April 6, 2023

အမေရိကန်ထိပ်တန်းဦးဆောင်သူနဲ့ ထိုင်ဝမ်သမ္မတတို့ အစည်းအဝေးကို ဘေဂျင်းအစိုးရဝေဖန်

ထိုင်ဝမ်၊ ဧပြီ(၇) ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ မက်ကာသီတို့ အစည်းအဝေးကို ဘေဂျင်းအစိုးရက ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင်ဧပြီလ ၆ ရက်နေ့မှာ ထိုင်ဝမ်ရေလက်ကြားရှိ သင်္ဘောတွေကို စုံစမ်းထောက်လှမ်းဖို့ ရောက်ရှိနေတဲ့ တရုတ်လေယာဉ်နဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ထိုင်ဝမ်ဘက်ကအနီးကပ် စောင့်ကြည့်နေရပါတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ထိပ်တန်းဦးဆောင်မှုမှာ တတိယအမြင့်ဆုံးအဆင့်ရှိသူ မက်ကာသီနဲ့ အခြားသော ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်တွေက သမ္မတဆိုင်အင်ဝန်နဲ့…

လူတစ်ဦးကို ဘာသာရေးအရ ယဇ်ပူဇော်မှုနဲ့ သံသယရှိသူ (၅)ဦးကို အိန္ဒိယရဲတပ်ဖွဲ့ဖမ်းဆီး

ဒေလီ – ဧပြီ(၇) ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ခေါင်းပြတ်ခန္ဓာကိုယ်ရုပ်အလောင်းတစ်ခုကို အရာရှိတွေ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် လူ့အသက်ကို ယဇ်ပူဇော်မူကို ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး သံသယရှိသူ (၅) ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသက်(၆၄) နှစ်အရွယ် မစ္စရှန်တီရှောဟာ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်တဲ့ ဂူဝါဟာတီမြို့ရှိ ကမက်ဟ်ရာ ဘုရားကျောင်းကို လည်ပတ်ရာမှာ အဲဒီအမျိုး သမီးကို…

အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် နျူစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယားပြော

ပြုံယမ်း – ဧပြီ(၇) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကနေတစ်ဆင့် တင်းမာမှုတွေ မြင့် တက်လာပြီး နျူစစ်ပွဲဖြစ်လာဖို့ တွန်းပို့နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပြီး ထိုးစစ်နဲ့ တုံ့ပြန်သွားမယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA မှာဖော်ပြထားပါတယ်။ နိုင်ငံတကာလုံခြုံရေးလေ့လာသုံးသပ်သူ ချိုးဂျူဟွမ်းက အဲဒီလေ့ကျင့်မှုဟာ ကိုရီးယား ကျွန်း ဆွယ် အခြေအနေကို ပေါက်ကွဲတဲ့အထိ တွန်းအားပေးစေတာဖြစ်တယ်လို့ ဝေဖန် ခဲ့တာပါ။ “အမေရိကန်နှင့်…

စစ်တပ်ရဲ့ နျူကလီးယားဓာတ်ပေါင်းရုံတည်ဆောက်မယ့်ကိစ္စကို နိုင်ငံတကာအလေးထားစောင့်ကြည့်ဖို့ ဦးကျော်မိုးထွန်းတိုက်တွန်း

နယူးယောက် – ဧပြီ(၆) မြန်မာစစ်တပ်မှ ပွင့်လင်းမြင်သာမှုမရှိဘဲ နျူကလီးယားစက်ရုံလည်ပတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်း၊စီမံခန့်ခွဲတဲ့စနစ်တွေမရှိဘဲ အသေးစားနျူကလီးယားဓာတ်ပေါင်းရုံတည်ဆောက်ဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ အလေးထား အာရုံစိုက် စောင့်ကြည့်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးခဲ့ပါတယ်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဧပြီလ(၃) ရက်နေ့က (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ဆွေးနွေးပွဲ အထွေထွေရေးရာဆွေးနွေးမှုအစီအစဉ်မှာ…

သက်ဆင်သမီးအပါအဝင် သုံးဦးကို ဝန်ကြီးချုပ်လောင်းအဖြစ် ဖီယူထိုင်း ပါတီကြေညာ

ဘန်ကောက် – ဧပြီ(၆) လာမယ့်ထိုင်းရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဖယ်တုံတန် ရှင်နာ ဝါထရာ၊ပါတီအကြံပေးပုဂ္ဂိုလ် ဆရတ်ထာ ထာဗီဆင်နဲ့ ချိုင်ကဆင်မ် နီတီဆီရီ တို့ကို ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းတွေအဖြစ်ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ် ပရာရွတ်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကို ထပ်မံသက်တမ်းတိုးဖို့ နည်းလမ်း ရှာဖွေနေ ပြီး ဇန်နဝါရီလ အစောပိုင်းမှာ မဟာမိတ်ပြုမှုတွေကို အသွင်တစ်မျိုးကူပြောင်းခဲ့တာနဲ့ အတူ နိုင်ငံရေးအရ ရုန်းကန်မှုတွေပေါ်ထွက်လာသေးတာပါ။ ပရာရွတ်အနေနဲ့…

“အကြမ်းဖက်မင်းအောင်လှိုင် စစ်တပ်လက်အောက်က အေဂျင်စီတွေ၊ စစ်တပ်ကလာတဲ့သူတွေ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီ တွေဖြစ်တဲ့အတွက် ဖြေရှင်းပေးခြင်းမရှိဘူး။ အလုပ်သမားတွေ နစ်နာတယ်။ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာမယ် ဆိုရပ်လိုက်ပါ”

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းချက်။ ထိုင်းနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအ လုပ်သမား (၁၅၀၀)နီးပါးဟာ အခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံနေရတာတွေ ဆက် တိုက်ဖြစ်ပွားနေပါတယ်။ ဒါကြောင့် MOU မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရတဲ့ အခြေအနေ၊ အလုပ်သမား တွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး…

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေ

တနင်္သာရီ၊ ဧပြီ(၆) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ တနင်္သာ ရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တော်လှန်ရေးအင်းအာစု ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့အတွက် ပြီးခဲ့တဲ့ မတ်…

စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၆) AAPP ရဲ့ ဧပြီ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၄)ရက်အတွင်း ပြည်သူ (၃၂၁၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…