May 30, 2023

ရာဇဝတ်ဂိုဏ်းသားတစ်ဦးအား ဖူးခက်မှာပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကနေဒါစစ်သားဟောင်းတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်

ဘန်ကောက်၊ မေ(၃၁) ၂၀၂၂ ခုနှစ်မှာ ရာဇဝတ်ဂိုဏ်သားတစ်ဦးအသတ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ကနေဒါနိုင်ငံသား မတ်တူဒျူပရီအား ထိုင်းနိုင်ငံသို့ အောင်မြင်စွာလွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက မေ(၂၉)ရက်က ပြောကြား ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကနေဒါစစ်သားဟောင်း ဒျူပရီဟာ ရာဇဝတ်သားတစ်ဦးဖြစ်တဲ့ ဂျီမီဆန်ဟူကို ပစ် သတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံဗဟို စုံစမ်းထောက်လှမ်းရေး ကော်မရှင်နာက မီဒီယာကွန့်ဖရင့်ကို ပြောကြားခဲ့တာပါ။ “သတ်ဖြတ်ရှင်းလင်းခံရသူဟာ United…

AI ကြောင့် လူတိုင်း ပရိုဂရမ်မာတစ်ဦး ဖြစ်လာနိုင်ပြီလို့ အန်ဗီဒီယာ ဆော့ဝဲလ်ကုမ္ပဏီအကြီး အကဲပြော

ဝါရှင်တန် – မေ(၃၁) AI နည်းပညာကြောင့် လူတွေဟာ ကွန်ပျူတာနဲ့ စကားပြောဆိုရုံသာ လိုအပ်သောကြောင့် လက်ရှိ အချိန်မှာ ကွန်ပျူတာပရိုဂရမ်မာ ဖြစ်လာနိုင်ပြီး နည်းပညာပိုင်းခြားမှုကို အဆုံးသတ်စေပြီဖြစ် တယ်လို့ အန်ဗီဒီယာ ဆော့ဝဲလ် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွာက ပြောပါတယ်။ အန်ဗီဒီယာဟာ (AI) အတွက် ချစ်ပ်တွေနဲ့ ကွန်ပျူတာ စနစ်တွေကို အဓိကတင်ပို့သူဖြစ်တာ ကြောင့်…

ခရစ်ပတို ငွေပေးချေနည်းအသုံးပြုနေတာ ရပ်တန့်ဖို့ ခရီးသည်တွေကို ဘာလီအုပ်ချုပ်ရေးရုံး သတိပေး

ဘာလီ – မေ(၃၁) အင်ဒိုနီးရှားနိုင်ငံရဲ့ ရေပန်းစားတဲ့ အပန်းဖြေ ကျွန်းပေါ်မှာ Crypto ငွေကြေးသုံးစွဲပြီး ကုန်ပစ္စည်း တွေကို ငွေပေးချေနေတာတွေရပ်တန့်ဖို့ ခရီးသွားတွေကို ဘာလီကျွန်းခရိုင်ဒေသန္တရရုံးက သတိပေးခဲ့ပါတယ်။ သတိပေးချက်ဟာ အင်ဒိုနီးရှားမီဒီယာဖြစ်တဲ့ Kompas ရဲ့ သတင်းအစီရင်ခံမှု နောက်ဆက်တွဲ ထွက်ပေါ်လာတာဖြစ်ပြီး ဘာလီကျွန်းတောင်ဘက် ကမ်းခြေအချက်အချာနေရာဖြစ်တဲ့ စမီရက် မှာရှိတဲ့ စားသောက်ဆိုင်၊တရားထိုင်အနားယူစတူဒီယို၊ မော်တော်ဆိုင်ကယ်ငှားရမ်းတဲ့နေရာတွေ မှာ Crypto…

သံနဲ့ သံမဏိလုပ်ငန်းတွေမှာ ဒေါ်လာအစား ယွမ်ငွေပြောင်းသုံးရင် လိုင်စင်ဦးစားပေးချပေးမယ်လို့ ဆို

နေပြည်တော် – မေ(၃၀) ပြည်တွင်း သံနဲ့ သံမဏိတင်သွင်းတာတွေကို ဒေါ်လာအစား ယွမ်ငွေ ပြောင်းလဲသုံးစွဲပါက လိုင်စင်ချထားမှု ဦးစားပေးမယ်လို့ မြန်မာနိုင်ငံသံနဲ့ သံမဏိအသင်းက ထုတ်ပြန်ထားပါတယ်။ အရင်က သံနဲ့ သံမဏိ တင်သွင်း၊တင်ပို့ရာမှာ ဒေါ်လာတမျိုးတည်းကိုသာ သုံးစွဲခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာအစား တရုတ်ယွမ်ငွေသုံးစွဲဖို့ ကုန်သွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံ သံနဲ့…

“အားလုံးရဲ့ ဘုံသဘောတူချက်ကတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်နေတဲ့အချိန် ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ အဲဒီလုပ်ငန်းတွေကို ပူးပေါင်းသင့်တဲ့ နေရာမှာ ပူးပေါင်းမယ်။ အတူတကွ လုပ်သင့်တဲ့နေရာမှာ အတူတကွလုပ်မယ့် သဘောမျိုးပါ”

အင်အားကြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ မေ ၂၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် KIO နဲ့ TNLA တို့ အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးအတွက် ဆက်လက်ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ ထာဝရ မဟာမိတ်စာချုပ် အကောင်အထည် ဖော်ဆောင်ရွက်မှု၊ မြေပြင်…

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကောင်းနေ

မော်လမြိုင်၊ မေ (၃၀) ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာ တစ်လျှောက်ဒေသတွေမှာ မေ လ (၃၀)ရက်နေ့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက် ခတ်တာ၊ မိုးထစ်ချုန်းတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီနေ့ မွန်းလွဲ (၁)နာရီခန့်ကစပြီး ရန်ကုန် အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊…

ရန်ကုန်မြို့မှာ PDF (၄)ဦးကို ခဲယမ်း၊ ဒရုန်းတွေနဲ့ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရန်ကုန် – မေ(၃၀) ရန်ကုန်မြို့၊ သင်္ယန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင်(၃) လမ်းမှာ PDF တပ်ဖွဲ့ဝင် (၄) ဦးဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ထုတ်ပြန်လာပါ တယ်။ စစ်ကောင်စီက သူတို့နဲ့အတူ ခဲယမ်း၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း…

ထားဝယ်မြို့နယ် ရေဝိုင်းဒေသခံ ၁၀ ဦး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

ထားဝယ်၊ မေ(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ၁၀ဦးကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သပြေချောင်းကျေးရွာကနေ ရေဝိုင်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။…