May 17, 2023

မြောက်ကိုရီးယားရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ဖို့ ကင်ဂျုံအန်အတည်ပြု

ပြုံယမ်း၊ မေ(၁၈) မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုလ်တု လွှတ် တင်မယ့်အစီအစဉ်ကို အတည်ပြုခဲ့ပြီး မိမိနိုင်ငံကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးမှာဖြစ်ကြောင်း ကတိပြုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မေလ (၁၇) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ကင်မ်ဂျုံအန်က စစ်တပ်ရဲ့ ပထမဆုံးကင်းထောက်ဂြိုလ်တုကို လွှတ်တင်ဖို့အတွက် အမြဲတမ်းမဟုတ်တဲ့ ဂြိုလ်တုလွှတ်တင်ရေးကြိုတင်ပြင်ဆင်မှုကော်မတီနဲ့ မနေ့ကတွေ့ဆုံခဲ့ကာ လျှို့ဝှက်ဂြိုလ်တုကို လွှတ်တင်ဖို့ အသင့်ဖြစ်နေပြီလို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ…

ဗီယက်နမ်မှာ ၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ခွင့် မပေးတော့ဘူးလို့ထုတ်ပြန်

ဟနွိုင်း – မေ(၁၈) ဗီယက်နမ်နိုင်ငံမှာ လာမယ့် ၂၀၃၀ ခုနှစ်နောက်ပိုင်းကစပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံအသစ်တွေကို တည်ဆောက်ခွင့်ပေးမှာမဟုတ်တော့ဘူးလို့ သတင်း ထုတ်ပြန်ထား ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ဟာ ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု အသား တင်အမှတ် သုည အထိရောက်အောင် လျှေချမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကျင်းပခဲ့ တဲ့ COP-26…

ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့ကို ‘ကာကွယ်ရေးလခြမ်း’ လို့ ထိုင်ဝမ်ပါလီမန်ဥက္ကဋ္ဌ ချီးကျူး

ထိုင်ဝမ်၊ မေ(၁၈) အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ရည်မှန်းချက်တွေကိုရင်ဆိုင်ဖို့ ထိုင်ဝမ်၊ အမေရိကန်တို့နဲ့ အတူ ကူညီပေးခဲ့ တဲ့အတွက်ကြောင့် ဂျပန်၊ တောင်ကိုရီးယားနဲ့ဖိလစ်ပိုင်တို့ကို ထိုင်ဝမ်ပါလီမန်ဥက္ကဋ္ဌက မေလ (၁၆) ရက်နေ့က “ကာ ကွယ်ရေးလခြမ်း” အဖြစ်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အာဏာရကွန်မြူနစ်ပါတီ (CCP) နဲ့ ခေါင်းဆောင် ရှီကျင်းဖျင်တို့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ကမ္ဘာလုံးဆိုင်ရာစံပြုမှုဆီတက်လှမ်းဖို့ ထိုင်ဝမ်ကို သူတို့ရဲ့လှေကားထစ်အဖြစ် ရှုမြင်ကြောင်း…

တနင်္သာရီတိုင်း စိုက်ပျိုး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

လောင်းလုံး – မေ(၁၇) တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်းဦးမြင့်စန်းဟာ ဒီနေ့ မေလ(၁၇) ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က သံလွင်တိုင်းမ် ကိုပြောပါတယ်။ သူဟာပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကနေ ရွေးကောက်ပွဲအနိုင်ရပြီးနောက် တနင်္သာရီတိုင်း အစိုးရအဖွဲ့မှာ ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက်(၆၈) နှစ်ရှိပြီဖြစ်တဲ့…

“ရှေ့တန်း(စစ်ကောင်စီ)တပ်သားတွေက အထူးသဖြင့် ဒေသခံရွာ သားတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို လုယူခြိမ်းခြောက်တောင်း ယူတာတွေ အိမ်တွေကို မီးရှို့တာတွေ ရှိနေ တယ်။ တပ်မဟာ ၁၊ တပ်မဟာ၂၊ တပ်မဟာ၃၊ တပ်မဟာ၅၊ တပ်မဟာ ၆ဒေသတို့မှာ ဆက် ဖြစ်ပွားနေတုန်းပဲ”

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင် စီတပ်နဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု ၄ သိန်းကျော်ဟာ ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေကြရပြီး အသက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက မေ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU…

မန်ယူနိုက်တက်အသင်းကို တန်ကြေးထက်ပိုတဲ့ ကမ်း လှမ်းမှုနဲ့ ကာတာဘီလျံနာရှိတ်ဂျာဆင်း ဝယ်ယူနိုင်ဖို့ထပ်ကြိုးစား

မော်လမြိုင်၊ မေ(၁၇) ပရီးမီးယားလိဂ်ကလပ်မန်ယူနိုက်တက်အသင်းကို ဝယ် ယူနိုင်ဖို့အတွက် အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေပြုလုပ်နေခဲ့တဲ့ ကာတာဘီလျံနာရှိတ်ဂျာဆင်းအနေနဲ့ အဆင်မပြေမှုများစွာရှိနေခဲ့ပေမယ့်နောက်ဆုံးအကြိမ်အဖြစ်တန် ကြေးထက်ပိုတဲ့ ကမ်းလှမ်းမှုတွေနဲ့အတူ ထပ်မံကမ်းလှမ်းဖို့ရှိနေကြောင်း Daily Mail ရဲ့ဖော်ပြချက်အရသိရပါတယ်။ ကာတာဘီလျံနာရှိတ်ဂျာဆင်းအနေနဲ့ မန်ယူနိုက်တက်အ သင်းရဲ့ ရှယ်ယာအလုံးစုံကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းနေခဲ့တာဖြစ်ပြီး ၁၀၀ ရာခိုင် နှုန်းပြည့် ပိုင်ဆိုင်မှုအတွက် ပေးချေရဖို့ရှိနေတဲ့ ကြွေးမြီပေါင် သန်း ၅၀၀ ကိုပါပေး ချေဖို့…

ရေးအခြေစိုက်အမြောက်တပ်က တိုက်ခိုက်ခံရမှာစိုးရိမ်ပြီး လမ်းပိတ်ထားလို့ ပြည်သူတွေအခက်ကြုံ

ရေး၊ မေ(၁၇) မွန်ပြည်နယ်၊ ရေးမြို့နယ်မော့ကနင်ရွာသစ်ကျေးရွာ အခြေစိုက်စစ်ကောင်စီ အမြောက်တပ်ဟာ သူတို့တပ်ရင်း တိုက်ခိုက်ခံရမှာစိုးရိမ်ပြီး တပ်အဝင်လမ်းဖြစ်တဲ့ အများပြည်သူအသုံးပြုနေတဲ့လမ်းကို သစ်ပင်တွေလှဲချပြီး ပိတ်ဆို့ထားတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအမှတ် ၃၁၇ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကစပြီး တပ်ရင်းမရောက်မီ ၂ ဖာလုံလောက်ကတည်းက သစ်ပင်ကြီးတွေခုတ်လှဲပြီး လမ်းပိတ်ဆို့ထားတာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၈၃၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၁၇ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၇) AAPP ရဲ့ မေ(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၃၅)ရက်အတွင်း ပြည်သူ (၃၅၁၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၃၁၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…