ကိယက်ဗ် – မေ(၁၉) 

ယူကရိန်းကိုရောက်နေတဲ့ တရုတ်အထူးကိုယ်စားလှယ်က ဘက်အားလုံးကို  ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

တရုတ်အထူးသံတမန်လီဟးအနေနဲ့ နှစ်ရက်တာ ကိယက်ဗ်ကို သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ယူကရိန်း-ရုရှား ပဋိပက္ခအရေးကို ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲမှာ နိုင်ငံရေးအရပြေလည်မှုနဲ့ အဆုံးသတ်စေမယ့် နည်းလမ်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရာမှာ ကောင်းမွန်တဲ့ ဘုံမျှခြေကိုမြှင့်တင်ဖို့၊ နိုင်ငံတကာအသိုက်အဝန်းကို တရုတ်ကဆန္ဒရှိနေပြီး တိုက်ပွဲတွေကို ရပ်တန့်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကို အမြန် ဆုံး ပြန်လည်ထူထောင်ဖို့ ဆန္ဒရှိပါတယ်” လိ့ု ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ ယူကရိန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို လျော့ပါးသက် သာစေဖို့ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေ အမြဲတမ်းပါဝင်ခဲ့ပြီး အဲဒီစွမ်းဆောင်ရည်အတိုင်း ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သူကဆက်လက် ပြောကြားခဲ့တာပါ။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ နယ်မြေဆုံးရှုံးခြင်း သို့မဟုတ် ပဋိပက္ခကိုအေးစက်စေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဘယ်လိုအဆိုပြုချက်ကိုမှ ကိယက်ဗ်က လက်ခံမှာမဟုတ်ကြောင်း အထူးသံတမန်လီကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း လီဟာ ပိုလန်၊ ပြင်သစ်၊ ဂျာမနီနဲ့ နောက်ဆုံး ရုရှားနိုင်ငံသို့ ရက်ပေါင်း များစွာကြာ ခရီးလှည့်လည်မှာဖြစ်ပြီး သူဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်ပြီးနောက် ယူက ရိန်းသို့ လာရောက်တဲ့ တရုတ်အကြီးတန်းအရာရှိလည်း ဖြစ်ပါတယ်။

လီရဲ့ ကိယက်ဗ်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ဆွေးနွေးခဲ့ကြပြီး အပြန်အလှန်လေးစားမှုကို ထိန်းသိမ်းကာ အပြန်အလှန်အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှေ့ဆက်သွားနိုင်ဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့အကြား မကြာသေးမီက ဖုန်းခေါ်ဆိုမှုမှာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဦးတည်ချက်ကို ထောက်ပြခဲ့ကြောင်း အစိုးရနှစ်ရပ်စလုံးမှ သဘောတူညီ ခဲ့ကြတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.