နယူးဒေလီ – ဇွန်(၂၁)
အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒေ့ရှ် ခရိုင်တစ်ခုမှာ အနည်းဆုံးလူ (၄၅) ဦးသေဆုံးခဲ့ တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဒေသတွင်း အပူလှိုင်းကြောင့် သေဆုံးခဲ့ တာဟုတ်/ဟုတ်မဟုတ်ကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
အဲဒီပြည်နယ်နဲ့ ထိစပ်နေတဲ့ နောက်ထပ်ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာမှာလည်း လူ(၄၅) ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီလနောက်ဆုံးပတ်မှာ နိုင်ငံအတွင်းရှိ ဒေသတချို့ဖြစ်တဲ့ ဥထရာ ပရာဒေ့ရှ်နဲ့ ဘီဟာတို့မှာ အပူချိန်မြင့်တက်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။
နယူးဒေလီမြို့နဲ့ မိုင်(၆၀၀) အကွာမှာ တည်ရှိတဲ့ ဥထရာပရာဒေရှ့် ခရိုင်မှာ လူသေဆုံးမှုဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ (၃) ရက်တည်းကစုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတာဖြစ်တယ်လို့ ခရိုင်အစိုးရက ပြောပါတယ်။
“ခရိုင်အတွင်း သေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်၊ အပူလှိုင်းကြောင့် ဖြစ်ခဲ့ရတာလို့ ပြောဖို့ကလည်း တော်တော်လေး ခက်ခဲတယ်။ လူအနည်းငယ်ကတော့ အသက်အရွယ်အိုမင်းခြင်းကြောင့် သေဆုံးခဲ့ရတာဖြစ်သလို အချို့လူတွေကျတော့ အခြားအကြောင်းပြချက်တွေလည်း ရှိနေပြန် တယ်။ ဒီလို သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတော့ အပူလှိုင်းကြောင့်လား ဆိုတာကိုပြောဖို့ လုံလောက်တဲ့ သက်သေမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
အပူလှိုင်းကြောင့် လူသေဆုံးမှုတွေ ဖြစ်ရတာလို့ ပြောခဲ့တဲ့ ဆေးရုံတစ်ရုံရဲ့ အကြီးတန်းဆရာဝန် တစ်ဦးကိုလည်း အစိုးရက အလုပ်ဖြုတ်ခဲ့ပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ဖော်ပြချက်ကြောင့် အလုပ်ဖြုတ်တာဖြစ်တယ်လို့ သိရပါတယ်။
ဆေးဘက်ဆိုင်ရာ အကြီးတန်းဝန်ထမ်းတစ်ဦး အလုပ်ဖြုတ်ခံရတဲ့ ဘော်လီယာ ပြည်နယ်မှာ အပူချိန် -၄၅ ဒီဂရီအထိမြင့်တက်နေသလို လျှပ်စစ်မီးပြတ်တောက်မှုတွေကလည်း အခြေအနေ ကိုပိုမိုဆိုးရွားစေတယ်လို့ ဆိုကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တချို့မှာ အပူချိန်တိုးမြှင့်မယ်ဆိုတဲ့ သတိပေးချက်နဲ့အတူ နိုင်ငံ အရှေ့ မြောက်ဘက်မှာ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်နေပါ တယ်။
Ref:Reuters