ကိဗ်၊ မေ(၉)
၁၉၄၅ ခုနှစ် နာဇီဂျာမနီက တိုက်ခိုက်ခံခဲ့ရသလိုဘဲ ရုရှားတပ်တွေ ယူကရိန်းမှာ အရေးနိမ့်သွားစေမယ်လို့ သမ္မတဇီလန်စကီးက တနင်္လာနေ့က ဒုတိယကမ္ဘာစစ်အဆုံးသတ်တဲ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ကတိပြုပြော ဆိုလိုက်ပါတယ်။
ဇီလန်စကီးဟာ ဥရောပအောင်ပွဲနေ့ဖြစ်တဲ့ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့ မဟာမိတ်တပ်တွေထံ နာဇီဂျာမနီ လက်နက်ချမှုနှစ်ပတ်လည်နေ့မှာ မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ကိဗ်မြို့ရှိ စစ်ပွဲအောက်မေ့ဖွယ်အခမ်းအနားမှာ ပြောဆိုခဲ့တဲ့သူ့ရဲ့မိန့်ခွန်းဟာ မော်စကိုမြို့ရှိ လုံခြုံရေးတပ် လှန့်မှုဖြင့် ရင်ပြင်နီ၌ စစ်တပ်ချီတက်ပွဲ ပြုလုပ်မယ့် အောင်ပွဲနေ့မတိုင်မီ တစ်ရက်အလိုမှာ ထွက်ပေါ်လာ တာပါတယ်။
တစ်ချိန်တည်းမှာဘဲ ယူကရိန်းတပ်ဖွဲ့တွေဟာ မြို့တော်အတွင်း ရုရှားတိုက်ခိုက်ရေးဒရုန်းသုံးဒါဇင်နီးပါးကို ပစ်ချခဲ့ပြီး မြို့တော်မှာ ဖောက်ခွဲမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံတွေကို ညတွင်းချင်းပင် ထုတ်လွှင့်ခဲ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။
“ခေတ်သစ်ရုရှားနိုင်ငံက ပြန်လည်ယူဆောင်လာတဲ့ မကောင်းဆိုးဝါးဟောင်းတွေ နာဇီဝါဒ ရှုံးနိမ့်ခဲ့သလိုပဲ ရှုံးနိမ့်သွားလိမ့်မယ်” လို့ ဇယ်လန်းစကီးက စစ်ပွဲဆိုင်ရာ အထိမ်းအမှတ် ဗီဒီယိုထုတ် ပြန်ချက်တစ်ခုမှာ ပြောခဲ့တာပါ။
“အဲဒီတုန်းက မကောင်းဆိုးဝါးတွေကို အတူတူ ဖျက်ဆီးခဲ့သလို အခုလည်း အလားတူ ဖျက်ဆီးနေပါတယ်” လို့ သူက ဆက်လက်ပြောပါတယ်။
ရုရှားနဲ့ တခြားဆိုဗီယက်နိုင်ငံဟောင်းတွေရဲ့နှစ်ပေါင်းများစွာ သတ်မှတ်ထားတဲ့ မေလ ၉ ရက်နေ့လို ယူကရိန်း မှာ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်အဖြစ် မေလ ၈ ရက်နေ့ကို ပါလီမန်မှာ အဆိုတင်သွင်းခဲ့တယ်လို့ သူက ပြော ပါတယ်။
ဇီလန်စကီးက ယူကရိန်းဟာ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုကို မြှင့်တင်တဲ့အနေဖြင့် မေလ ၉ ရက်နေ့မှာ ဥရောပနေ့ကို အထိမ်းအမှတ်အဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ အဲဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး ဥရောပကော်မရှင် အကြီးအကဲကလည်း အင်္ဂါနေ့မှာ ဇီလန်း စကီးနဲ့ ဆွေးနွေးဖို့အတွက် ကိဗ်သို့ လာရောက်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ကရင်မလင်ကတော့ သူ့ရဲ့ကျူးကျော်မှုကို အကြောင်းပြဖို့ ဒုတိယကမ္ဘာစစ်ရဲ့ ဖြစ်ရပ်ကို ကိုးကားခဲ့ပြီး ယမန်နှစ် ဖေဖော်ဝါရီမှာ ယူကရိန်းအား “de-Nazify” စစ်ပွဲအဖြစ် စတင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ယူကရိန်းခေါင်းဆောင်က ကရင်မလင်ဟာ ရန်လိုမှု၊ သိမ်းပိုက်မှုနဲ့ ပြည်နှင်ဒဏ်တို့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ဒါတွေအားလုံးဟာ ယူကရိန်းရဲ့အောင်ပွဲနဲ့ လွတ်လပ်သောကမ္ဘာအတွက် ငါတို့ရဲ့အောင်ပွဲက အဖြေဖြစ် လိမ့်မယ်” လို့ သူက ပြောခဲ့ပါတယ်။
Ref: CNA