ဘန်ကောက် – ဧပြီ(၆)

လာမယ့်ထိုင်းရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဖယ်တုံတန် ရှင်နာ ဝါထရာ၊ပါတီအကြံပေးပုဂ္ဂိုလ် ဆရတ်ထာ ထာဗီဆင်နဲ့ ချိုင်ကဆင်မ် နီတီဆီရီ တို့ကို ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းတွေအဖြစ်ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ် ပရာရွတ်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကို ထပ်မံသက်တမ်းတိုးဖို့ နည်းလမ်း ရှာဖွေနေ ပြီး ဇန်နဝါရီလ အစောပိုင်းမှာ မဟာမိတ်ပြုမှုတွေကို အသွင်တစ်မျိုးကူပြောင်းခဲ့တာနဲ့ အတူ နိုင်ငံရေးအရ ရုန်းကန်မှုတွေပေါ်ထွက်လာသေးတာပါ။

ပရာရွတ်အနေနဲ့ အသစ်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ United Thai Nation ကို ဝင်ရောက် ခဲ့ပြီး လွန်ခဲ့တဲ့ (၄) နှစ်အတွင်း ဝန်ကြီးချုပ်ရာထူးအတွက် စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ဖလန်ဖရတ်ချာရတ် ပါတီကနေ နုတ်ထွက်ထားပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီး ပရရွတ်အနေနဲ့ United Thai Nation ပါတီအတွက် ပါတီကိုယ်စားလှယ်စာရင်းမှာ ဝင်ရောက်ဖို့ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး မဆုံးဖြတ်ရသေးဘူးလို့ ပြီးခဲ့တဲ့ မတ်လ(၂၄) ရက်နေ့က ပြောခဲ့ပါတယ်။

မဲ(၂)မဲပေးရမယ့် စနစ်၊ လွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကို လျှော့ချတာနဲ့ ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲတွေဟာ ဖလန်ဖရတ်ချာရတ်ပါတီလို အင်အားကြီး ပါတီတွေအတွက် အသာရနိုင်တယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။

အာဏာရ ဖလန်ဖရတ်ချာရတ်ပါတီက လာမယ့် ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်လည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာ ပရဝတ် ဝန်ဆူဝန်ကို အမြင့်ဆုံးရာထူးအတွက် အဆိုပြု ဖို့ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်ထားပါတယ်။

ထိုင်းအထွေထွေရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ (၁၈၂) မီလျံ အသုံးပြုသွားဖို့ရှိနေ တယ်လို့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

Ref: TheNation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.