June 2023

ရေးတိုက်ပွဲအတွင်း အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံး

ရေး၊ ဇွန်(၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ မေ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ထဲကို မောင်းဝင်လာတဲ့ စစ်ကောင်စီရိက္ခာယာဉ် တန်းကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ မော်လမြိုင်-ရေးကားလမ်းမှာ တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တာပါ။…

ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာကို စစ်ကောင်စီတပ်မီးရှို့နေ

ထားဝယ်၊ ဇွန်(၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်ဟာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မေ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ ရေဝိုင်း ကျေးရွာဘက်ကနေ သင်္ကန်းတုံးကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာပြီးနောက်…

စစ်အာဏာသိမ်း (၈၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၉၆ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁) AAPP ရဲ့ မေ(၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၅၀)ရက်အတွင်း ပြည်သူ (၃၅၉၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၈၄၂ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တွေ့ဆုံမှု နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်

မိုင်းလား၊ ဇွန်(၁) တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့တို့ တွေ့ဆုံမှုဟာ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် ကိုးကန့်အဖွဲ့ (MNDAA) ကိုယ်…

ဒီနှစ်မှာဖြစ်ပွားမယ့် သွေးလွန်တုပ်ကွေးရောဂါကို မပေါ့ကြဖို့ ဆရာဝန်တွေသတိပေး

မော်လမြိုင်၊ ဇွန်(၁) ဒီနှစ်မိုးရာသီကာလမှာ ဖြစ်ပွားမယ့် သွေးလွန်တုပ်ကွေးရောဂါဟာ ကိုဗစ်ရောဂါနဲ့အတူရောပြီး ဖြစ် ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကလေးငယ်တွေဖျားနာပါက အထူးသတိထား စောင့်ကြည့်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ မိုခါမုန်တိုင်းတိုက်ခတ်မှုပြီးနောက် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့သလို မိုးကြိုကာလရောက်ရှိလာတဲ့အတွက် အေးဒီး(စ်) ခြင်ကျား ပေါက်ဖွားမှုတွေရှိလာပြီးနောက် ရောဂါကူးစက်ဖြစ်ပွားမှုတွေ စတင်တွေ့ရှိလာတာ ဖြစ်ပါတယ်။ လတ်တလော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ ရာခိုင်နှုန်းအနေနဲ့ နည်းပါးသေးပေမယ့်…

မော်လမြိုင်မှာ သားအဖနှစ်ဦးအသတ်ခံရ

မော်လမြိုင်၊ ဇွန်(၁) မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖဲထော်ကျေးရွာ လယ်ကွင်းထဲမှာ မေ ၃၁ ရက်နေ့ မနက်ပိုင်းက အ သတ်ခံထားရတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ သားအဖနှစ်ဦးဟာ ဖဲထော်ကျေးရွာနေ အသက် ၇၀ အရွယ်ဦးမြင့်နဲ့ အသက် ၄၀ အရွယ်သားဖြစ်သူ ဦးအုန်းဟန်တို့ ဖြစ်တယ်လို့ သိရပါတယ်။…

ဘီးလင်းသံတံတား စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့ ဝင်တိုက်

ဘီးလင်း၊ ဇွန်(၁) မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး သံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၃၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် တပ်စွဲနေထိုင်နေတဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို…