ဆူဒန်မှာရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ပြင်ဆင်နေ
တိုကျို၊ ဧပြီ(၂၀) ဆူဒန်နိုင်ငံတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်းကနေ ဂျပန်နိုင်ငံသားတွေကို ကယ်ဆယ်ဖို့အတွက် ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက စတင်ပြင်ဆင်နေပြီလို့ အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တဲ့ ဆူဒန်စစ်တပ်အကြီးအကဲ အပ်ဒယ် ဖက်တပ် ချ် အယ်ဘာဟန် နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ အင်အားကြီး စင်ပြိုင်လက်နက်ကိုင်အဖွဲ့…