ်လက်မဲ့ ရာခိုင်နှုန်း ၄၅.၅ ရာခိုင်နှုန်းအထိရှိလာ
ဘေဂျင်း- ဇူလိုင်(၂၁) တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့မတ်လအတွင်း လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၅၀ရာခိုင်နှုန်း နီးပါးရှိလာကြောင်း တရုတ်ပါမောက္ခတစ်ဦးက တရားဝင်ထောက်ပြခဲ့ပြီးနောက် ဆွေးနွေး ငြင်းခုံမှုတွေမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဒီလိုငြင်းခုံမှုတွေဖြစ်ခဲ့ပေမယ့်လည်း ပါမောက္ခရဲ့ပြောကြားချက်ကြောင့် လုပ်သားဈေးကွက် အားနည်းမှုကို အာရုံထားစေဖို့လည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ စာရင်းအင်းဗျူရိုရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား အသက် အရွယ်ရှိသူတွေရဲ့…