April 29, 2023

ဂျပန်မှာ အားလပ်ရက်မတိုင်ခင် ကိုဗစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းမယ်

တိုကျို၊ ဧပြီ(၃၀) ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူတွေကို ကိုဗစ်ကာကွယ်ဆေးသုံးကြိမ်ထိုးနှံထားသော သက်သေခံချက် ဒါမှမဟုတ် ကိုဗစ်မရှိကြောင်း Pre Departure စစ်ဆေးချက် ပြသရတဲ့ လိုအပ်ချက်အပါအဝင် စည်းကမ်းချက်အများအပြားကို ရုပ်သိမ်းသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ အားလပ်ရက် ပိတ်ရက်တွေ မတိုင်မီဒီစည်းကမ်းတွေကို ဖြေလျော့လိုက်တာကြောင့် နိုင်ငံခြားသားခရီးသည် အမြောက်အမြားဝင်ရောက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မေလ ၈ ရက်နေ့အထိ…

ဆော်ဒီနဲ့ အီရန်တို့ရဲ့ နှစ်ဘက်သံရုံးတွေ ရက်ပိုင်းအတွင်း ပြန်ဖွင့်မယ်

တီဟီရန် – ဧပြီ(၃၀) ဆော်ဒီအာရေးဗျ နိုင်ငံနဲ့ အီရန်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်နွေးထွေးလာတာကြောင့် သက်ဆိုင်ရာ မြို့တော်တွေမှာ သံရုံးတွေကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ် တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လက်ဘနွန်မြို့တော် ဘေရွတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန်ဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ ပိတ်ခဲ့တဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆိုခဲ့ပြီး ဘယ်နေ့မှာ ပြန်လည်…

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လုပ်ရပ်ဟာ ပိုမိုအန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြုံယမ်းဆို

ပြုံယမ်း – ဧပြီ(၃၀) မြောက်ကိုရီးယားကို တားဆီကာကွယ်ရေးမှာ အားကောင်းခိုင်မာစေဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ သဘောတူညီမှုဟာ ပိုမိုပြင်းထန်တဲ့ အခြေအနေကို ဦးတည်စေနိုင်တယ် လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ဝါရှင်တန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအနေနဲ့ မဟာမိတ်တွေကို ဆန့်ကျင်ရေးအတွက် ကိုယ်ပိုင် နျူကလီးယားကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ…

ရန်ကင်းက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို အနုကြမ်းဝင်စီးတဲ့ သေနတ်အတုနဲ့လူ ဖမ်းဆီးခံရ

ရန်ကုန် – ဧပြီ(၂၉) ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်(၄) ရပ်ကွက် ရန်ကင်းလမ်းမှာရှိတဲ့ သမာအာဇီဝ ငွေကြေးလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို သေနတ်အတုနဲ့ အနုကြမ်းဝင်စီးခဲ့တဲ့အမျိုးသားတစ်ဦး နေရာမှာတင် ဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၂၉) ရက်နေ့ နေ့လည်(၁) နာရီဝန်းကျင်က အမျိုးသားတစ်ဦးဟာ သေနတ် အတုနဲ့ ဓားအတိုတစ်ချောင်း ကိုင်ဆောင်ပြီး…

ပဇီကြီးဖြစ်စဉ်ရဲ့ စစ်ကောင်စီသတင်းပေး (၄) ဦးကိုဖမ်းဆီးရမိထားတယ်လို့ NUG ထုတ်ပြန်

ကန့်ဘလူ – ဧပြီ(၂၉) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စစ်ကောင်စီကို သတင်းပေးခဲ့သူ (၄) ဦးကို ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ဦးသိန်းရွှေ(၅၃) နစ်၊ဦးချို(၆၁) နှစ်၊ဦးဇော်မင်း(၃၆) နှစ်နဲ့ ဒေါ်ယဉ်ယဉ်ဝင်း (၃၀) နှစ်တို့ ဖြစ်ပြီး သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၄ နဲ့အမှုဖွင့်လှစ်ထားတယ်…

ဗဟန်းမြို့နယ်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ရန်ကုန် – ဧပြီ(၂၉) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနဲ့ မဟူရာ လမ်းထောင့်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန့် ဆိုသူ ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ ရန်ကုန် တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၂၉) ရက် မနက်(၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်း ဖြစ်သူ ဟာ သေနတ်ဒဏ်ရာ…

မယ်ခါးထာ့စခန်းပြန်သိမ်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်အထိနာပြီး ဆုတ်ခွာသွားရ

ဖာပွန်၊ ဧပြီ(၂၉) KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ မယ်ခါးထာ့တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့ စစ်ကောင်စီတပ်က မြေပြင်နဲ့ဝေဟင်ကနေတစ်ဆင့် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထိ ခိုက်သေဆုံးမှုများပြားခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ တပ်မဟာ(၅) သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်က မယ်ခါးထာ့တပ်စခန်းကို ပြန်လည်ရရှိနိုင်အတွက် လတ်တလောမှာ အပြင်းအ ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အသေးစိတ်အခြေအနေကိုတော့ လတ်တလောမှာ မပြောဆိုနိုင်သေးကြောင်း တပ်မဟာ(၅) ပြောခွင့်ရသူက ဆိုပါတယ်။…

ဟာသ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်

ရန်ကုန် – ဧပြီ(၂၉) ဟာသ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်သွားတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက ပရိသတ်တွေကို အသိပေးလာပါတယ်။ ဒီနေ့ ဧပြီလ(၂၉) ရက်နေ့ မနက်(၆)နာရီ(၃၀) က ပုလဲမြို့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သရုပ်ဆောင် ဝေဠုကျော်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပြီး ကွယ်လွန်ချိန်မှာ အသက်ဘယ်လောက်ရှိတယ် ဆိုတာတော့ မဖော်ပြထားပါဘူး။…