Photo taken from a helicopter shows the site of a mudslide following heavy rain in Karatsu, Saga Prefecture, Japan July 10, 2023, in this photo taken by Kyodo. Mandatory credit Kyodo via REUTERS

တိုကျို၊ ဇူလိုင်(၁၂) 

ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက်ကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သလို ပျောက်ဆုံးနေသော လူ ၃ ဦးကိုလည်း ကယ်ဆယ်ရေးသမားတွေက ရှာ ဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီဟာ ကျွန်းမြောက်ပိုင်းတွေအတွက် မိုးသည်ထန် စွာ ရွာသွန်းမှု အထူးသတိပေးချက်ကို အဆင့်လျှော့ချခဲ့ပေမယ့်လည်း မြေပြိုမှုတွေအတွက်တော့ အထူးသတိရှိကြဖို့ ပြည် သူတွေကို သတိပေးထားတာပါ။ 

လက်ရှိအချိန်မှာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကိုခံနေ ရတဲ့ နိုင်ငံတွေ ထဲမှာ ဂျပန်နိုင်ငံပါဝင်လာခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးလည်း အကြောက်တရား မြင့်တက်နေချိန်ဖြစ်ပါတယ်။ 

“အုပ်ချုပ်ရေးအဖွဲ့တွေကတော့ သေဆုံးမှုတွေဆက်လက်ဖြစ်ပေါ်နေခြင်းရှိမရှိကို စစ်ဆေးနေပါတယ်။ ဒါပေ မယ့် အခု လူ ၃ ဦးသေဆုံးထားတယ်လို သတင်းရထားပြီးတော့ နောက်ထပ် ၃ ဦးလည်း ဒီ ဘေးအန္တရာယ် ကြောင့် သေဆုံးနိုင်ချေရှိပါတယ်။ ပျောက်ဆုံးနေဆဲ လူဦးရေ ၂ ဦးထိရှိပြီးတော့ အသေစားထိခိုက်သူ ၂ ဦးရှိပါ တယ်” လို့ အစိုးရအဖွဲ့ရဲ့ အကြီးဆုံးအတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ 

မိုးရွာသွန်းမှုကြောင့် Kyushu ရှိ Bridgestone တာယာထုတ်လုပ်ရေး စက်ရုံ ၄ ရုံကို တနင်္လာနေ့မှာ လုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းခဲ့ရပေမယ့်လည်း အင်္ဂါနေ့မနက်မှာတော့ စက်ရုံတွေပြန်လည်လည်ပတ်ခဲ့ကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

Ref:Reuters/zl

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.