ဝါရှင်တန်၊ ဇွန်(၁၇) 

အမေရိကန်ကွန်ဂရက်ရဲ့ ရီပတ်ဘလင်ကန်နဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ သိမ်းဆည်းရမိထားတဲ့ ၊ ရုရှား ရဲ့ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းနိုင်ငံအနေနဲ့ ကျူးကျော်သူတွေကို တိုက်ထုတ်ရန် ငွေကြေးထောက်ပံ့ဖို့ လွယ်ကူစေမယ့် ဥပဒေတစ်ရပ်ကို ဇွန်လ (၁၅) ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလက ရုရှားကျူးကျော်ဝင်ရောက်ပြီးကတည်းက ယူကရိန်းအတွက် စစ်ရေး၊ လူသား ချင်းစာနာမှုနဲ့ စီးပွားရေးအကူအညီ ဒေါ်လာ (၁၀၀) ဘီလီယံကျော်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

 ပါတီနှစ်ရပ်လုံးရဲ့ ခေါင်းဆောင်တွေက ကိယက်ဗ်အစိုးရအပေါ် အမေရိကန်ရဲ့ ထောက်ခံမှု အားကောင်းနေ ဆဲလို့ အခိုင်အမာဆိုနေသော်လည်း ကွန်ဂရက်လွှတ်တော်အမတ်အချို့က အစိုးရအသုံးစရိတ်ကို ကန့်သတ်ဖို့ တောင်းဆိုမှုတွေကြားထဲမှာ လှူဒါန်းမှုဟာ မည်မျှကြာမလဲဆိုတာကို မေးခွန်းထုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ဥပဒေကြမ်းကို ထောက်ပံ့သူတွေက သူတို့ရဲ့ရည်ရွယ်ချက်မှာ အမေရိကန်ရဲ့ အခွန်ထမ်းဆောင်သူတွေထံက မဟုတ်ဘဲ ကျူးကျော်မှုကြောင့် မော်စကိုက ပေးဆောင်ဖို့ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ 

“ယူကရိန်းနဲ့ ရုရှားရဲ့ စစ်ပွဲက တစ်နှစ်ကျော်ကြာခဲ့ပြီ၊ ရုရှားရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်ဟာလည်း တစ်ကမ္ဘာလုံးမှာ ထိန်းသိမ်းထားတယ်” လို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံ ရေးကော်မတီမှ ထိပ်တန်းရီပတ်ဘလီကန်အမတ် ဂျင်မ်ရစ်ချ်က ပြောပါတယ်။

 ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ယူကရိန်းပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွား နေတာကြောင့် ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့အတွက် ရုရှားအစိုးရရဲ့ ရန်ပုံငွေတွေကို အမေရိကန်က သိမ်းယူလိုက်တာဟာ မှန်ကန်ပါတယ်လို့ သူကဆက်လက် ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ မိတ်ဆက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် (REPO) လို့ခေါ်တဲ့ အဲဒီအက်ဥပဒေဟာ အမေရိကန်သမ္မတအား အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်း ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့နဲ့ ယူကရိန်းကိုကူညီဖို့ လွှဲပြောင်းပေးရေးစတဲ့ လုပ်ပိုင်ခွင့်ပေး မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရုရှားအနေနဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးဖို့ သဘောတူလာသည်အထိ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရုရှားအဖွဲ့အစည်းတွေထံ ရန်ပုံငွေထုတ်ပေးမှုကိုလည်း တားမြစ်မှာဖြစ်တယ်လို့ ဆိုပါ တယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.