ဂျာကာတာ၊ ဇွန်(၁၁) 

အင်ဒိုနီးရှားနိုင်ငံက အာနက်ကာရာကာတာအို မီးတောင်ဟာ ဇွန်လ(၉)ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာ​တွေဟာ ကောင်းကင်အထက် ၃ ကီလိုမီတာကျော်ကို ရောက်ရှိခဲ့တယ်လို့ အာ ဏာ ပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကာရာကာတာအို မီးတောင်ဟာ (၁၈၈၃)ခု နှစ်တုန်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးပြီး သမိုင်း ကြောင်းတစ်လျှောက်တွင် သေဆုံးမှုအများဆုံးနဲ့ဖျက်ဆီးမှုအများဆုံးဖြစ်ခဲ့တာပါ။ 

အာနက် ကာရာကာတာအို မီးတောင်ရဲ့ အနက် အဓိပ္ပါယ်ကိုတော့ကာရာကာတာအိုရဲ့ ကလေးငယ်လို့ ဖွင့်ဆိုထားပါတယ်။ 

မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းကို ပိုင်းခြားထားတဲ့ ရေလက် ကြားမှာ ပြာတွေ ဖုံးအုပ်သွားခဲ့တာပါ။ 

အင်ဒိုနီးရှားစံတော်ချိန် မနက် ၈ နာရီ ၄၆ မိနစ်ပေါက်ကွဲခဲ့မှုအပြီး အပျက်အစီးနဲ့ထိခိုက် သေ ဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ 

ပေါက်ကွဲမှုကြောင့် ပြာတွေနဲ့ မီးခိုးတွေဟာ တောင်ထိပ်မှ မီတာ ၃၀၀၀ အထက်ထိရောက်သွားခဲ့ ပြီး မီးခိုးရောင်၊ အမဲရောင်ရှိတဲ့ မီးတောင်ပြာထုတွေဟာ နိုင်ငံရဲ့အနောက်တောင်ဘက်မှာ ထူထဲ  စွာ ဖြစ်တည်နေကြောင်းသက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

ဒေသခံပြည်သူလူထုတွေ အနေနဲ့လည်း ပေါက် ကွဲသွားတဲ့ မီးတောင်ရပ်ဝန်းရဲ့ ၅ ကီလိုမီတာ အတွင်း သွားလာလှုပ်ရှားခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ 

၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ အာဏာပိုင်တွေက မီးတောင်နဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်ပေးခဲ့တဲ့အနက် အခု အာနက် ကာရာကာတာအို မီးတောင်အခြေအနေ ဟာဒုတိယအမြင့်ဆုံးအဆင့်သိပေးချက်ဖြစ်ခဲ့တာပါ။

 အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှကျွန်းစုနိုင်ငံဖြစ်ပြီး မီးတောင်နဲ့ ငလျင်လှုပ်ရှားမှု အမြင့်ဆုံးဖြစ်ပေါ်တဲ့ ကုန်းမြေထုချပ်တွေရှိပြီး အင်ဒိုနီးရှားတဝိုက်မှာ မီးတောင်ရှင် အရေအတွက် ၁၃၀ နီးပါးအထိရှိနေတာလည်း ဖြစ်ပါတယ်။ 

Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.