May 8, 2023

နာဇီတွေပုံစံအတိုင်း ရုရှားကိုအနိုင်ယူမယ်လို့ ဇီလန်စကီးပြောကြား

ကိဗ်၊ မေ(၉) ၁၉၄၅ ခုနှစ် နာဇီဂျာမနီက တိုက်ခိုက်ခံခဲ့ရသလိုဘဲ ရုရှားတပ်တွေ ယူကရိန်းမှာ အရေးနိမ့်သွားစေမယ်လို့ သမ္မတဇီလန်စကီးက တနင်္လာနေ့က ဒုတိယကမ္ဘာစစ်အဆုံးသတ်တဲ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ကတိပြုပြော ဆိုလိုက်ပါတယ်။ ဇီလန်စကီးဟာ ဥရောပအောင်ပွဲနေ့ဖြစ်တဲ့ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့ မဟာမိတ်တပ်တွေထံ နာဇီဂျာမနီ လက်နက်ချမှုနှစ်ပတ်လည်နေ့မှာ မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိဗ်မြို့ရှိ စစ်ပွဲအောက်မေ့ဖွယ်အခမ်းအနားမှာ ပြောဆိုခဲ့တဲ့သူ့ရဲ့မိန့်ခွန်းဟာ မော်စကိုမြို့ရှိ…

ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းရွေးကော် စုံစမ်းစစ်ဆေးနေ

ဘန်ကောက် – မေ(၉) ထိုင်းနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ကြိုတင်မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယွတ်ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားချက်တွေ လူမှုကွန်ရက် မှာဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး လူထုကွန်ရက်အဖွဲ့က အမည်တွေမပါဝင်တာ၊ မဲဆန္ဒလွှာမှာ လူမှားယွင်းတာ၊ မဲရုံရှိ ယှဉ်ပြိုင်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း မပြည်စုံတာ စတဲ့ တိုင်တန်ချက်(၃၀၀) ကျော်ကို…

မြန်မာနိုင်ငံမှာ အကူအညီပေးနေတဲ့ အာဆီယံအရာရှိတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အင်ဒို သမ္မတ ရှုတ်ချ

ရန်ကုန် – မေ(၉) မြန်မာနိုင်ငံမှာအာဆီယံအရာရှိတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေချိန် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ရှုတ်ချထား ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အနေနဲ့ တိုက်ခိုက် တာတွေမရှိဘူးလို့ဆိုထားပြီး ရှမ်းပြည်နယ်တောင်ကြီးခရိုင်အတွင်း တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာ အခြေစိုက် PDF တွေကလည်း ဒီကစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ထားတာမရှိသေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့်(၄၂) ကြိမ်မြောက်…

မကွေးမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ၊ (၇)ဦးသေဆုံးခဲ့တယ်လို့ မြိုင် (ပ.က.ဖ) ထုတ်ပြန်

ပခုက္ကူ – မေ(၈) မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် (၇)ဦးသေဆုံးကာ (၁၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင် (ပ.က.ဖ) က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလ(၇) ရက်နေ့က ပခုက္ကူမြို့နယ် ကန်တော်ရွာကို ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားလည်း ကမ္မအနီး ဂျိုးပျံ ရပ်…

ခင်ဦးကို စစ်ကြောင်းထိုးနေလို့ ပြည်သူ (၇၀၀၀) ကျော်ထွက်ပြေးနေရ

ခင်ဦး – မေ(၈) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေတဲ့အတွက် ခင်ဦးမြို့နယ်အရှေ့ခြမ်းနဲ့ နောက်ခြမ်းရွာတွေက ဒေသခံ(၇၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့မေလ(၇) ရက်နေ့ မနက်ပိုင်းကစပြီး ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းကို ရေဦးမြို့နယ် ထဲ ကလာတဲ့ စစ်ကောင်စီရဲ့ အင်အား(၇၀) ပါစစ်ကြောင်းဝင်ရောက်နေသလို အရှေ့ဘက်ခြမ်းကို တော့ အင်အား(၁၀၀) ကျော်နဲ့…

သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူ့ဂုဏ်ရည်ဆု ရရှိ

မော်လမြိုင် – မေ(၇) ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၁၄) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့အလယ်မှာ CDM လှုပ်ရှားသူတွေကို ဦးဆောင် ကိုယ်စားပြုခဲ့သူဖြစ်တဲ့အတွက် ဦးကျော်မိုး ထွန်း ကိုဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်တည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့…