တိုင်ပေ – ဧပြီ(၂၈) 

ထိုင်ဝမ်ရဲ့ Foxconn ဖောင်ဒေးရှင်းတည်ထောင်သူ ဘီလျံနာ တယ်ရီဂူ က လွတ်လပ်ရေးကို ကြွေးကြော်မယ့်သူ မဟုတ်တဲ့အတွက် သူ သမ္မတ ဖြစ်လာပါက တရုတ်အနေနဲ့ ကျွန်းနိုင်ငံ အပေါ် စစ်ပွဲ ဖော်ဆောင်ဖို့ မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ကျွန်းနိုင်ငံမှာ ရွေးကောက်ပွဲနီးလာတာနဲ့အတူ တရုတ်နဲ့ တင်းမာမှုတွေမြင့်တက်လာပြီး ကျွန်းနိုင်ငံ ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်ဘက်ကနေ လုပ်ဆောင် နေတာပါ။ 

“ကျွန်ုပ်ရဲ့ နားလည်မှုအရဆို သူတို့က စစ်ပွဲကို လိုချင်တာမဟုတ်ဘူး။ အကယ်လို့ ခင်ဗျားတို့က သာ လွတ်လပ်ရေးကို စေ့ဆော်နေရင် လွတ်လပ်ရေးလည်းရှိနိုင်သလို စစ်ပွဲလည်း ရှိလာနိုင်တယ်  သူတို့ရဲ့ အထင်မှာတော့ ထိုင်ဝမ်ဟာ သူတို့အပိုင်လို့ထင်နေတုန်းပါ”လို့ မစ္စဂူ က ထိုင်ဝမ်တွန်ဟိုင် တက္ကသိုလ် ပညာရှင်တွေ၊ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ 

လက်ရှိမှာတော့ မစ္စတာ ဂူ ဟာအသက်(၇၂) နှစ်အရွယ် နေပြီဖြစ်ကာ ထိုင်ဝမ်ရဲ့ လူသိများသူတွေ ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး တရုတ်နိုင်ငံမှာ တွဲဖက်ထုတ်လုပ်ရေး စက်ရုံတွေရှိတဲ့ Apple ကုန် ပစ္စည်းတင်သွင်းသူ Foxconn ရဲ့ အဓိက အကြီးအကဲအဖြစ်ကနေ အနားယူထားသူဖြစ်ပါတယ်။ 

တရုတ်အစိုးရနဲ့ နီးစပ်မှုရှိတဲ့ အတိုက်အခံ ကူမင်တန်ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပေမယ့် အမြင့်ဆုံးဖြစ်တဲ့ သမ္မတ အမည်စာရင်းကိုတော့ တင်သွင်းထားတာမရှိသေးပါဘူး။ 

မစ္စတာဂူက တရုတ်ဟာ သူတို့ရဲ့ စီးပွားရေးကိုသာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်လိုကာ ကော လိပ်ပညာတက်တွေကို အလုပ်ရှာပေးဖို့ သူ့နိုင်ငံသားတွေကို ထမင်းကျွေးဖို့သာ စိတ်ဝင်စား တာ ဖြစ်ပြီး ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ ဟာ သူတို့ရဲ့ ဦးစားပေးအစီအစဉ်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်ဝမ်နိုင်ငံရေးသမားတွေဟာ တရုတ်ကို ရန်လိုမုန်းထားဖို့ လူတွေကို တိုက်တွန်းပြီး သူတို့ရွေးကောက်ခံရဖို့သာ ကြည့်နေကြတာဖြစ်တယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။ 

လာမယ့် ရွေးကောက်ပွဲမှာ ထိုင်ဝမ်ရဲ့ လက်ရှိသမ္မတ ဟာ အခြေခံဥပဒေအကန့်အသတ်ကြောင့် ရွေးကောက်ခံနိုင်တော့မှာ မဟုတ်ဘဲ သူ့ရဲ့ Democratci Progressive Party က လက်ရှိ ဒုတိယ သမ္မတကို သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်တင်သွင်းထားတယ်လို့ သိရပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.