April 13, 2023

သီရိလင်္ကာက မျိုးတုံးပျောက်ကွယ်တော့မယ့် (ကမ္ဘာဟောင်း)မျောက်တွေ တရုတ်ကို တင်ပို့မယ်

ကိုလံဘို၊ ဧပြီ(၁၄) ငွေကြေးအကျပ်အတည်းဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံက မျိုးတုံးပျောက်ကွယ်တော့မယ့် (ကမ္ဘာဟောင်း)မျောက် အမျိုးအစား အကောင်တစ်သိန်းကို တရုတ်ပြည်သို့တင်ပို့ဖို့ စဉ်းစားနေတယ်လု့ိ နိုင်ငံရဲ့စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါ တယ်။ ကမ္ဘာဟောင်းမျောက်အမျိုးအစားတွေကို သီရိလင်္ကာနိုင်ငံမှာသာ တွေ့ရှိရပြီး သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နိုင်ငံတကာသမဂ္ဂ (IUCN) မှ ထုတ်ပြန်ထားတဲ့ အနီရောင်အဆင့်စာရင်းမှာ ပါဝင်တဲ့ မျိုးတုံးပျောက်ကွယ် တော့မယ့် အမျိုးအစားလည်းဖြစ်နေတာပါ။…

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ အမေရိကန်ကြောင့်လို့ တရုတ်စွပ်စွဲ

ပေကျင်း – ဧပြီ(၁၄) မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကြောင့် ဂျပန်က ခေတ္တရှောင်တိမ်းဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေဟာ အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှု အကျိုးဆက်တွေကြောင့် ဖြစ်တယ်လို့ တရုတ်က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ ပြုံယမ်းဟာ တာလတ်ပစ် ထက်ပိုဝေးတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်တွေ့ရှိခဲ့ပြီး အဲဒီဒုံးကျည်ဟာ အဆင့်မြင့်လောင်စာဆီသုံး အမျိုးအစားဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုထားပါတယ်။ ဂျပန်က ဟော့ကိုင်းဒိုးမြောက်ပိုင်းဒေသမှာရှိတဲ့…

အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်မျိုးကွဲသစ်ကူးစက်မှုတွေကို W.H.O စောင့်ကြည့်နေ

ဒေလီ – ဧပြီ(၁၄) အိန္ဒိယနိုင်ငံအတွင်း လက်တလော ပြန်လည်မြင့်တက်လာတဲ့ ရောဂါကူးစက်မှုဖြစ်စဉ်တွေကို အစပြုစေခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Arcturus (အားကျူးရက်စ်) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က စောင့်ကြည့်နေပါတယ်။ မျိုးကွဲအသစ်ဟာ XBB 1.16 မျိုးကွဲဖြစ်ကာ ဇန်နဝါရီလနှောင်းပိုင်းကဖြစ်ခဲ့တဲ့ တခြားအိုမီခရွန် မျိုးကွဲနှစ်ခု ပေါင်းစပ်ထားတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ကူးစက်မှုဖြစ်စဉ်တွေပြန်လည်မြင့်တက်လာတဲ့အတွက် ပြည်သူတွေနှာခေါင်းစည်း…

အပြင်လူဝင်ခွင့်မပေးဘဲ ဖွင်လှစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ် မွန်ပြည်နယ် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ

မော်လမြိုင်၊ ဧပြီ ၁‌၃ မွန်ပြည်နယ် စစ်ကောင်စီဟာ ၂၀၂၃ မွန်ပြည်နယ် ဗဟိုမဏ္ဍပ်ကိုဖွင့်ပွဲကို ဒီကနေ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ လုံခြုံရေးအပြည့်နဲ့ အပြင်လူ ဝင်ခွင့်မပေးဘဲ ဖွင့်လှစ်ခဲ့ပါတယ်။ သင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်လှစ်ရာ မော်လမြိုင်ကမ်းနားလမ်းမှာ အများပြည်သူ သွားလာခွင့်ကို ကန့်သတ်ခဲ့သလို ဗဟိုမဏ္ဍပ်အနီးမှာလည်း အတွင်းစည်း၊အပြင်စည်း လုံခြုံရေးကို အရပ်ဝတ်တွေနဲ့ပါ လုံခြုံရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင်…

ပဇီကြီး လေကြောင်းတိုက်ခိုက်မှု အာဆီယံ ပြင်းထန်စွာရှုတ်ချ

ကန့်ဘလူ – ဧပြီ(၁၃) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးမှုအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ အာဆီယံဥက္ကဋ္ဌက သတင်းထုတ်ပြန်ထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ပဇီကြီးကျေးရွာမှာ ဧပြီ (၁၁) ရက်နေ့ မနက်အစောအပိုင်းက ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီ လေတပ်ကနေ…

CDSOM- မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့မှ ကိုနွေဦးနဲ့ ဆက်သွယ်မေးမြန်းချက်

“မီးမရှို့ခံရတဲ့ ရွာကလည်း မရှိသလောက်၊ ဒုက္ခမရောက်တဲ့သူကလည်း မရှိသလောက်၊ စားဝတ်နေရေးတောင် အနိုင်နိုင်ဖြေရှင်း နေရတဲ့ နယ်သူ၊ နယ်သားတွေ၊ ပြည်သူတွေဖြစ်နေတော့ ပြည်သူတွေဆီကနေ ထောက်ပံ့ပေးပါတော့ ကျွန်တော်ကတော့ မပြောရက်တော့ပါဘူး” စစ်ကိုင်းတိုင်းဒေသကြီး၊ CDSOM မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဟာ နယ်တကာလှည့်ပြီး PDF တပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို ရင်ဆိုင်တိုက် ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘီလူးစစ်ကြောင်း…

လားရှိုးက သင်္ကြန်မဏ္ဍပ်ဗုံးသုံးလုံးဆင့်ပေါက် လူထိခိုက်သေဆုံးမှုရှိတယ်လို့ဆို

လားရှိုး – ဧပြီ(၁၃) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရန်အောင်ဘုရားအနီးက သင်္ကြန်မဏ္ဍပ်မှာ ဗုံး(၃)လုံး ဆင့်ပေါက်ကွဲပြီး အမျိုးသား(၅) ဦးသေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၁၃) ရက်နေ့ သင်္ကြန်အကြိုနေ့ မနက်(၁၁) နာရီကျော်က ရန်အောင်ဘုရား အနီး စတုဒီသာကျွေးနေတဲ့ သင်္ကြန်မဏ္ဍပ် အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ လက်ရှိမှာတော့…

DarkShadow (YGN UG) Page အတုထွက်၊ သင်္ကြန်နှင့်ပတ်သက်သည့် တားမြစ်ချက်အတုတင်ထား(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “DarkShadow (YGN UG)အဖွဲ့မှ နောက်ဆုံးအကြိမ်အဖြစ်ထပ်မံသတိပေးပါမည်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပေ့ချ်အတုတစ်ခုဖြစ်တဲ့ DarkShadow ဖေ့ဘုတ်အကောင့်ကနေ…