တိုကျို – ဧပြီ(၂၅)
ဂျပန်မှာ LGBTQ အခွင့်အရေးတွေ တိုးတက်လာမှုကို ဂုဏ်ပြုပြီး လိင်တူလက်ထပ်တာကို တရားဝင် အသိအမှတ်ပြုတဲ့ တခြားအဆင့်မြင့်နိုင်ငံတွေနဲ့ ပူးပေါင်းဖို့အတွက် လေနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လူအုပ်ကြီးက အလံဝှေ့ယမ်းပြီး ချီတက်တောင်းဆိုခဲ့ကြပါတယ်။
လိင်တူလက်ထပ်တာကို အသိအမှတ်မပြုတဲ့ G-7 ရဲ့ တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်တဲ့ ဂျပန်ဟာ လာမယ့် လမှာ စက်မှုအင်အားကြီး (၇) ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
အပြောင်းအလဲမှာ နှေးကွေးနေပြီး နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး အကျိုးဆောင်တွေနဲ့ ကုမ္ပဏီကြီး တွေက ထောက်ခံမှု တိုးပွားလာတာက ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါနဲ့ သူ့ရဲ့ ရှေ့ရိုးစွဲ အာဏာရ ပါတီ အစိုးရအပေါ် ဖိအားပေးနေတာဖြစ်ပါတယ်။
ရှီဘူရာ ခရိုင်က ချီတက်ပွဲကို (၁၀,၀၀၀) ခန့်နဲ့ ပြုလုပ်ခဲ့ပြီး ပါဝင်သူတွေဟာ သူတို့နိုင်ငံရဲ့ ကျန် G-7 နိုင်ငံတွေနဲ့ နောက်ကျ ကြန်နေပုံကို သိရှိနားလည်ပေမယ့် အပြောင်းအလဲအတွက် မျှော်လင့် ချက် ရှိတယ်လို့ တောင်းဆိုနေကြတာပါ။
“ဂျပန်က တကယ်ကို နောက်ကျကျန်နေပြီ၊ တစ်တိုင်းပြည်လုံးမှာ လိင်တူလက်ထပ်ခွင့် မရမချင်း ငါတို့ တိုက်ပွဲဝင်သွားမှာပါ၊ အစိုးရက ငါတို့ကို မမြင်ချင်ယောင်ဆောင်ပြီး ဟန်ဆောင်နေတာလို့ ငါထင်တယ်၊ ဒါပေမယ့် အဲဒီအပြောင်းအလဲက ဒီကနေစပြီး တကယ်ဖြစ်လာလိမ့်မယ်” လို့တက် ရောက်လာသူတစ်ဦးက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ကီရှီဒါရဲ့ LGBTQ ရေးရာ အထူးအကြံပေး မာဆာကိုမူရီ တက်ရောက်ခဲ့ပေမယ့် ချီတက်ပွဲမစတင်မီ လိင်တူလက်ထပ်တာကို အတိုချုံးပြောဆိုခဲ့တာမရှိဘဲ LGBTQ ကိုပိုမို နားလည် သဘောပေါက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
လူအုပ်ကြီးက လူသွားစင်္ကြန်တွေမှာ စီတန်းကာ သက်တံအလံတွေကိုကို ဝှေ့ယမ်းပြီး “Happy Pride” လို့ ကြွေးကြော်ခဲ့ကာ ချီတက်ဆန္ဒပြသူတွေမှာ လိင်တူလက်ထပ်တာကို သဘောတူတဲ့ တစ်ခုတည်းသော အရှနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်က အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်နောက်ဆုံးကူးစက်ရောဂါအကြိုနှစ် ပရိုက်ချီတက်ပွဲကစပြီး ဂျပန်မြူနီစီပယ်တွေဟာ လိင်တူချစ်သူတွေကို လက်တွဲခွင့်ပြုတဲ့ သဘောတူညီချက်တွေမှာ လူဦးရေရဲ့ ၆၅ရာခိုင်နှုန်းကို လွှမ်းခြုံထားတယ်လို့ ဆိုပါတယ်။
လိင်တူချစ်သူတွေဟာ အချင်းချင်းရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံဖို့နဲ့ သားသမီးတွေ ပိုင်ဆိုင်ခွင့် နဲ့ မိဘအခွင့်အရေးတွေကို ခွင့်ပြုမထားဘဲ ဆေးရုံပြသဖို့လည်း အာမခံချက် မရှိဘူးလို့ သိရပါတယ်။
အဲဒီလို လိင်တူလက်ထပ်တာကို ခွင့်ပြုပါက လူတွေ ဂျပန်နိုင်ငံက ထွက်ပြေးကြမယ်လို့ ပြောဆိုကာ အမျက်ထွက်နေတဲ့ လက်ထောက်တစ်ဦးကို ဖေဖော်ဝါရီလမှာ ဝန်ကြီးချုပ်က ထုတ်ပယ်ခဲ့ပေမယ့် စစ်တမ်းတွေအရ လူထုရဲ့ ၇၀ ရာခိုင်နှုန်းက ထောက်ခံခဲ့ပေမယ့် လိင်တူလက်ထပ်တာကို ဝန်ကြီးချုပ်က ကတိမတည်ခဲ့ဘဲ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုတာတွေရှိနေတာပါ။
“နိုင်ငံတစ်ခုချင်းစီရဲ့ အခြေအနေတွေက ကွဲပြားပါတယ်၊ ပြီးတော့ ဆွေးနွေးမှုတွေကို ဂရုတစိုက်နဲ့ ရှေ့ဆက်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ကီရှီဒါက နိုင်ငံခြားမီဒီယာများကို ပြောခဲ့ပါတယ်။
ဂျပန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိမ်းမြားလက်ထပ်တာကို လိင်နှစ်မျိုးကားရှိခြင်း နဲ့ လင်နဲ့ မယား တန်းတူအခွင့်အရေး ဆိုပြီး ဖော်ပြထားကာ လိင်တူလက်ထပ်ခွင့်ရဲ့ အရပ်ဖက်ကုဒ်ကို ပြင်ဆင်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
တချို့သော လွှတ်တော်အမတ်တွေက ထိပ်သီးအစည်းအဝေးမတိုင်ခင် LGBTQ ကို နားလည်မှု မြှင့်တင်တဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုဖို့ ကတိပြုခဲ့ကြပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေက ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုဖြစ်ပေမယ့် မနှစ်က G-7 ထိပ်သီး အစည်းအဝေးမှာ ဂျပန်နိုင်ငံဟာ LGBTQ အတွက် တန်းတူညီမျှအခွင့်အရေးနဲ့ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အစီအမံတွေ ရရှိစေဖို့ ကတိပြုထားတယ်လို့ သိရပါတယ်။
Ref: Reuters