စစ်တွေ – ဇူလိုင်(၃)

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပထမဆုံးအကြိမ် အရာရှိသင်တန်းပြုလုပ်ကာ ဇွန်လ(၁၉) ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

သင်တန်းကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဇွန်လ(၁၉) ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲမှာ (၇) လကျော်ကြာပြုလုပ်ခဲ့ပြီး သင်တန်းသား(၃၂၆) ဦးတက်ရောက်ခဲ့တာပါ။

အရာရှိသင်တန်းကို အနာဂတ် AA တပ်တော်ကို ဦးဆောင်နိုင်မယ့် စစ်သည်ကောင်းတွေ ပေါ်ထွက်လာဖို့နဲ့ လက်ရုံးရည်၊နှလုံးရည်ပြည့်ဝတဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ကာ သင်တန်းပြုလုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

AA အရာရှိသင်တန်းအပတ်စဉ်(၁)ကို ၂၀၁၈ ခုနှစ် ဧပြီလ(၁၀) ရက်နေ့မှာ ကချင်ပြည်နယ်မှာရှိတဲ့ AA မဟာမိတ် ကချင်လွတ်မြောက်ရေးတပ်(KIA) ထိန်းချုပ်နယ်မြေမှာ ဖွင့်လှစ်ထားပြီး အပတ်စဉ်(၂) ကို လည်း (KIA) ထိန်းချုပ်နယ်မြေမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

သင်တန်းအပတ်စဉ်(၄) ကိုတော့ လာမယ့် ၂၀၂၄ ခုမှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.