ဆိုးလ်၊ ဇွန်(၂၉) 

မြောက်ကိုရီးယားရဲ့ တရားမဝင်ငွေကြေးဆိုင်ရာလှုပ်ရှားမှုတွေမှာ ရုရှားနိုင်ငံသားတစ်ဦး ပါဝင်ပတ်သက်မှု အပေါ် တောင်ကိုရီးယားက ပိတ်ဆို့အရေးယူလိုက်ကြောင်း အာဏာပိုင်များက ဇွန်လ (၂၈) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ လျင်မြန်စွာတိုးတက်မှုကို မြင် တွေ့ခဲ့ရတဲ့ မြောက်ကိုးရီးယားရဲ့ အဏုမြူဗုံးနဲ့ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေအတွက် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုတွေ ခံနေရတာဖြစ်ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုစည်းကမ်းတွေကို ချိုးဖောက်နေတဲ့ မြောက်ကိုရီးယားကို တရားမဝင်လုပ်ဆောင်မှုတွေနဲ့ ထောက်ပံ့နေတယ်လို့ စွပ်စွဲခံထားရ သူဖြစ်တဲ့ အခုအခါ ရုရှားနိုင်ငံသားအဖြစ် ခံယူထားသူ တောင်ကိုရီးယားနိုင်ငံသားဟောင်း ချွိုင်ချွန်ဂိုကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ တောင်ကိုရီး ယားက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီဆုံးဖြတ်ချက်ဟာ ကိုရီးယားနွယ်ဖွား လူပုဂ္ဂိုလ်တစ်ဦးကိုသာ တစ်ဖက်သတ်ပိတ်ဆို့မှုအဖြစ် တောင်ကိုရီးယားအစိုးရက သတ်မှတ်ခဲ့တဲ့ ပထမဆုံးအမှုလည်းဖြစ်ကြောင်း ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ချွိုင်ဟာ မြောက်ကိုရီးယားရဲ့ တားမြစ်ထားတဲ့ လက်နက်အစီအစဉ်တွေအတွက် ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲရာမှာ ငွေကြေးထောက်ပံ့မှုရရှိဖို့ ပြုံးယမ်းကိုကူညီပေးဖို့ မွန်ဂိုလီးယားမှာ မြောက်ကိုရီးယားရှေ့တန်းကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ 

သူဟာ ရုရှားရှိပြုံယမ်းအစိုးရပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ်ရုံးခွဲရဲ့ အကြီးအကဲနဲ့ပူးတွဲရင်း နှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ရုရှားအခြေစိုက်ကုန်သွယ်ရေးကုမ္ပဏီကို သီးခြားလုပ်ဆောင်နေတယ်လို့လည်း ဆိုးလ်အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ 

ဆိုးလ်ဟာ ရုရှားဘဏ်ရဲ့ဌာနခွဲမှ မြောက်ကိုရီးယားအကြီးအကဲနဲ့ချွိုင်တည်ထောင်ထားတဲ့ ကုမ္ပဏီနှစ်ခုကိုလည်း ပိတ်ဆို့အရေးယူထားကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၁၉ ခုနှစ်မှာ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေ ပြိုလဲသွားပြီးနောက် စစ်ရေးအရ တိုးတက်မှုကို နှစ်ဆတိုးမြှင့်လုပ်ဆောင်လာကာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အများအပြား စမ်းသပ်ပစ်ခတ်ခြင်းအပါအဝင် တားမြစ်လက်နက်စမ်းသပ်မှုတွေကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 မစ္စတာကင်မ်က သူ့ရဲ့နိုင်ငံအား နောက်ပြန်မဆုတ်တဲ့ နူကလီးယားပါဝါအဖြစ် အရင်နှစ်မှာ ကြေညာခဲ့ပြီး ဗျူဟာမြောက်နျူကလီးယားလက်နက်တွေအပါအဝင် လက်နက်ထုတ်လုပ်မှုမှာ ဆတိုး တိုးမြှင့်သွားဖို့လည်း ပြောဆိုခဲ့ပါတယ်။

 ဆိုးလ်၊ တိုကျိုနှင့် ဝါရှင်တန်တို့ရဲ့အဆိုအရ ပြုံယမ်းဟာ အရင်နှစ်တစ်နှစ်တည်းမှာပဲ ခရစ်ပတိုငွေကြေးဖြင့် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ခိုးယူခဲ့ပြီး “အန္တရာယ်ရှိသော ဆိုက်ဘာလှုပ်ရှားမှုများ” မှတစ်ဆင့် သတင်း အချက်အလက်တွေကို စုဆောင်းကာသူ့ရဲ့လက်နက်ပရိုဂရမ်တွေကို တစ်စိတ်တစ်ပိုင်းအထောက်အကူ ဖြစ်ခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြပါတယ်။ 

 Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.