May 18, 2023

တရုတ်စစ်တပ်ကို ပျက်လုံးထုတ်မိတဲ့ ဟာသဖျော်ဖြေရေးကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂ သန်း ဒဏ်ရိုက်

ဘေဂျင်း၊ မေ(၁၉) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ပတ်သက်ပြီး ဟာသပျက်လုံးတစ်ခုကို ထည့်သွင်းမိခဲ့တဲ့ ဟာသ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို အာဏာပိုင်တွေက ယွမ်သန်းတဲ့ချီတဲ့ဒဏ်ငွေရိုက်ခဲ့ပြီး ဥပဒေအရ အရေးယူခံရ မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဘေးဂျင်းမြို့မှာကျင်းပခဲ့တဲ့ House လို့ အမည်ရတဲ့တင်ဆက်မှုတစ်ခုမှာ လီဟောင်ရှီ ဟာ တရုတ်တပ်မတော်ရဲ့ ကြွေးကြော်သံကို ရည်ညွှန်းတဲ့ ဟာသတင်ဆက်မှုကို ပြုမူခဲ့တာပါ။ လီက အဲဒီတင်ဆက်မှုမှာ ရှဉ့်တစ်ကောင်ကို လိုက်ဖမ်းနေတဲ့ သူရဲ့အိမ်မွေးခွေးတွေကို…

ယူကရိန်းရောက်နေတဲ့ တရုတ်သံတမန်က ငြိမ်းချမ်းရေးဆွေးနွေးဖို့တိုက်တွန်း

ကိယက်ဗ် – မေ(၁၉) ယူကရိန်းကိုရောက်နေတဲ့ တရုတ်အထူးကိုယ်စားလှယ်က ဘက်အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ တရုတ်အထူးသံတမန်လီဟးအနေနဲ့ နှစ်ရက်တာ ကိယက်ဗ်ကို သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ယူကရိန်း-ရုရှား ပဋိပက္ခအရေးကို ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရပြေလည်မှုနဲ့ အဆုံးသတ်စေမယ့် နည်းလမ်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့တယ်လို့…

ဘုရင့်ဥပဒေကိုပြင်ဆင်ချင်နေတဲ့ ဝန်ကြီးချုပ်မျိုးကို အတည်ပြုထောက်ခံဖို့မရှိဘူးလို့ ဖူမီကျိုင် ပါတီပြောကြား

ဘန်ကောက်၊ မေ(၁၉) ထိုင်းနိုင်ငံရွေးကောက်ပွဲရဲ့ တတိယအဆင့်အနိုင်ရပါတီဖြစ်တဲ့ ဖူမီကျိုင် (Thai Pride Party) ပါတီက နိုင်ငံရဲ့ တော်ဝင်အသိုင်းအဝိုင်းအပေါ် စောကြောဝေဖန်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ရေးလုပ်ဆောင်မယ့် ဝန်ကြီးချုပ်မျိုးကို မဲပေးမှာမဟုတ်ဘူးလို့ မေ(၁၇)ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားလိုက်တာကြောင့် အစိုးရဖွဲ့တော့မယ့် အမြင့်ဆုံးခေါင်းဆောင်နှစ်ဦးရဲ့ လမ်းကြောင်းကို ပိုမို ရှုပ်ထွေးသွားစေခဲ့တာပါ။ “ဖူမီကျိုင် ပါတီအနေနဲ့ ပြည်သူလူထုကို အသိပေးလိုတာကတော့ ပါတီဟာ ပြစ်မှုဆိုင်ရာ…

“ကယ်ဆယ်ရေးတွေက အများအားဖြင့် ဘုန်းကြီးကျောင်းတွေ၊ ရွာရဲ့စာသင်ကျောင်းတွေမှာ ထားတယ်။ ဒါပေမယ့် အဲဒီနေရာတွေကလည်း လုံခြုံလားဆို မလုံခြုံဘူး။ အမိုးတွေဘာတွေ ပွင့်သွားတာလည်းရှိတယ်။ ဒါပေမယ့် မလုံခြုံပေမယ့် လုံခြုံတဲ့နေရာက အဲဒီနေရာလေးက အကောင်းဆုံးဖြစ်နေတော့ အဲဒီလိုမျိုးနေရာတွေမှာပဲ ထားကြတာပေါ့ အခုထိတော့”

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က အလွန်အလွန့်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါ ဝင် ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သလို မြို့တော်စစ်တွေဟာလည်း ၉၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်သူတွေဟာ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက် သုံးရေ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ၊…

ရခိုင်မုန်တိုင်းဘေးအတွက် NUG သိန်းတစ်ထောင်လှူဒါန်း

စစ်တွေ – မေ(၁၇) ရခိုင်ပြည်နယ်ကိုဝင်ရောက်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးမှုတွေ အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ NUG အစိုးရက ငွေကျပ်သိန်းတစ်ထောင်လှူဒါန်းခဲ့တယ်လို့ ULA/AA ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလ(၁၄) ရက်နေ့က ရခိုင်ပြည်နယ်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် ဒေသတော်တော်များများဟာ (၉၅) ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ရတာပါ။ ဒီလိုထိခိုက်ပျက်စီးမှုတွေအတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့နေရာမှာ အသုံးပြုဖို့အတွက် KIO ဗဟိုဌာနချုပ်က…

“အစားအသောက်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ မြေပြင်မှာတော့ဈေးနှုန်းတွေတအားကြီးနေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကလည်း ဝယ်မစားနိုင်ဘူး။ သူတို့မှာလည်း ဝင်ငွေမရှိ၊ အိမ်မရှိ၊ အိုးမရှိဒုက္ခရောက်နေတဲ့ အချိန်အ ခါမျိုးမှာ အဲဒါကိုသူတို့(စစ်ကောင်စီ)က အချိန်နဲ့တပြေးညီစနစ်တကျ ကူညီဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်”

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ကြောင့် မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက် မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့်လက်ရှိရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်ပြည်သူ တွေရဲ့ အခက်အခဲ၊ လိုအပ်နေတဲ့အကူအညီတွေ၊ စစ်ကောင်စီရဲ့အကူအညီပေးနေတယ်ဆိုတဲ့အပေါ်…

မြဝတီမြို့နယ်ကျောက်မိုင်းဒေသကို စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

မြဝတီ – မေ(၁၇) ကရင်ပြည်နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ် ကျောက်မိုင်းဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မေလ(၁၇) ရက်နေ့ မနက်အစောပိုင်းမှာ မြဝတီမြို့နယ် ကျောက်မိုင်းဒေသဘက်ကို စစ်ကောင်စီ ဂျက်ဖိုက်တာက (၃) ကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ တော်လှန် ရေးအင်အားစုတွေက ဆိုပါတယ်။…

ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာ

ဒီးမော့ဆို – မေ(၁၇) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ဒေသတွေကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ နေ့ရောညပါတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၃) ရက်နေ့ကစပြီး စစ်ကောင်စီရဲ့အင်အား (၂၀၀) လောက်ပါတဲ့ စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ကောင်စီစစ်ကြောင်းမှာ…