ထိုင်ဝမ်၊ မေ(၁၈)

အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ရည်မှန်းချက်တွေကိုရင်ဆိုင်ဖို့ ထိုင်ဝမ်၊ အမေရိကန်တို့နဲ့ အတူ ကူညီပေးခဲ့ တဲ့အတွက်ကြောင့် ဂျပန်၊ တောင်ကိုရီးယားနဲ့ဖိလစ်ပိုင်တို့ကို ထိုင်ဝမ်ပါလီမန်ဥက္ကဋ္ဌက မေလ (၁၆) ရက်နေ့က “ကာ ကွယ်ရေးလခြမ်း” အဖြစ်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ 

တရုတ်နိုင်ငံရဲ့ အာဏာရကွန်မြူနစ်ပါတီ (CCP) နဲ့ ခေါင်းဆောင် ရှီကျင်းဖျင်တို့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ကမ္ဘာလုံးဆိုင်ရာစံပြုမှုဆီတက်လှမ်းဖို့ ထိုင်ဝမ်ကို သူတို့ရဲ့လှေကားထစ်အဖြစ် ရှုမြင်ကြောင်း ဆိထိုင်ဝမ်ပါလီမန်ဥက္ကဌ ယူစီခွန်က ဝါရှင်တန်မှာ ဟာ့ဆန်အင်စတီကျူမှ အကြံပေးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။

” ထိုင်ဝမ်ကို အကာအကွယ်ပေးတာဟာ ဥရောပနဲ့ အမေရိကန်ကို ကာကွယ်တာနဲ့ တူညီတယ်လို့ ပြောလို့ ရပါတယ်” လို့ သူကပြောခဲ့တာပါ။  

ယူအနေနဲ့ ထိုင်ဝမ်ရဲ့ လက်ရှိအာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီမှာ ပါဝင်ပေမယ့်လည်း သမ္မတ ဆိုင် အင်ဝမ်အတွက် ပြောဆိုတာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ထိုင်ဝမ်အရေးဟာ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး လက်ရှိအနေအထားကို အင်အားသုံးပြီးပြောင်းလဲဖို့ ကြိုး ပမ်းနေမှုကို ဆန့်ကျင်ခြင်းအတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုတို့ကို ယူကချီးကျူးခဲ့တာ ဖြစ်ပါတယ်။  

ဒါဟာ ထိုင်ဝမ်ရေလက်ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဥရောပနဲ့ ဘာမှမဆိုင်ဘူးလို့ ပြင်သစ်သမ္မတ အီမန် နျူရယ် မာကွန်ရဲ့ မှတ်ချက်ကို အခုလို ချေဖျက်လိုက်တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကလည်း ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းတွေဆီ အမေရိကန်ကို ဝင်ရောက်ခွင့်ပေးခြင်းဟာ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုပါက ကာကွယ်ရေးအစီအမံအတွက် အသုံးဝင်မယ့်အရာတစ်ခုဖြစ်ကြောင်း ယူက ပြောခဲ့ပါသေးတယ်။ 

“ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့က ဖွဲ့စည်းထားတဲ့ “ကာကွယ်ရေးလခြမ်း” ဟာ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အင်ဒို-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အဓိက ထိန်းသိမ်းသူတွေ ဖြစ်လာမှာပါ” ဟု ယူက ဖြည့်စွက်ပြောခဲ့တာပါ။ 

ရှီကျင့်ဖျင်ကို ဒုတိယပူတင်မဖြစ်လာစေဖို့ မဆင်မခြင်လုပ်ဆောင်မှုတွေကို တားဆီးဖို့ ဒီမိုကရေစီအင်အား စုတွေက ယူကရိန်းနိုင်ငံအား ခိုင်မာတဲ့ထောက်ခံမှုပေးသလိုမျိုးပဲ ရှီကျင့်ဖျင်ကိုအဟန့်အတားဖြစ်စေဖို့ လုပ် ဆောင်သင့်တယ်လို့ ယူက ပြောပါတယ်။ 

ထိုင်ဝမ်ရဲ့လုံခြုံရေးကို သေချာမှုရှိစေတာဟာ ကမ္ဘာလုံးဆိုင်ရာပြည်သူတွေရဲ့ အကျိုးစီးပွားကို သေချာစေ တာဖြစ်ကြောင်းဆိုခဲ့ပြီး “တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက်မထားရင် လူသားအားလုံးအတွက် မှောင်မိုက်တဲ့အနာဂတ်ဟာ စောင့်မျှော်နေပါတယ်” လို့ ယူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ဘေဂျင်းရဲ့အချုပ်အခြာအာဏာကို လက်ခံဖို့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းစုကို တွန်းအားပေးတဲ့အနေနဲ့ ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်မှာသူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ် ဆောင်လျက်ရှိနေပါတယ်။

ထိုင်ဝမ်ကို ဘေဂျင်းအစိုးရဲ့ထိန်းချုပ်မှုအောက်ကို ထည့်သွင်းဖို့ အင်အားအသုံးပြုမယ့်မူဝါဒကို ဘယ်သောအခါမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့လည်း အခိုင်အမာပြောဆိုထားတာဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.