မော်လမြိုင် – ဇွန်(၁၂)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မဟာမြိုင်ရပ်(၆)လမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၁) ရက်နေ့ ညပိုင်းက အသက်(၃၀) အရွယ် အမျိုးသမီးဟာ ကြိုးဆွဲချသေဆုံးနေတာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဇွန်လ(၁၂) ရက်နေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာပါ။

လက်ရှိအချိန်မှာတော့ သေဆုံးသူအမျိုးသမီးဟာ ဘာအကြောင်းကြောင့် ကြိုးဆွဲချသေဆုံးခဲ့ တာလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရာမညအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မော်လမြိုင်ဖို့၊ ဖက်တန်းရပ်ကွက် ဒေါင်းမင်းရပ်မှ အမျိုးသမီး တစ်ဦး၊ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးနဲ့ ပေါင်မြို့နယ် မုတ္တမမြို့ မြင်းတပ် ရပ်ကွက်မှ အမျိုးသားတစ်ဦးတို့လည်း ကြိုးဆွဲချသေဆုံးတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလအတွင်းမှာလည်း သံဖြူဇရပ်မြို့နယ်ဝါခရူကျေးရွာက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရာမည လူမှုကူညီကယ်ဆယ်ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.