ပြုံယမ်း၊ မေ(၁၈)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုလ်တု လွှတ် တင်မယ့်အစီအစဉ်ကို အတည်ပြုခဲ့ပြီး မိမိနိုင်ငံကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးမှာဖြစ်ကြောင်း ကတိပြုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မေလ (၁၇) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ 

ကင်မ်ဂျုံအန်က စစ်တပ်ရဲ့ ပထမဆုံးကင်းထောက်ဂြိုလ်တုကို လွှတ်တင်ဖို့အတွက် အမြဲတမ်းမဟုတ်တဲ့ ဂြိုလ်တုလွှတ်တင်ရေးကြိုတင်ပြင်ဆင်မှုကော်မတီနဲ့ မနေ့ကတွေ့ဆုံခဲ့ကာ လျှို့ဝှက်ဂြိုလ်တုကို လွှတ်တင်ဖို့ အသင့်ဖြစ်နေပြီလို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

စစ်ဘက်ကင်းထောက်ဂြိုဟ်တုတွေ ပိုင်ဆိုင်ခြင်းရဲ့ မဟာဗျူဟာသဘောသဘာဝကို အာရုံစိုက်နေပြီး အမေ ရိကန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားနိုင်ငံအပေါ် ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်မြှင့်လုပ်ဆောင် နေတာဖြစ်ကြောင်း ကင်မ်က စွပ်စွဲခဲ့ပါတယ်။ 

“အမေရိကန်နယ်ချဲ့သမားတွေနဲ့ တောင်ကိုရီးယား ရုပ်သေးရုပ်လူကြမ်းတွေက မြောက်ကိုရီးယားနဲ့ ထိပ် တိုက်ရင်ဆိုင်မှုတွေ အရှိန်မြှင့်လာလေလေ မြောက်ကိုရီးယားက သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံကို ကာကွယ်ဖို့ ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့်ကို ပိုပြီးပြင်းထန်စွာ ဆထက်တိုးပြီးကျင့်သုံးလိမ့်မယ်” လို့ ကင်မ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး KCNA က အစီရင်ခံခဲ့တာပါ။ 

ပါတီရဲ့မူဝါဒက ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်ဖို့နဲပ နိုင်ငံရဲ့ အာကာသစစ်တပ်၊ သိပ္ပံနှင့် နည်းပညာတို့ ကိုဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ကြောင်း ကင်မ်က ဆိုပါတယ်။ 

“စစ်တပ်ကင်းထောက်ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်ဖို့က တိုင်းပြည်ရဲ့လုံခြုံရေးဝန်းကျင်အတွက် အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်” လို့သူက ပြောခဲ့ပါသေးတယ်။ 

စစ်ရေးထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်ကို ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ အာကာ သဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဖြစ်တဲ့ အမျိုးသားလေကြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကွပ်ကဲမှုဌာနသို့ ပြီးခဲ့တဲ့ လက သွားရောက်လည်ပတ်စဉ်အတွင်း ကြိုတင်ပြင်ဆင်မှုပြုလုပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ 

မကြာသေးမီက ပြုံယမ်းရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ အမေရိကန်၊ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။ 

Ref: Yenisafak

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.