FILE PHOTO: The royal motorcade carrying Thailand's Queen Suthida and Prince Dipangkorn drives past a group of anti-government demonstrators in front of Government House, on the 47th anniversary of the 1973 student uprising, in Bangkok, Thailand October 14, 2020. REUTERS/Soe Zeya Tun/File Photo

ဘန်ကောက် – ဇွန်(၂၉) 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဆန္ဒပြပွဲအတွင်း ဘုရင်မကြီးကို အကြမ်းဖက်ဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ခံထားရတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ (၅) ဦးကို တရားရုံးက တရားသေလွှတ် ပေးခဲ့တယ်လို့ တရားရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့တစ်ခုက ရိုက်တာကိုပြောပါတယ်။ 

မိဖုရားသုသီတာ လိုက်ပါလာတဲ့ ဘုရင့်မော်တော်ယာဉ်တန်းက ဆန္ဒပြသူတစ်စုကို ကျော်ဖြတ် မောင်းနှင်နေချိန်မှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။ 

လူငယ်တစ်စုဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ တော်ဝင်မိသားစုကို စော်ကားမှုလို့ ယူဆတဲ့သူတွေကို ထောင်ဒဏ်(၁၅) နှစ်အထိ ပြစ်ဒဏ်ပေးတဲ့ အငြင်းပွားဖွယ်ရာ အသရေဖျက်မှု ဥပဒေကို ပြင်ဆင် တာတွေအပါအဝင် တော်ဝင်ဥပဒေ ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ 

ထိုင်းလူမျိုးအများစုက အထွဋ်အမြတ်ထားတဲ့ တော်ဝင်ဘုရင်စနစ်ဟာ နိုင်ငံရေး အထက်မှာ တရားဝင်မှု ပိုရှိပြီး “ကြည်ညို လေးမြတ်ထားရာ” အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်း ထားတာဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၂၀ ခုနှစ် အောက်တိုဘာလရဲ့ အဖြစ်အပျက်ရုပ်သံဖိုင်မှာတော့ အာဏာပိုင်တွေဟာ တက်ကြွ လှဒပ်ရှားသူတွေကို ယာဉ်တန်းက ဝေးရာကို တွန်းထုတ်ခဲ့တာကို ပြသခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ 

“ရဲတပ်ဖွဲ့က တော်ဝင်မော်တော်ယာဉ်တန်းအတွက် လမ်းရှင်းမပေးဘူးလို့ တရားရုံးက မြင်တယ်၊ ယာဉ်တန်းအတွက်လည်း ကြိုတင်ကြေညာချက်မရှိဘူး” လို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေ များကောင်စီက ပြောပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာ သတင်းဌာနက တောင်းဆိုခဲ့ပေမယ့် တရားရုံး ကချက်ချင်းတုံ့ပြန်တာတော့ မရှိပါဘူး။ 

“သက်သေခံတွေရဲ့ ထွက်ဆိုချက်က ကွဲပြားပြီးတော့ အဲဒီဒေသမှာ တာဝန်ကျတဲ့ရဲတွေတောင် ဖြတ်သန်းသွားလာနေတဲ့ တော်ဝင်ယာဉ်တန်း ရှိမယ်ဆိုတာ မသိခဲ့ဘူး” လို့ ပြောပါတယ်။ 

တက်ကြွလှုပ်ရှားသူ (၅) ဦးဟာ မိဖုရား၊အမွေဆက်ခံသူ ဒါမှမဟုတ် ဘုရင်ခံတို့ကို အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်ဖို့ ကြိုးပမ်းမှုဆိုင်ရာ ဥပဒေအရ အနည်းဆုံး ထောင်ဒဏ်(၁၆) နှစ် အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်နဲ့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။ 

အဲဒီဥပဒေကို တူညီသောပြစ်မှုအဖြစ် ပိုမိုပြင်းထန်စွာ ချိုးဖောက်ပါကလည်း ထောင်ဒဏ် တစ်သက် ဒါမှမဟုတ် သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

“ငါတကယ်ကို ဝမ်းသာပါတယ်၊ ငါတို့က ဒီဟာအတွက်ကို တိုက်ခိုက်လာခဲ့တာဖြစ်ပြီး ငါတို့ရဲ့ အပြစ်မရှိမှုကို အခိုင်အမာ ပြောခဲ့တာ”လို့ တက်ကြွလှုပ်ရှားသူ အသက်(၂၃) နှစ်အရွယ် ဘန်ခုနမ် ဖရန်စစ်ပတောင်က စီရင်ချက် ချပြီးနောက် ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.