မော်လမြိုင် – ဇွန်(၁၆)
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်ဖွဲ့ဟာ စိုးမိုးထိန်းချုပ်ရာ ဒေသတွင်းက ပြည်သူတွေကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ MOD က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆေးတပ်ဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေပူးပေါင်းပြီး ဒေသခံ ပြည်သူတွေကို အရေးပေါ်နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့ကလည်း မကွေးတိုင်းအတွင်းက NUG စိုးမိုးထိန်းချုပ်နယ်မြေတနေရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အောင်မြင်စွာ မွေးဖွားသန့်စင်ပေးခဲ့ပြီး မိခင်နဲ့ ကလေးပါ ကျန်းမာရေး ကောင်းမွန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ NUG ကျန်းမာရေးဝန်ကြီးဌာနကလည်း စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် CDM ကျန်းမာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်တာတွေ ပြုလုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD