May 2023

စစ်အာဏာသိမ်း (၈၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၅၉ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၄) AAPP ရဲ့ မေ(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၂၂)ရက်အတွင်း ပြည်သူ (၃၄၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၈၅၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၀၀၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်တည်ငြိမ်ရေး တရုတ်ကြားဝင်ကြိုးပမ်းတာလို့ အကဲခတ်တွေပြေ

ာရန်ကုန်၊ မေ(၄) ပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ အကာကွယ်ပေးရေးအပါအဝင် ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ တရုတ်အနေနဲ့ မြန်မာနိုင်ငံ တည် ငြိမ်ရေးအတွက် ဝင်ရောက်စေ့စပ်ကြိုးပမ်းတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ ဧပြီ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ…

မွန်ပြည်နယ်မှာ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးသာ ပြန်လွတ်လာ

မော်လမြိုင်၊ မေ(၄) မွန်ပြည်နယ်မှာ စစ်ကောင်စီက ကဆုန်လပြည့်နေ့မှာကျရောက်တဲ့ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လွတ် ငြိမ်းပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၆ ဦးသာ ပါဝင်တယ်လို့ စစ်ကောင်စီလက် အောက်ခံအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီက လွတ်ငြိမ်းနဲ့ ပြန်လည်လွှတ်ပေးလိုက်သူတွေထဲမှာ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၂ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ပါဝင်ပြီး အများစုဟာ…

KNU တောင်ငူခရိုင်မှာ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

တောင်ငူ၊ မေ(၄) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်အတွင်းမှာ မေ ၂ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးအရှေ့ဘက်ကမ်းရှိ KNU တပ်မဟာ(၂)နယ်မြေထဲမှာရှိတဲ့ ဘုမ္မတီးကျေးရွာ၊…

တနင်္သာရီစစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီလိုအပ်နေ

တနင်္သာရီ၊ မေ(၄) မိုးတွင်းကာလကျရောက်တော့မှာ ဖြစ်တာကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေါန-တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင် စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့…

သူနာပြုဥပဒေနဲ့ ပတ်သက်ပြီး တောင်ကိုရီယားအသိုင်းအဝိုင်းက ဆရာဝန်တွေကန့်ကွက်ဆန္ဒပြ

ဆိုးလ်၊ မေ(၄) သူနာပြုတွေရဲ့ လစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေ တိုးမြင့်လာတာနဲ့အညီ သူနာပြုဥပဒေကြမ်းကလည်း ဆရာဝန်တွေရဲ့ အလုပ်ကိုထိခိုက်လာမှာစိုးရိမ်တာကြောင့် တောင်ကိုးရီးယားက ဆရာဝန် (၁) သောင်းကျော် ဟာ မေလ (၃) ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲတွင် အနစ်နာခံအပင်ပန်းခံနေတဲ့ သူနာပြုတွေကိုကူညီဖို့…

နေတိုး ဆက်ဆံရေးရုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်မယ်

တိုကျို – မေ(၄) နေတိုးအဖွဲ့က အာရှဒေသတွင်း တိုင်ပင်ဆွေးနွေးမှုတွေကို ပံ့ပိုးဆောင်ရွက်နိုင်ဖို့အတွက် ပထမဆုံး ဆက်ဆံရေးရုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ဂျပန်နဲ့ နေတိုး အာဏာပိုင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Nikkei Asia မှာဖော်ပြထားပါတယ်။ အဲဒီဆက်ဆံရုံးဟာ နေတိုးတပ်ဖွဲ့ရဲ့ လုံခြုံရေးမိတ်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန် စတဲ့ နေတိုးတပ်ဖွဲ့ရဲ့ လုံခြုံရေးမိတ်ဖက်တွေနဲ့အတူ တရုတ်နဲ့ ရုရှား…

ကမ္ဘာတစ်ဝှမ်း သတင်းလွတ်လပ်ခွင့် တိုက်ခိုက်ခံနေရတယ်လို့ ကုလသတိပေး

ဝါရှင်တန် – မေ(၄) နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) က ကမ္ဘာပေါ်ရှိ နိုင်ငံ(၁၀) နိုင်ငံမှာ (၃) နိုင်ငံ အတွင်းသာ သတင်းသမားတွေအတွက် ကျေနပ်အားရဖွယ်ရှိတယ်လို့ ဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်မှုခံနေရတယ်လို့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဂျာနယ်လစ် (၅၅) ဦးနဲ့ မီဒီယာလုပ်သားလေးဦး တာဝန်ထမ်းဆောင်နေ…

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် ကိုယ်တိုင်ထိန်းညှိမှုယန္တယား ဖွဲ့စည်းဖို့ တိုင်းရင်းသားမီဒီယာညီလာခံ ဆုံးဖြတ်

မော်လမြိုင် – မေ(၃) လွတ်လပ်တဲ့ မြန်မာ့သတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် အမှီအခိုကင်းတဲ့ ကိုယ်တိုင်ထိန်း ညှိမှု ယန္တယားလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ (၈) ကြိမ်မြောက် တိုင်းရင်းသား မီဒီယာ ညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်က (၃) ရက်တာကျင်းပခဲ့တဲ့ မြန်မာ့မီဒီယာတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၊ရေရှည်ရပ်တည်နိုင်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍ အတွက် (၈)…