April 2023

ကျောင်းသားလူငယ်တွေကို ရေကြောင်းနဲ့လေကြောင်း သင်တန်းတွေပို့ချပြီး စစ်ကောင်စီစည်းရုံး

နေပြည်တော် ၊ ဧပြီ (၂၆) အာဏာသိမ်းစစ်ကောင်စီဟာ အခုနှစ်နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသား၊ ကျောင်းသူလူ ငယ်တွေအတွက် ရေကြောင်းနဲ့လေကြောင်း လူငယ်အခြေခံသင်တန်းတွေနဲ့ တန်းမြင့်သင်တန်းတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စတင်ဖွင့်လှစ်နေပြီလို့ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။ အခြေခံရေကြောင်း လူငယ်အခြေခံသင်တန်းနဲ့ တန်းမြင့်သင်တန်းတို့ကို ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းအပါအဝင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းရှိ သင်တန်းစခန်း ၁၁ ခုတို့…

မွန်ပြည်နယ်မှာစစ်ကောင်စီက အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီးနောက် ဆိုင်ကယ်ခိုးမှုတွေ ပိုများလာ

မော်လမြိုင်၊ ဧပြီ(၂၆) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခိုးဆိုးလုယက် မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသူ၊ အကျဉ်သားတွေကို လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးပြီးနောက် ဆိုင်ကယ်ခိုးမှုတွေ ပိုမို ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ မြန်မာ့နှစ်ဆန်းတစ်ရက်မှာ ပြည်နယ်အတွင်းရှိ အကျဉ်း ထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးကနေ…

နိုင်ငံတဝန်းမှာ ချိတ်ပိတ်ခံရတဲ့ နေအိမ်၊ အဆောက်အဦး ၇၅၀ ကျော်အထိရှိလာ

မော်လမြိုင်၊ ဧပြီ(၂၆) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အဦး ၇၅၀ ကျော်အထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ AAPP အဆိုအရ ချိတ်ပိတ်ခံရတဲ့နေအိမ်၊ အဆောက်အဦးအပါအဝင်…

ဓါတုလက်နက်လို့ ယူဆရတဲ့ဗုံးတွေ စစ်ကောင်စီအသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေပြော

မြဝတီ၊ ဧပြီ(၂၆) KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က နေ့စဉ်နဲ့အမျှလေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရုံသာမက ဓါတုလက်နက်လို့ယူဆရတဲ့ ဗုံးတွေကိုပါအသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေ မဲကနယ်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီပထမအပတ်ကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်းလာတာကြောင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။…

ဖယ်ခုံအနောက်ခြမ်းက ဆောင်းဖွေးဆေးရုံကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲပြန်

ဖယ်ခုံ – ဧပြီ(၂၅) ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ (၂၅) ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီဟာ ဆောင်းဖွေးဆေးရုံကို လေယာဉ်နဲ့ (၃) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိမပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ စစ်တပ်လေယာဉ်နဲ့…

ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို ဘန်ကီမွန်း တောင်းဆို

နေပြည်တော် – ဧပြီ(၂၅) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုး ရ NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင်ဖို့ စစ်ကောင်စီကို ဘန်ကီမွန်း တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၃) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် စစ်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး လမ်းကြောင်းကို…

မလေးရှားမှာ ကိုဗစ်ပိုးအသစ် အာကျူရပ်စ်ကူးစက်သူ ၁၂ ဦးအထိရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးပြော

ကွာလာလမ်ပူ၊ ဧပြီ(၂၆) မလေးရှားနိုင်ငံအတွင်းမှာ Covid 19 XBB 1.16 (အာကျူရပ်စ်မျိုးကွဲ) ကူးစက်မူဖြစ်စဉ် ၁၂ ဦးအထိ စမ်း သပ်တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီး ဇာလီဟာ မူစတာဖာက ပြောကြားခဲ့ပါတယ်။ “ဧပြီလ ၂ ရက်နေ့အထိ ကိုဗစ်မျိုးကွဲအသစ်ကို မလေးရှားအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ရှာဖွေ တွေ့ရှိပြီ ဖြစ်ပါတယ်” လို့ မလေးရှားကျန်းမာရေးဝန်ကြီးက…

အမေရိကန် နဲ့ တောင်ကိုရီးယားတို့ အာကာသ ပူးပေါင်းဆောင်ရွက်မှု သဘောတူ လက်မှတ်ထိုး

ဝါရှင်တန် – ဧပြီ(၂၆) အမေရိကန်ရဲ့ နာဆာနဲ့ တောင်ကိုရီးယား သိပ္ပံအေဂျင်စီတို့ဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ အတွက် နည်းပညာမြင့် ချိတ်ဆက်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးချဲ့ဖို့ အတွက် နှစ်နိုင်ငံ အာကာသအတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်ရွယ်တဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောပါတယ် တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုက အမေရိကန်-တောင်ကိုရီးယား…

နီပေါအစိုးရက ဒီနှစ်အတွက် ဧဝရက်တောင်တက်ခွင့် (၄၅၀) ကျော်ခွင့်ပြု

ခတ္တမန္ဒု – ဧပြီ(၂၆) ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ပေါ်ကို တက်ရောက်လိုသူတွေအတွက် နီပေါအစိုးရ က ဒီနှစ် နွေဦးမှာ တောင်တက်ခွင့် (၄၅၄) ဦးအထိ ခွင့်ပြုမိန့်ပေးသွားဖို့ နီပေါအစိုးရက စီစဉ် ထား တယ်လို့ သိရပါတယ်။ နီပေါ ခရီးသွားလုပ်ငန်းဦးစီးဌာနက ဧဝရက်တောင်ထိပ်ကို တက်ရောက်ဖို့အတွက် သက်ဆိုင်ရာ ဦးစီးဌာနက အမြင့်ဆုံးခွင့်ပြုပေးတဲ့ ကိန်းဂဏန်းဖြစ်ပြီး ပိုများလာနိုင်တယ်လို့ AFP ကို…