ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ကို ဇွန် ၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဟာ နွေဦးတော်လှန်ရေး ၂ နှစ်ကျော်အကြာမှာ ပထမဦးဆုံး ဖွဲ့စည်းလိုက်တဲ့ ကြားကာလပြည်နယ်အစိုးရတစ်ရပ် ဖြစ်လာခဲ့တာပါ။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီဟာ ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်တည်ငြိမ်းအေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ထားပါတယ်။ ကြားကာလအစိုးရအနေနဲ့ ဖော်ဆောင်သွားမယ့် ရှေ့ လုပ်ငန်းစဉ်တွေ၊ အခွန်ကောက်ခံမှု၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေးနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိန်းကြောင်းသွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ဒုဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဘယ်လိုပုံစံတွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိနေလဲ။

ကျွန်တော်တို့ အခုကြေညာထားတဲ့ ကြားကာလကရင်နီပြည် အုပ်ချုပ်ရေးကောင်စီက အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးဖို့ဖြစ်ပြီး အစိုးရအဖွဲ့နဲ့အတူ လွှတ်တော်ရယ်၊ နောက်တရားရေးဘက်က ထိန်းညှိမယ်။ အားလုံးရဲ့ အထက်မှာ ဒါမှမဟုတ်လည်း ပေါ်လစီအရထိန်းညှိမှာကတော့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီက ဆက်ပြီး ထိန်းညှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးကောင်စီဘက်ကတော့ အုပ်ချုပ်ရေးအာဏာကို ကြားကာလ မှာ တော်လှန်ရေးကာလမှာ အရေးကြီးမယ့် အရာတွေကို ဖော်ထုတ်ထားတာ ရှိပါတယ်။ အစိုးရရဲ့အုပ်ချုပ်မှု ပုံစံကို ကျွန်တော်တို့က စုပေါင်းခေါင်းဆောင်မှုပုံစံကို အဖွဲ့အစည်းအသီးအသီး၊ မတူကွဲပြားတဲ့ ပါတီတွေ ပါဝင် ပြီးတော့မှ စုပေါင်းခေါင်းဆောင်မှုနဲ့ အစိုးရအဖွဲ့ကိုဖွဲ့ထားပြီးတော့မှ ဝန်ကြီးဌာန(၁၂)ခုကိုလည်း လျာထားပါ တယ်။ အရေးကြီးမယ့် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးနဲ့ အထူးသဖြင့် ကာကွယ် ရေးနဲ့ လုံခြုံရေးပေါ့နော်။ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို ဦးစားပေးဖော်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အ ပြင် ရပ်ကျေးအုပ်ချုပ်ရေးအဆင့်ဆင့်ကိုလည်း ဆက်ပြီးအသက်ဝင်အောင်၊ အားကောင်းအောင် လုပ်ဆောင် သွားဖို့ ပြင်ဆင်နေပါတယ်။ 

– ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို စုစည်းနိုင်ပြီလား။ ရှေ့ဆက်ရော ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိနေလဲ။

ကျွန်တော်တို့ ဒီအဖွဲ့အစည်းအများအပြားကို အုပ်ချုပ်ရေးကောင်စီဘက်က တတ်နိုင်သလောက် ဆက်ပြီးမှ စည်းရုံးဖို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ကတော့ အရေးကြီးပါတယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်အဆက်မပြတ် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခုချိန်မှာတော့ မပါနိုင်သေးတဲ့ အဖွဲ့အစည်းတွေဘက်က ကန့်ကွက်တာ တွေ၊ ငြင်းဆန်တာတွေ အများအပြားမရှိဘဲနဲ့ တော်လှန်ရေးအကျိုး၊ လူထုအကျိုးအတွက်ကို အားလုံးက လိုက်လျောညီထွေ ဖြစ်အောင် နေတာဖြစ်တဲ့အတွက် ဒီဟာကိုဆက်ပြီးမှ ကြိုးစားဖို့ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အလွှာပေါင်းစုံအယူဝါဒနဲ့ နိုင်ငံရေးဦးတည်ချက်တွေ အတိုင်းအတာလေးတစ်ခု ညှိနှိုင်း ရမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း နိုင်ငံရေးအရပြီးရင် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့ အနာဂတ် သွားချင်တဲ့ နိုင်ငံရေးနှစ်ခုပေါ်မှာ အကြမ်းအားဖြင့်က ဘုံတူညီနေတဲ့အတွက် ညှိနှိုင်းရတာ လွယ်ကူနေလိမ့် မယ်လို့လည်း ယုံကြည်ပါတယ်။ အဲဒီလိုလည်း ဖြစ်ပေါ်နေပါတယ်။ နောက်တစ်ခုက နယ်နိမိတ်ပေါ့။ အခု ရှမ်း ပြည်နယ်ထဲမှာ တပ်တချို့ဖြတ်ပြီးမှ လှုပ်ရှားနေတယ်။ အထူးသဖြင့် ကျွန်တော်တို့ လူမျိုးစုကရင်နီဘက်က ကယန်း၊ ကယားလူမျိုးတွေ အများကြီးနေထိုင်တယ်။ ဒီတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်တဲ့ လူထုတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သတ်ဖြတ်မှုနဲ့ စိုးမိုးနယ်မြေတွေကတော့ ဖယ်ခုံမြို့နယ်တွေ ပါဝင်လာတယ်။

သို့သော် ကျွန်တော်တို့ရဲ့ နယ်နိမိတ်ကို အခုချိန်မှာ အတည်ပြုပြီးတော့မှ ရေးဆွဲတာတွေ အုပ်ချုပ်တာတွေက ဒီကာလလေးမှာ မလုပ်သေးပဲ ကြားကာလလေးမှာ ဖြစ်သင့်တဲ့ဖြစ်နိုင်တဲ့ သတ်ဖြတ်မှုတွေ၊ ချိတ်ဆက်မှုတွေ ကြောင့်မို့ ဆက်ပြီးကျွန်တော်တို့ ချိတ်ဆက်စီမံသွားမှာ ဖြစ်ပါတယ်။ နယ်မြေကိစ္စတွေကတော့  အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်တဲ့အချိန်မှာ ဆက်ပြီး ညှိနှိုင်းဆောင်ရွက်သွားရမယ့်အရာဖြစ်ပါတယ်။

-ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုမဖြစ်ပေါ်ရေးအတွက် ဘယ်လိုဥပဒေတွေ ရေးဆွဲပြီး ထိန်းကြောင်းသွားဖို့ ရှိမလဲ။

ပြည်နယ်အတွင်းမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးက လက်ရှိအချိန်အထိ ရာဇဝတ်မှု ကျူး လွန်တဲ့အရာမျိုးကို ကြီးကြီးမားမား မတွေ့ရဘူး။ တော်လှန်ရေးတစ်လျှောက် အဖွဲ့အစည်းအသီးသီးရဲ့ အခန်း ကဏ္ဍ၊ သူတို့ရဲ့ နယ်မြေ၊ သူတို့ရဲ့နိုင်ငံရေး ရည်မှန်းချက်ကို သူတို့ တစိုက်မတ်မတ်ဖော်ဆောင်ပြီးမှ ရပ်တည် နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ခိုင်မာတဲ့ ရဲဌာနရှိနေတယ်။ ရဲစခန်း၉ခု ရှိပြီးမှ ကျွန်တော်တို့ရဲ့ တပ်အခန်းကဏ္ဍ ကျွန်တော်ပါဝင်နေတဲ့ KNDF အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးက ရှေ့တန်းစစ်မျက်နှာပြင်မှာပဲ တပ်စွဲပြီးမှ ရပ်တည်နေကြတယ်။

နောက်တန်းမှာတော့ ကျွန်တော်တို့ရဲ့ လူထုတွေတည်ရှိတဲ့နေရာ ရဲတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ထား ပါ တယ်။ တော်လှန်ရေးကာလမှာ အထူးညွှန်ကြားထားတဲ့ အမိန့်တွေ တပ်ဘက်ကတချို့ဟာတွေက တရားရုံးတင်လို့ မရဘူး။ တရားရုံးမှာ ဖြေရှင်းဖို့မလိုအပ်ပဲ ဓလေ့ထုံးထမ်းနဲ့ပြီးသွားတဲ့ ဥပဒေတွေကို ကျွန်တော်တို့ ကျင့် သုံးထားတယ်။ လက်ရှိကတော့ တည်ဆဲဥပဒေအချို့ကို ကိုးကားပြီး ဖော်ဆောင်နေတယ်။ ကြားထဲမှာ ဖြစ်ပေါ် နေတဲ့ အမှုတစ်ချို့ကို ဖော်ထုတ်နေတုန်းပဲ ရှိတဲ့အမှုတွေ ရှိတယ်။ ဥပမာ-ပြန်ပေးဆွဲမှုတွေ၊ လူမသိသူမသိပဲ သတ်ဖြတ်ခံရလိုက်တဲ့ အမှုတွေရှိပြီးတော့ တရားဥပဒေစိုးမိုးဖို့အတွက် ဆောင်ရွက်နေတယ်။ ဥပဒေတော်တော် များများကို ရဲဌာနဘက်က ကိုင်တွယ်နိုင်ခဲ့တယ်။

ဒီ၂နှစ်အတွင်းမှာ ကရင်နီပြည်နယ်ရဲဌာနဘက်က အမှုပေါင်း(၄၀၀)ကျော်ကို ဖြေရှင်းပြီးသား ဖြစ်တယ်။ တရား ဥပဒေစိုးမိုးရေးကို ဒီလိုကိုင်တွယ်သလို လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြားမှာ နောက်က မှားယွင်းတဲ့ အမှုတွေမဖြစ်အောင် အများကြီးညှိနှိုင်းဖြေရှင်းခဲ့ကြတယ်။ လတ်တလောအတွင်းမှာ အဖွဲ့အစည်းအချင်းချင်း ကြား ရန်သူလို့ထင်မှတ်ပြီးမှ ပစ်ခတ်ခဲ့ကြတယ်။ အားလုံးမျက်နှာချင်းဆိုင် ညှိနှိုင်းဖြေရှင်းခဲ့ကြလို့ နားလည်ယုံ ကြည်မှုတွေ ပြန်ရခဲ့တယ်။ ပြည်နယ်အစိုးရက ဒါတွေအားလုံးထိန်းညှိဖို့ ရည်ရွယ်ထားပါတယ်။

-ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ အခွန်ကောက်ခံရေးနဲ့ ဘဏ္ဍာငွေရရှိရေးအတွက် ဘယ်လို ဆောင်ရွက်သွားဖို့ ရှိနေလဲ။ ဆောင်ရွက်သွားမယ့် ရှေ့လုပ်စဉ်းတွေကို ပြောပြပေးပါဦး။

ကျွန်တော်တို့ရည်မှန်းထားတဲ့ ဘဏ္ဍာရေးပမာဏတစ်ခုလည်း ရှိသလို ကျွန်တော်တို့ ဘဏ္ဍာရေးအရင်းအမြစ်ကို လေးခုကနေ ရမယ်လို့လည်း (၁)ကတော့ အခွန်ငွေဖြစ်ပါတယ်။ အခွန်ငွေကတော့ အခုချိန်ကစ ပြည်နယ်အ စိုးရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ဘဏ္ဍာရေးတွေကို စနစ်တကျကောက်ခံပြီးမှ ပြည်သူတွေကို နေ့စဉ်ရှင်းပြလိမ့် မယ်။ အစိုးရရဲ့ပရောဂျက်တွေကို ရောင်းချတဲ့ဟာ နောက်တစ်ခုကတော့ အစိုးရဘက်က ပြစ်ဒဏ်ချမှတ်ပြီးမှ သိမ်းဆည်းမယ့် ဒီအရာတွေပေါ့။ နောက်ဆုံးဘက်က နိုင်ငံတကာနဲ့ပြည်သူပြည်သားတွေရဲ့ထည့်ဝင်ငွေနဲ့ရဖို့ ခန့်မှန်းထားပါတယ်။ အခွန်ပမာဏတွေကို အရေးကြီးတဲ့ ကာကွယ်ရေးနဲ့ ပညာရေးနဲ့ကျန်းမာရေးကိုလည်း ဆောင်ရွက်သွားဖို့လည်း ပြင်ဆင်ထားပြီးမှ ဒီဘဏ္ဍာငွေ ရှာဖွေရေးကိစ္စကိုလည်း လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါ တယ်။ 

-ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ NUG နဲ့ရော ဘယ်လိုချိတ်ဆက်ဆောင်ရွက်ဖို့ ရှိမလဲ။ NUG ကလူတွေကိုရော IEC မှာ ထည့်သွင်းသွားဖို့ ရှိမလား။

NUGနဲ့ချိတ်ဆက်နိုင်ဖို့က ဖက်ဒရယ်ကောင်စီဘက်ကနေ ပြည်နယ်နဲ့ပတ်သက်ပြီးမှ ချိတ်ဆက်နိုင်တဲ့ အပိုင်း တွေကို ဆက်လက်ပြီးတော့မှ ဆွေးနွေးအတည်ပြုပြီးမှ ရှေ့ဆက်သွားဖို့ NUG ဘက်က ပြင်ဆင်နေပါတယ်။ NUGဘက်က ပြည်နယ်အုပ်ချုပ်ရေးတွေမှာ NUGအစိုးရဘက်က ခန့်ထားတဲ့သူတွေ တင်သွင်းသွားဖို့မရှိပဲနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ အောက်ခြေကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှုကို ပိုပြီးမှ ဆန်ပါ တယ်။ အောက်ခြေမှာရှိတဲ့အင်အားစုတွေ အသီးသီးဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အနိုင်ရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီအပြင်မတူကွဲပြားတဲ့ ပါတီအသီးသီးက အားလုံးပါဝင်နိုင်တဲ့ ချန်နယ် တွေကို ဖွင့်ထားပြီး ဒီချန်နယ်ကနေ စုစည်းထားခြင်း ဖြစ်ပါတယ်။ အင်အားစုတွေ အားလုံးစုံလင်ပြီး အောက်ခြေ ကနေ ပြည်နယ်အုပ်ချုပ်ရေးတွေကို တည်ဆောက်ပြီးဆက်ပြီးမှ ချီတက်သွားတဲ့ နည်းလမ်းတွေကို ကျွန်တော် တို့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ကြားကာလတော်လှန်ရေး အုပ်ချုပ်ရေးက NUG နဲ့ ချိတ် ဆက်လို့ ရတာတွေချိတ်ဆက်သွားဖို့ ရှိသလို ကျွန်တော်တို့ ပြည်နယ်ယူနစ်အချင်းချင်း ပြည်နယ်အစိုးရ အားကောင်းဖို့နဲ့ ပြည်နယ်အစိုးရ ပေါ်ပေါက်ရေးကို အချင်းချင်းချိတ်ဆက်သွားဖို့ ဖြစ်ပါတယ်။

-နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ရှိမလဲ။

ကျွန်တော်တို့ ပြည်နယ်အစိုးရ ကြားကာလအစိုးရတွေနဲ့ နိုင်ငံခြားဆက်ဆံရေးအတွက်ကို အထူးတလှယ် ဆောင်ရွက်ပြင်ဆင်ထားဖို့တော့ မရှိဘူး။ ကျွန်တော်တို့ ပြည်နယ်အတွင်းမှာ လာရောက်ပြီးမှ ပံ့ပိုးကူညီနိုင်မယ့် အရာတွေမှန်သမျှကို တွေ့ဆုံဆောင်ရွက်သွားဖို့ ရှိပါတယ်။ လူသားချင်းစာနာကူညီထောက်ထားရေး အစီအ စဉ်တွေ ဒေသန္တရတွေမှာ အထူးသဖြင့် တည်ငြိမ်နိုင်ဖို့အတွက် အုပ်ချုပ်ရေးနည်းနာတွေကို လေ့လာသင်ယူနေ တဲ့ ကိစ္စတွေမှာတော့ အကူညီတွေ ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာအ စိုးရအဖွဲ့တွေကို တိုက်ရိုက် တွေ့ဆုံနိုင်ဖို့က မမျှော်လင့်ထားဘူး။

NUG၊ NUCC တို့ဘက်က ဆက်လက်ပြီး ချိတ်ဆက်သွားနိုင်ဖို့ ယုံကြည်ပါတယ်။ အဲဒီအပေါ်မှာ ပြည်နယ်အစိုးရ ရဲ့ အခန်းကဏ္ဍကို အကောင်းဆုံးတာဝန်နဲ့ အကောင်းဆုံးချိတ်ဆက်လာတဲ့အပေါ် ပြန်ပြီး ချိတ်ဆက်သွားဖို့ပဲ ပြင်ဆင်နေပါတယ်။

-အစိုးရတစ်ရပ်ဖြစ်လာပြီးဆိုတော့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံနေရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အရပ်သားပြည်သူတွေကို ဘယ်လိုအကာအကွယ်ပေးသွားဖို့ စီစဉ်ထားပါသလဲ။

ပြီးခဲ့တဲ့ ၂နှစ်တာ ကာလအတွင်းမှာလည်း တရားဝင်ကြေညာခြင်းမရှိသော်လည်း အုပ်ချုပ်ရေးတွေက အတိုင်း အတာလေးတစ်ခုကို ဖော်ဆောင်ခဲ့တယ်။ လည်ပတ်နေခဲ့တယ်။ ဒီဟာကို ကျွန်တော်တို့ ကြေညာလိုက်တယ်။ ကြေညာလိုက်တဲ့အပေါ်မှာ စစ်ကောင်စီဘက်က အရမ်းကိုပြင်းပြင်းထန်ထန် ဖိနှိပ်လာနိုင်တယ်။ လေကြောင်း တွေ ပိုမိုပြီးတိုက်ခိုက်လာနိုင်တဲ့ဟာကတော့ သိပ်ပြီးမှ ထူးထူးခြားခြား မမြင်ပါဘူး။ စစ်ကောင်စီဘက်က အခုချိန်ထိ ကျွန်တော်တို့ ပြည်နယ်ဘက်ကို အင်အားသုံးလုပ်ဆောင်နေတဲ့အခြေအနေ ဆက်လက် လုပ်ဆောင်နိုင်တုန်းပဲ ရှိပါတယ်။ ဒီရက်ထဲလည်း ကျွန်တော်တို့ဘက်က တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းတွေနဲ့တိုက်ခိုက်မှုတွေကို မယ်စဲ့ဘက်မှာ ဆက်လက်ပြီး လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီဘက် က အထူးTarget ထားပြီး တိုက်ခိုက်လာမယ့်အခြေအနေမျိုး ထူးထူးခြားခြား မမြင်ရဘူး။

ဘာဖြစ်လို့လဲဆိုတော့  စစ်ကောင်စီဘက်က ကျွန်တော်တို့ရဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လူထုနေရပ် တွေကို တိုက်ခိုက်နေကျမို့ ဒါကိုထူးခြားတယ်လို့ မမြင်ဘူး။ ကျွန်တော်တို့ အစိုးရကြေညာလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ညီညွတ်မှုတွေ ကျွန်တော်တို့ရဲ့ အစိုးရအခန်းကဏ္ဍကို ပြန်ပြီးမှ အသိအမှတ်ပြုပြီးတော့မှ  စကစ ရဲ့အာဏာစက်ကို တွန်းလှန်ပြသရာရောက်တယ်လို့ မြင်တယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်မယ်။ ကျွန်တော်တို့ ကာ ကွယ်ရေးဘက်ကတော့ အကောင်းဆုံးရှေ့တန်းမှာ စစ်ကောင်စီ ကျွန်တော်တို့ ရပ်ကျေးတွေ အုပ်ချုပ်ရေးနယ် မြေတွေမှာ ဝင်မလာအောင် ဆက်တားဆီးပြီး တိုက်ခိုက်ဖို့ ပြင်သွားမှာဖြစ်သလို ကျွန်တော်တို့ အုပ်ချုပ်နယ်မြေ တွေလည်း တိုးချဲ့နိုင်ဖို့ ဆက်ပြီးတိုက်ပွဲဝင်သွားဖို့လည်း ရှိပါတယ်။

-ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ လက်ရှိကြားကာလနဲ့ တော်လှန်ပြီးနောက်ပိုင်း ကာလတွေအတွက် ဘယ်လို လုပ်ငန်းစဉ်တွေ ချမှတ်ထားပါသလဲ။

ကျွန်တော်တို့ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုကို ကြားကာလအုပ်ချုပ်စီမံရေးဆွဲမှုအောက်မှာ ရှိပါတယ်။ စာမျက် နှာ(၁၄)မျက်နှာကျော်ရှိပြီး ပြည်နယ်အစိုးရရဲ့ အခန်းကဏ္ဍကြားကာလပဋိဉာဉ်ရဲ့ ပြဌာန်းချက်နဲ့ ထိန်းညှိပြီးမှ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ရေးဆွဲပြဌာန်းထားတာ ရှိပါတယ်။ ပြီးရင် ပြည်နယ်အစိုးရအုပ်ချုပ်နိုင်ဖို့ နည်းဥပဒေတစ်ခုကိုလည်း ကျွန်တော်တို့ ပြည်နယ်အဆင့်မှာ ရေးဆွဲပြီးမှ လွှတ်တော်တွေဘက်က အတည်ပြု လေ့လာမှုတွေ လုပ်ပြီးမှပဲ နည်းဥပဒေအောက်မှာ ရှိပါတယ်။ ကြားကာလမှာ တော်လှန်ရေးအောင်မြင်ပြီးမှ ဖွဲ့စည်းပုံအသစ်ရေးဆွဲနိုင်တဲ့ အချိန်အထိ ဆက်လက်အကောင်အထည်ဖော်ပြီးမှ ဖွဲ့စည်းပုံဥပဒေအသစ်မှာ ရွေး ကောက်ပွဲတွေနဲ့ လူထုတွေက ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်လာတဲ့ ပြည်နယ် အစိုးရရဲ့ အခန်းကဏ္ဍအသစ်ကို ပြန်လည်ပြီး လွှဲအပ်ပေးဖို့ ဖြစ်ပါတယ်။

တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ပြည်သူတွေရဲ့ ကာကွယ်ရေး၊ လူထုတွေရဲ့ဖူလုံရေးနဲ့ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးတွေကို အတတ်နိုင်ဆုံးဖော်ဆောင်ပြီးမှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို လုပ်ဖို့ဖြစ်ပါ တယ်။ အသွင်ကူးပြောင်းရေးရတဲ့အချိန်မှာ  ပြည်နယ်အစိုးရရော၊ ပြည်နယ်ဖွဲ့စည်းပုံရော အသစ်ပေါ်လာတဲ့ အချိန်မှာ အာဏာလွှဲပြောင်းမှုတွေနဲ့ အစိုးရသစ်တွေပေါ်မှာ ဆက်ပြီးမှပူးပေါင်းဆောင်ရွက်မှုတွေ ဆက်သွားမှာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာမှာလည်း အခုတည်းက ပူးပေါင်းဆောင်ရွက်မှ အနာဂတ်မှာ ပြုပြင်ပြောင်းလဲမှုဆိုင် ရာ ဖက်ဒရယ်အသွင်ကူးပြောင်းမှုမှာ တည်မြဲတဲ့ ငြိမ်းချမ်းရေးတွေကို ရရှိပြီး တပ်ပိုင်းဆိုင်ရာတွေလည်း နောက် ပိုင်းမှာ ရှုပ်ထွေးမှုမရှိပဲ ပိုပြီးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပြည်နယ်အစိုးရရဲ့မျှော်လင့်ချက်တွေကို ရည်မှန်းထားပြီးမှ ဖော်ဆောင်နေပါတယ်။

-နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။ ပြောကြားပေးပါဦး။

အခုကြေညာလိုက်တဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ဒီနေ့နိုင်ငံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာ ခြင်း ဖြစ်ပါတယ်။ ဒီလိုပေါ်ပေါက်တဲ့အခြေအနေမျိုးမှာ ပဋိညာန်ပြဌာန်းချက်တွေနဲ့ လွဲချော်မှုတွေ မရှိပဲနဲ့ ပြီးရင် ဒီနေ့ နိုင်ငံရေးမှာဦးဆာင်နေတဲ့ NUG၊ NUCC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အားလုံးရည် မှန်းထားတဲ့ ဖက်ဒရယ်အခြေပြုတွေကို သွားတဲ့အရာပဲဖြစ်ပါတယ်။ ဖက်ဒရယ်ကို ကျွန်တော်တို့ သွားတဲ့အချိန် မျိုးမှာ အာဏာရှင်ကို ဆန့်ကျင်အောင်မြင်ပြီးမှ ဖက်ဒရယ်စနစ်အကောင်အထည်ဖော်ဖို့ အဲဒီအချိန်မှာ လုပ်ရ မယ်ဆိုတာမျိုးမဟုတ်ပဲ ဒီတော်လှန်ရေးကာလမှာလည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြည်နယ်အုပ်ချုပ် ရေးတွေ၊ ဒေသန္တရအုပ်ချုပ်ရေးတွေ မတူကွဲပြားတဲ့လူမျိုးစုတွေကို ကျွန်တော်တို့ အခွင့်အရေးပေးပြီးမှ ဒီနိုင် ငံရေးတည်ဆောက်ခြင်းက အနာဂတ်အတွက်ကို ပြင်ဆင်ရာ ရောက်ပါတယ်။ ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးရဲ့ထောက်ခံမှုတွေ ရရှိထားတယ်လို့ ယုံကြည်ပါတယ်။ အခုဆိုသဝဏ်လွှာ(၄၀) အဖွဲ့ အစည်းအသီးသီးက ပေးပို့ပြီး ကျွန်တော်တို့ရဲ ခြေလှမ်းတွေကို ပြည်နယ်နဲ့တိုင်းအသီးသီးက အင်အားစုတွေက စောင့်ကြည့်ပြီး အားပေးတာတွေ ရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.