ဝါရှင်တန် – ဇူလိုင်(၉)
အာဆီယံဒေသအတွင်းကို အန်တိုနီဘလင်ကန်ရဲ့ ခရီးစဉ်ထွက်ပေါ်လာပြီးနောက် မြန်မာ စစ်ခေါင်းဆောင်ကို ပိုမိုပြင်းထန်တဲ့ အရေးယူတုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့နဲ့ တောင်တရုတ် ပင်လယ်အတွင်းက တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို တွန်းကန်ဖို့ ကန်အစိုးရကပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။
အရှေ့အာရှဆိုင်ရာ အမေရိကန်သံအမတ်က ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရတဲ့ မြန်မာ့အရေးကို ဂျာကတာအစည်းအဝေးမှာ ဆွေးနွေးမယ့် အဓိက အကြောင်းအရာဖြစ်တယ်လို့ ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်တွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေကို အမြင့်ဆုံးအစည်းအဝေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် ထိုင်းနိုင်ငံက ပြန်လည်တက်ရောက်ခွင့်ပေးဖို့ အဆိုပြုထား ပါတယ်။
အမေရိကန်အစိုးရက စစ်အာဏာရှင်ဆန့်ကျင်ရေးအစုအဖွဲ့တွေကို ဖြိုခွင်းရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ တင်သွင်းဖို့ နိုင်ငံခြားငွေလဲလှယ်ဖို့ အသုံးပြုနေတဲ့ မြန်မာဘဏ်တွကိုလည်း ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။
ဒါ့အပြင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရရဲ့ နှောက်ယှက်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေကို စုစည်းစွာ အားကောင်းစေဖို့ ရေကြောင်းပြဿနာတွေဖြေရှင်းရေး မှာ အာဆီယံနိုင်ငံတွေအနေနဲ့ တိုးတက်အောင်ဆောင်ရွက်သင့်တယ်လို့ အမေရိကန်သံအမတ်က ပြောပါတယ်။
“ကူညီရာလည်း မရောက်သော တာဝန်မဲ့သော တရုတ်၏ လုပ်ရပ်များ” ကို တွန်းကန်နိုင်ဖို့ ဂျာကတာရှိ အာဆီယံအဖွဲ့ဝင်တွေနဲ့ အမေရိကန်အစိုးရက အလုပ်လုပ်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Ref: Reuters