July 2023

ပါကစ္စတန်မှာ နိုင်ငံရေးဆန္ဒပြပွဲအတွင်း အသေခံဗုံးခွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့

အစ္စလာမ်မာဘတ်- သြဂုတ်(၁) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်ခ်ထဝန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့က နိုင်ငံရေးစုဝေးပွဲအတွင်း အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အနည်းဆုံး လူ (၄၂) ဦး သေဆုံးပြီး (၁၃၀) ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘာဂျူအာရဲ့ မျိုးနွယ်စုနယ်မြေဟောင်းမှာ ဖြစ်ပွားခဲ့တာပါ။ သဘောထားအစ္စလာမ်နိုင်ငံရေးနဲ့ ဆက်နွယ်တယ်လို့ လူသိများနေတဲ့…

ဂျပန်ပင်လယ်စာကုန်စည်တွေအပေါ် တရုတ်ကန့်သတ်ချက်တွေတို့မြှင့်

ပေကျင်း – ဩဂုတ်(၁) ရေဒီယိုသတ္တုကြွဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်အစားအစာ တင်သွင်းမှုအပေါ်မှာ တရုတ်ဘက်က အထူးစစ်ဆေးကြပ်မတ်နေတာ သီတင်းပတ် (၃) ပတ်အထိကြာမြင့်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလတည်းက စတင်ရုန်းကန်လာခဲ့ရတဲ့ တရုတ်စားသောက်တွေဟာ လက်ရှိ အချိန်မှာ တော့ ဖူကူရှီးမားဓာတ်ပေါင်းဖိုကနေ ပြန်လည်ပြင်ဆင်ထားတဲ့ ရေဆိုးတွေပင်လယ်ပြင်အတွင်း ထုတ်လွှတ်မယ့် ဂျပန်ရဲ့ အစီအစဉ်ကြောင့် စားသုံးသူနဲ့ ပင်လယ်စာကုန်စည် ပြတ်လပ်မှုနှစ်မျိုး လုံးကို…

တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးတွေမှာ အိမ်ခြံမြေကဏ္ဍ မြှင့်တင်မယ့်အစီအစဉ်တွေ မိတ်ဆက် မယ်

ပေကျင်း – ဩဂုတ်(၁) တရုတ်နိုင်ငံရဲ့ ပြန်လည်နာလန်ထူလာတဲ့ လက္ခဏာအနည်းငယ်ရှိနေတဲ့ အိမ်ခြံမြေ ကဏ္ဍကို မြှင့် တင်ဖို့ မြို့ကြီးတွေမှာ အိမ်ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေး နိုင် မယ့်အစီအစဉ်တွေကို ဒီသီတင်းပတ်အကုန်မှာ အကောင်အထည်ဖော်ဖို့ရှိတယ်လို့ သိရပါတယ်။ အိမ်ခြံမြေမူဝါဒတွေကို အချိန်နဲ့ တပြေးညီ ပြုပြင်ပြောင်းလဲဖို့နဲ့ အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ ဇူလိုင်လအတွင်းကျင်းပတဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ထိပ်သီးခေါင်းဆောင် တွေ…

မြိုင်မှာ စစ်ကောင်စီက ပြည်သူတွေကို ဓားစာခံလုပ်ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေ

မြိုင် – ဇူလိုင်(၃၁) မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၆) ရက်နေ့ကစပြီး အင်အား(၆၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်စီ စစ်ကြောင်း ဟာ အိုင်းမရွာကို ရောက်ရှိလာတာဖြစ်ပြီး အင်အားထပ်ဖြည့်တာတွေလည်းရှိနေတယ်လို့ ဆိုပါ တယ်။ “လောလောဆယ် အဲဒီစစ်ကြောင်းက တွင်းမ…

အရေးပေါ်ကာလသက်တမ်း ထပ်တိုးပြီး စစ်ကောင်စီ အာဏာဆက်ယူ

နေပြည်တော် – ဇူလိုင် (၃၁) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို လေးကြိမ်အထိ ရယူထားတဲ့ စစ်ကောင်စီဟာ နောက်ထပ် အရေးပေါ်ကာလသက်တမ်းထပ်တိုးပြီး အာဏာဆက်ယူခဲ့တယ်လို့ ဝါဒဖြန့် MRTV ကနေ ဒီနေ့ ညနေပိုင်းမှာ ကြေညာပါတယ်။ ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒုတိယ သမ္မတ…

သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ် မိုင်းပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးမှုများနိုင်

ဘားအံ၊ ဇူလိုင် (၃၁) အစစ်ဆေးကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ ကရင်ပြည်နယ် ဘားအံမြို့ သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်က သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်အနီး ကားတစ်စီး ရောက်ရှိလာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရပ်တန့်စစ်ဆေးစဉ်…

“ပြည်သူတွေက အကုန်မြင်ပြီးသား တော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေက သိပြီးသား။ သူတို့လှည့်ဖျားသလို ရမှာမဟုတ်ဘူး”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နိုင်ငံပိုင်အဆောက် အဦးတစ်ခုကို ပြောင်း ရွှေ့လိုက်ပြီလို့ ပြည်တွင်း၊ပြည်ပသတင်းတချို့မှာ ဖော်ပြတာတွေ ရှိနေပါတယ်။ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကတည်းက ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ထိပ် တန်းလျှိူ့ဝှက်ချက်အဖြစ် ထားရှိထားတယ်လို့…